Any you can do but thinking about you do

dellcrazy(32)
Published in
#good
Words
73
Reading
1 min
9y
Listen to this post
~1 min

တခါတုန်းက လူတစ်ယောက်ရှိသတဲ့..
သူ့မှာ အဖိုးတန်ရေနွေးကြမ်းအိုးတစ်လုံး ပိုင်ဆိုင်တယ်။
သူဟာ အဲဒီရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့
ကုတင်ခေါင်းရင်းမှာပဲ ထားအိပ်သတဲ့။

တစ်ညမှာ ရေနွေးကြမ်းအိုးကို မတော်တဆထိမိလို့
ရေနွေးအိုးအဖုံးဟာ ကုတင်အောက် ပြုတ်ကျပါလေရော..
အဲဒီလူလည်း လန့်နိုးပြီး စိတ်သောကရောက်သတဲ့..

အိုးဖုံးမရှိပြီဆိုမှတော့ အိုးက ဘာအသုံးဝင်တော့မလဲဆိုပြီး
အဲဒီလူဟာ အိုးကိုလှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက်အပြင်ဖက် ပစ်ထုတ်လိုက်သတဲ့...

မနက်လင်းလာတော့
အိုးဖုံးဟာ ကံကောင်းစွာနဲ့ မွေ့ရာပေါ်ကျနေလို့
ကွဲမသွားဘူးတဲ့..
အဲဒီမှာ အိုးကို သူပစ်ထုတ်လိုက်မိပြီဆိုပြီး
စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေလိုက်သတဲ့...

အိမ်ပြင်ထွက်တော့
ညကလွင့်ပစ်လိုက်တဲ့ အိုးဟာ
မကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို
တွေ့လိုက်သတဲ့...

တစ်ခါတလေမှာ ကိစ္စရပ်တချို့က
စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန်နှေးရတယ်..
အလောတကြီးဖြစ်ဖို့ မလိုဘူး...
ကိစ္စရပ်တော်တော်များများက
ကိုယ်တွေးထင်သလို မဟုတ်တတ်ဘူး...

လောတယ်၊ စိတ်ဆတ်တယ်ဆိုတာက မိစ္ဆာတစ်ကောင်လိုပါ
ကိစ္စရပ်တော်တော်များများကို အဆိုးဘက်တွေးမြင်ပြီး
ပိုဆိုးအောင် လုပ်မိစေတတ်သလို
အဆင်မပြေမှုတွေနဲ့ ပိုရင်ဆိုင်ရတတ်ပါတယ်။

ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ်ဖို့ကလည်း အသိဉာဏ်တစ်မျိုး ဖြစ်ပါတယ်....။
image
Writet by dellcrazy@dellcrazy

Any you can do but thinking about you do | Ecency