Cape Verde is Qualified

Words
213
Reading
1 min
Listen
Play
3M

မနေ့ မနက် ၈ နာရီခွဲမှာ ကစားသည့် အိမ်ရှင် USA ပါဝင်နေသည့် Group D ပွဲစဉ်များမှာတော့ Paraguay vs Australia ပွဲစဉ်က ဂိုးမရှိ သရေ ကျသွားခဲ့ပြီး အိမ်ရှင် USA က Turkiye ကို ၃-၂ ဖြင့် ရှုံးနိမ့်သွားခဲ့လေ၏။ နောက်တဆင့်သို့ စောစီးစွာ တက်လှမ်းပြီး ဖြစ်သည့် USA အနေဖြင့် အုပ်စု နောက်ဆုံးပွဲကို အနိုင်မကစားနိုင်ခဲ့ပေ။

မနိုင်လည်း အုပ်စု ဗိုလ်ပဲဆိုတော့ သိပ်တော့ ကိစ္စ မရှိပေ။ ၄ မှတ်ခြင်း တူပေမဲ့ ဂိုးကွာခြားချက်အရ Australia က အုပ်စု ဒုတိယနှင့် Paraguay က တတိယ နေရမှာ ရပ်တည်နေ၏။ Paraguay အနေဖြင့် အကောင်းဆုံး တတိယဖြင့် နောက်တဆင့် တက်လှမ်း နိုင်မည် ဖြစ်၏။

ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသည့် Group I ပွဲစဉ်များမှာတော့ အုပ်စု ပထမ လုသည့် Norway vs France ပွဲစဉ်မှာ France က ၁-၄ ဖြင့် အနိုင်ရသွားခဲ့၏။ Norway အနေဖြင့် အဓိက ကစားသမားများကို အနားပေးပြီး အရံ ကစားသမား အများစုကို အသုံးပြုသွားခဲ့၏။ France အသင်းကမူ အဓိက ကစားသမားများနှင့်သာ ပွဲထွက်ခဲ့၏။ France အသင်းအတွက် Dembele က Hat-trick သွင်းယူပေးခဲ့၏။

France က အုပ်စု ပထမ၊ Norway က အုပ်စု ဒုတိယဖြင့် နောက်တဆင့် တက်သွားခဲ့လေ၏။ Senegal က Iraq ကို ၅-၀ ဖြင့် အနိုင်ရခဲ့ပေမဲ့ အကောင်းဆုံး တတိယနေရာကို မျှော်မှန်းဖို့ရာ အခြား အသင်းများ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များကို စောင့်ကြည့်ရပေလိမ့်ဦးမည် ဖြစ်၏။ ၁ ပွဲသာနိုင်ပြီး ၃ မှတ်ရထားသည်ကိုး။

မနက် ၆ နာရီခွဲမှာ ကစားသည့် Group H ပွဲစဉ်များမှာတော့ အံအားသင့်စရာတွေ လုပ်ပြထားသည့် Cape Verde က Saudi Arabia ကို သရေ ကစားပြီး ၃ ပွဲ ကစား ၃ ပွဲ သရေ ၃ မှတ်ဖြင့် နောက်တဆင့်သို့ တက်လှမ်းသွားခဲ့လေ၏။ Spain, Uruguay နှစ်သင်းလုံးကို သရေ ကစားပြထားနိုင်ခဲ့သည့် Cape Verde အသင်း အနေဖြင့် အုပ်စု နောက်ဆုံးပွဲမှာလည်း သေချာ အာရုံစိုက်ပြီး ကစားသွားခဲ့လေ၏။

Uruguay အနေဖြင့် Spain ကို ရှုံးနိမ့်သွားရသဖြင့် အကောင်းဆုံး တတိယနေရာဖြင့် ‌နောက်တဆင့် သွားဖို့လည်း မဖြစ်နိုင်တော့ပေ။ ရမှတ် ၂ မှတ်သာ ရထားသည်ကိုး။ Saudi Arabia အနေဖြင့်လည်း Cape Verde ကိုသာ အနိုင်ရခဲ့ရင် နောက်တဆင့် တက်လှမ်းခွင့် ရမည် ဖြစ်၏။ သို့သော် သရေသာ ရခဲ့သည်မို့ Uruguay နှင့်အတူ အုပ်စု အဆင့်ကနေသာ လှည့်ပြန်ခဲ့ရလေတော့၏။

(photos from FIFA World Cup page)

Cape Verde is Qualified | Ecency