Bellingham

Words
144
Reading
1 min
Listen
Play
2M

မနက် ၃ နာရီခွဲမှာ ကစားသည့် Norway vs England ပွဲစဉ်မှာတော့ သာမန် ပွဲချိန်ပြည့်သည်အထိ တဖက် ၁ ဂိုးစီ သရေကျနေသဖြင့် အချိန်ပို ဆက်၍ ကစားရ၏။ အဖွင့်ဂိုးကို ၃၆ မိနစ်မှာ Norway က အရင်သွင်း၏။ ၄၅+၂ မိနစ်မှာ England က ချေပဂိုး ပြန်လည် သွင်းယူ၏။ ထို့နောက် အချိန်ပို ပထမပိုင်း ၉၃ မိနစ်မှာပဲ England တို့ ဦးဆောင်ဂိုး သွင်းယူခဲ့လေ၏။ အဆိုပါ ဂိုးကို Norway အနေဖြင့် မချေပနိုင်တော့ဘဲ ၁-၂ ဖြင့် အရှုံးပေးလိုက်ရလေတော့၏။

England အနေဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်း သွားခဲ့ပြီ ဖြစ်၏။ ဆီမီးဖိုင်နယ်မှာ Argentina vs Switzerland ပွဲစဉ်မှ အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

Norway နဲ့ ပွဲစဉ်မှာ England ၏ သွင်းဂိုး ၂ ဂိုးလုံးကို Bellingham က သွင်းယူပေးသွားခဲ့တာပါ။ ၁၆ သင်းအဆင့် Mexico နဲ့ ပွဲမှာတုန်းကလည်း Bellingham အနေဖြင့် ၂ ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ Bellingham အနေဖြင့် ယခု ပြိုင်ပွဲမှာ သွင်းဂိုး ၆ ဂိုးထိ ရယူထားနိုင်ခဲ့ပါတယ်။

Mbappe, Messi တို့နှင့်အပြိုင် ဂိုးသွင်းထားတဲ့ Haaland အနေဖြင့် ယခုပွဲစဉ်မှာ သွင်းဂိုး မရခဲ့ပါဘူး။ အသင်း ကလည်း ကွာတားဖိုင်နယ် အဆင့်ပနေပဲ ထွက်ခွာခဲ့ရပြီမို့ ဂိုးသွင်းအများဆုံးဆုကို မျှော်မှန်းလို့ ရတော့မှာ မဟုတ်ပါဘူး။ မည်သို့ပင်ဆိုစေ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အတွက် Norway အတွက် ကျေနပ်စရာပါ။

Vikings တွေရဲ့ ကမ္ဘာ့ဖလား ခရီးလမ်းကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ခြင်္သေ့ ၃ ကောင်ကတော့ ဆီမီးဖိုင်နယ်မှာ Argentina နဲ့ ရင်ဆိုင်ရမလား၊ Switzerland နဲ့ ရင်ဆိုင်ရမလား စောင့်နေပါပြီ။ Argentina ပွဲလေး သွားကြည့်လိုက်ပါဦးမယ်။

(photos from FIFA World Cup page)

Bellingham | Ecency