ချင်ခြင်းကို ဖြည့်ဆည်းလိုက်ပြီ။ Download ဆွဲထားပြီးနေမှတော့ မထူးဘူးဆိုပြီး တင်လိုက်၏။ မတင်ခင်သေးတော့ Rising OS ရေးသည့် developer ကို တချက်လေးတော့ လှမ်းမေးလိုက်သေး၏။ Mi 9 lite အတွက် update လာဖို့ ရှိသေးလား မေးမိတော့ မရှိဘူးဟု သူက ဆို၏။ သို့နှင့် Everest OS ကို ရွေးချယ်လိုက်၏။ Everest OS ကလည်း သူပဲ ရေးထားတာ ဖြစ်၏။ Everest OS မှ မဟုတ် Evolution X ကိုလည်း သူပဲ ရေးခြင်း ဖြစ်၏။
ကျနော်က Evolution X ကော၊ Everest OS ကော နှစ်ခုလုံး download လုပ်ထား၏။ Evolution X က official support ဖြစ်ပြီး Everest ကတော့ unofficial ဖြစ်၏။ Evolution X ဆိုရင်တော့ Weekly update ရပေလိမ့်မယ်။ ကောင်းလည်းကောင်း၊ ကောင်းလည်း မကောင်းပေါ့။ Everest OS က unofficial ဆိုတော့ developer စိတ်ကူးပေါက်ပြီး ရေးမှသာ update ရမည်။
Evolution X က ယခု update မှာ AOSP base ကနေ lineage base သို့ ပြောင်းသွား၏။ ကြိုက်သူလည်းရှိ သလို၊ မကြိုက်သူလည်း ရှိကြ၏။ အမှန်တော့ lineage ကလည်း AOSP ကိုပဲ အခြေတည်ပြီး ရေးခြင်း ဖြစ်၏။ အခြား Custom ROM တော်တော်များများကတော့ သူ့ကို မှီငြမ်းပြီး ရေးကြ၏။ lineage ကို base ယူပြီး မိမိတို့ ထပ်မံဖြည့်စွမ်းလိုသည်များကို ဖြည့်ကာ ရေးကြ၏။ ပိုကောင်း မကောင်း ဆိုတာထက် ကိုယ် ကြိုက် မကြိုက်နဲ့ပဲ ဆိုင်မည်။ ရိုးရိုးရှင်းရှင်း ကြိုက်သူက lineage သုံးပြီး customize ကြိုက်သူတွေကတော့ modified လုပ်ထားသည့် အခြား custom ROM တွေ သုံးပေါ့။
ခဏခဏ update ပေးနေ၊ တင်နေရမည်ကို သိပ်မကြိုက်တော့ရကား (ပြီး Evolution X က သုံးဖူး၏။) Everest OS ကို ရွေးလိုက်၏။ Data backup တွေဘာတွေ လုပ်ရတာလည်း လုပ်ပေါ့ကွာ ဆိုပြီး တင်ချ ပလိုက်တော့၏။ အဆင်ပြေ၏။ မနေ့ညက တင်တာဆိုတော့ ဒီနေ့ညမှ တရက် ပြည့်ပေလိမ့်မည်။ တရက် မပြည့်ခင် သုံးရသည့် feeling ကတော့ မဆိုးဟု ပြောလို့ရမည်။
Firmware တင်ပြီး သွင်းစရာ ရှိတဲ့ software တွေ app တွေ module တွေ ပြန် သွင်း၏။ safety net check pass ဖြစ်ပေမယ့် Google play store မှာတော့ device certified တော့ မဖြစ်နေပေ။ ဒါက သိပ်တော့ ကိစ္စ မရှိပေ။ ပြီးမှ ပြန်လုပ် ယူလို့ရ၏။ Banking app တွေ သုံးလို့ ရနေပြီမို့ နောက်မှပဲ လုပ်တော့မည်။ လောလောဆယ် လက်ရှိ ROM နှင့် အသားကျဖို့ပဲ အရင် ဦးတည် လိုက်ပါဦးမည်။
Android 14 က Android 13 ထက် သိသိသာသာကြီးဝော့ မထူးသွားပေ။ ဒါပေမယ့် မသိမသာတော့ ပြောင်းသွားတာလေးတွေ ရှိ၏။ သုံးလို့တော့ ပိုကောင်း၏။ အကြိုက်ဆုံးက cycle search ပဲ။ Home screen ပေါ်မှာပဲ ဖြစ်ဖြစ်၊ App ထဲမှာပဲ ဖြစ်ဖြစ် ရှာရှင်တဲ့ အရာကို စက်ဝိုင်းလေး ဝိုင်းလိုက်ရင် ရှာလို့ ရပြီ ဖြစ်၏။ ဒီတခုကိုတော့ အတော်လေး ကြိုက်မိပါ၏။ အခြားခြားသော feature တွေကိုတော့ ဆက်လက် သုံးကြည့်ပြီးမှ ပြန်လည် မျှဝေပါဦးမည်။ ခုတော့ let Everest လိုက်ပါဦးမည်။