တစ်ကယ်ဆိုလျှင် ထူးထူးခြားခြားတော့ ဘာမှ ပြောစရာ ရှိလှတယ်မဟုတ်ပါဘူး မရေးဖြစ်တာလဲကြာပြီဆိုတော့လေ ။ Splinterlands က ပေးတာတွေများနေတယ်လို့ဆိုပေမဲ့ ဒီလိုပေးလိုက်တာက လတ်တလော သူတို့ game အတွက် အရမ်းကို အဆင်ပြေသွားလိမ့်မယ် ထင်ပါတယ် ။ ရေရှည်မှာ ဆော့တဲ့သူရော သူတို့ပါ ပို အဆင်ပြေလျှင်တော့ အများကြီးပိုကောင်းသွားမှာပါ။
ယခုမတိုင်ခင် လပိုင်းလောက်ထဲနဲ့ sps အကြောင်းသိခဲ့သော်လည်း ယခုကဲ့သို့ဈေးများ ဖြစ်နေလိမ့်မည်ကို မထင်ထားမိတာကြောင့်ရော လိုအပ်ချက်များ အရပါ ဈေးပေါပေါနဲ့ရောင်းချခဲ့သော dec များနှင့် များစွာသော ကဒ်များကို လွမ်းမိပါသည် ။ ဘယ်တတ်နိုင်မလဲ ။ ယခုအချိန်မှာတော့ summoner တစ်ကောင်ဝယ်ရန်ဆိုသည်မှာ ဈေးနှုန်းများအရ ကျွန်တော့အဖို့ ဖြစ်နိုင်သလောက် ဖြစ်နေတော့သည် ။
ယခုအခါ sps များလဲပေးနေတာကြောင့် game ထဲမှ ရရှိသည်များကို မထုတ်ကြတော့သလို အပြင်ကနေ dec အစရှိသည်တို့ကို ဝယ်ထည့်နေကြလေသည် ။ ကျွန်တော်သည်လည်း အများစုမှာ game ထဲမှာပင် လည်နေပေသည် ။ ယခင်က dec ဈေးကိုထိမ်းရန် splinterlands မှ dec များကို ပြန်လည်ဝယ်ယူခြင်းများ ပြုလုပ်သည်ဟု ကြားခဲ့ဖူးပါသည် ။ ထိုအတိုင်းသာဆို ယခုအချိန် ဈေးမှာ အမြတ်ကြမ်းနေမှာက ။ ဘယ်လိုပင်ဖြစ်ပါစေ 10$ ထည့်ပြီးအမြတ်တော့များစွာရခဲ့ကြဖူးသည်မှာ splinterlands ကိုယခင်ထဲက ဆော့ခဲ့ကြသူများဖြစ်မှာပါ ။ ယခုကိုင်ထားသော ဖုန်းပင် ကဒ်များရောင်းပြီးဝယ်ခဲ့ခြင်းဖြစ်ပြီး ဖုန်းလေးမှာ အသက်နှစ်နှစ်ခန့်ပင်ရှိလေပြီ ။
ယခင်က မရောင်းခဲ့လျှင်ဆိုတာမျိုးပြန်တွေးမိလာပြန်တိုင်း လက်ကျန် ကဒ်လေးတွေ ရှိထားခြင်းက ဖြေသိမ့်စရာ ဖြစ်နေတော့သည် ။