ဦးခေါင်းထဲတွင် ရေးစရာ အကြောင်းအရာတို့ တွေးတော မရ ဖြစ်ကုန်လေပြီ ။ ဟိုး အရင်တုန်းက review လေးများ ရေးသားခဲ့ဖူးသည်ကိုလည်း သတိရမိကာ ထိုကဲ့သို့ ရေးသားရမည်လား စဉ်းစားမိပါသည် ။ သို့သော်လည်း ရှုတ်ပွနေသော Tag အတွင်း ဘယ်သို့ဘယ်ပုံ ရေးသားရမည် မသိသလို စာများမှာလည်း အကုန် လိုက်ရှာကာ link များ တစ်ခုချင်း လိုက်ပြီး မစီနိုင်သေးပါ ။ ထို့ပြင် သူများတွေ ရေးသားနေသလို မိမိ ယခင်မှ ရေးသားခဲ့ဖူး သော Post များအား review ရေးသားရမည်လား ဖြစ်နေပါတော့သည် ။
ဘာအကြောင်းရယ် မယ်မယ်ရရ မရှိသောကြောင့် Steemit များ အကြောင်းရေးမည် ဆိုပြန်တော့လည်း ကိုယ်က သိတာ သိပ်မရှိဘဲ ပိုပြီး လေ့လာနိုင်သူများသာ ရှေ့ရောက်နေလေသည် ။ ပညာရပ်တို့သည်လည်း အမြဲ တိုးတက်နေသည် မဟုတ်ပါလား ။ ဓါတ်ပုံ credit ပေးသည်ကိုပင် ကိုယ့်မှာ ကောင်းကောင်းမပေးတတ်သဖြင့် google သို့သာ ပေးမိနေသည်မှာ ကြာလေပြီ ။ ထိုအကြောင်း Chat group ထဲပြောသည်အား တွေ့မိသဖြင့် မေးရာ ကျွန်တော်သိသိ နှင့် မေး သည်အထင်ရှိ၍လား မသိ တော်တော်နှင့် မပြောပြကြပါ ။ သို့သော် credit ပေးတတ်ခဲ့သည့်အတွက် ဝမ်းသာမိပါသည် ။ မဟုတ်ရင် ဆက်မှားနေဦးမည်လေ ။
နောက်ပိုင်းတွင် မသိသည့် အရာများ ပို၍ များလာဦးမည်ထင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် အင်္ဂလိပ်စာနှင့် နည်းပညာ အလွန်အားနည်းပါသည် ။ ထို့ပြင် Steemit မှာလည်း တစ်နေ့တစ်ခြား တိုးတက်လျှက် ရှိနေလေသည် ။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦးသိသည်များကို သင်ကြားပြသပေးပြီး အသိများ မျှဝေရင်း ရှေ့ဆက်ရဦးမည် ဖြစ်ပါမည် ။ စာရေး post တင် vote ပေး လောက်တင် မဟုတ်ဖဲ အခြား အကြောင်းအရာများကို လည်း သိထားသူများ အနေဖြင့် မျှဝေပေးကြပါဦးလို့ ဆိုချင်ပါတယ် ။ ကိုသက် အစတုန်းက ပြောဖူးသလို steemit အကြောင်းများ မြန်မာလို ဘာသာပြန်ပေးကြပါခင်ဗျာ ။
MSC - 9