📷✏✏📔

claye(37)
Published in
#artzone
Words
570
Reading
3 min
Listen
Play
8y

အင်္ဂလိပ်​လို​တွေးကြရ​အောင်​😊

ကြားသမျှတိုင်းကိုဘာသာလိုက်​ပြန်​​နေမိတာကိုဘယ်​လို​ရှောင်​မလဲ😊
How to avoid translation😊

ဒါကဘာသာစကား​လေ့လာသူတိုင်းရဲ့ပြသာနာပဲဗျ။ပထမဆုံး ကိုယ့်​ရဲ့မိခင်​ဘာသာစကားနဲ့​တွေးမယ်​ ​နောက်​ပြီး​ဒုတိယဘာသာစကားနဲ့​ဘာသာပြန်​ပြီး​ရေးမယ်​ ​ပြောမယ်​။အဲ့လိုပဲ ဒုတိယဘာသာစကားနဲ့ဖတ်​ရင်​​တောင်​ နားလည်​ဖို့အတွက်​မိခင်​ဘာသာစကားကိုဘာသာပြန်​ရမှာပဲဗျ။
ဒါကကိုယ့်​ရဲ့ဦး​နှောက်​ကိုအလုပ်​အကြီးကြီးလုပ်​ခိုင်းလိုက်​တာပဲဗျ။မိခင်​ဘာသာစကားနဲ့ဒုတိယဘာသာစကားက ဦး​နှောက်​ကိုနှစ်​ပိုင်းခွဲပြီးတစ်​ပိုင်းစီရှိကြတယ်​။language centre ကတစ်​ခုထဲ​မဟုတ်​ပါဘူး။ဦး​နှောက်​ထဲမှာနှစ်​ပိုင်းခွဲထားပါတယ်​။မိခင်​ဘာသာစကားကဒုတိယဘာသာစကားထက်​ပိုပြီးအလုပ်​လုပ်​တာမြန်​တယ်​။ဘာလို့လဲဆို​တော့ကိုယ်​ကမိခင်​ဘာသာစကားကိုပဲအများဆုံးအသုံးပြု​နေရတာကိုး။ဦး​နှောက်​ရဲ့အခြားအစိတ်​အပိုင်း​တွေနဲ့ပိုပြီးဆက်​သွယ်​​နေရတာက မိခင်​ဘာသာစကားပဲဗျ။

This is a common problem with all language learners. You compose sentences and thoughts in your first language, then translate them into the second language to speak or write. Likewise, you probably read in the second language but must translate it to understand.This creates a huge amount of work for your brain. Your first language and your second language occupy different parts of the brain. There isn't just one language centre there are two distinct parts. The first language section is much faster than the second language section and because you use that most, is better linked to all the other parts of the brain.

ခင်​ဗျား​တစ်​ခုခု​တွေးလိုက်​တဲ့အချိန်​မှာ အဲ့ဒီအ​တွေး​တွေကဦး​နှောက်​ရဲ့မိခင်​ဘာသာစကားအပိုင်းမှာပဲ​နေရာယူကြတယ်​။ကိုယ်​​တွေးသမျှတိုင်းကိုစုစည်း​ပေးတဲ့ inner voice ရှိပြီးအဲ့ဒီ inner voice ကမြန်​မာလို​ပြော​စေတာပါ။
ဘာသာစကားတစ်​ခုနဲ့​တွေးပြီးအခြားဘာသာစကားကိုဘာသာပြန်​တာကအရမ်း​နှေးပါတယ်​။ဒါကကိုယ့်​ရဲ့ဦး​နှောက်​ကိုလိုတာထက်​ပိုပြီးအသုံးပြုလိုက်​တာပါပဲ။ဒါမျိုးလုပ်​တာကအမှား​တွေဖြစ်​​လေ့ရှိပြီးအထူးသဖြင့်​ grammar အမှားမျိုး​ပေါ့။Myanglish ​တွေ​ပြောမိတာမျိုး​တွေဖြစ်​တတ်​ပါတယ်​။ဒီလိုဘာသာပြန်​ခြင်းက native speaker ​တွေစကား​ပြောတာနား​ထောင်​ရင်​အရမ်းအခက်​အခဲဖြစ်​ပါတယ်​။ဘာလို့လဲဆို​တော့ သူတို့စကား​ပြော​နေတုန်းမှာ ကိုယ်​ကမှီ​အောင်​လိုက်​ပြီးဘာသာမပြန်​နိုင်​ဘူး​လေ။

When you think, those ideas naturally find themselves into the first language section of your brain. You probably have an inner voice narrating what you think and that inner voice is speaking Myanmar.
Now thinking in one language and then translating is slow. You have to use more of your brain than normal. It will also make you prone to errors, especially basic grammar errors, and cause you to speak Myanglish. It also makes it hard for you to listen to English speakers because your translation doesn't keep in time with their speech.

ဒီအတွက်​​​ဖြေရှင်းချက်​က​တော့ရိုးရိုး​လေးပါ။အဲလိုဘာသာမပြန်​ဖို့အရင်​ကတည်းက​လေ့ကျင့်​ယူရမယ်​။အခု​ပြောင်းလဲဖို့အတွက်​စဉ်းစားပြီဆိုရင်​​နောက်​နှစ်​​ပေါင်းများစွာကြာ​အောင်​ဆက်​လုပ်​​နေရမယ်​။ဒါက​ပြောင်းလဲဖို့ခက်​ပါတယ်​။ဒါ​ပေမယ့်​​ခင်​​ဗျား​ပြောင်းလဲရပါမယ်​။ဒီလို​ပြောင်းလဲလိုက်​တဲ့အတွက်​အကျိုးသက်​​ရောက်​မှု​တွေအများကြီးဖြစ်​နိုင်​​ပေမယ့်​လုပ်​သင့်​ပါတယ်​။ဒီလို​ပြောင်းလဲလိုက်​ပြီဆိုရင်​ကိုယ့်​ရဲ့အင်္ဂလိပ်​စာတိုးတတ်​နှုန်းကသိသိသာသာတိုးတတ်​လာလိမ့်​မယ်​။ပိုပြီးသွက်​သွက်​လက်​လက်​​ပြောနိုင်​လာလိမ့်​မယ်​။grammar အမှား​တွေနည်းသွားမယ်​။အဂ့လိပ်​လို​ပြောတာ​တွေကိုပိုပြီးနားလည်​လာလိမ့်​မယ်​။အင်္ဂလိပ်​စာကို​အသုံးပြုရတာလွယ်​ကူလာပြီး​တော့ပိုပြီးနှစ်​ခြိုက်​လာပါလိမ့်​မယ်​။

The simple solution is something that you should have been taught to do a long time ago. Now that you have become habituated to a certain process, and have been doing it for many many years, it will be hard to change, but change you must. Changing your behaviour might take a lot of effort but it will be worth it. Your English speed will improve significantly, your will speak more fluently, you'll make fewer grammar errors, you will understand more of what people say, and you will find it easier to use English making it more enjoyable.

ဒီ​တော့အင်္ဂလိပ်​လို​တွေးဖို့ဘယ်​လိုစလုပ်​ရမလဲ။ကိုယ့်​ရဲ့မြန်​မာလို​ပြောတဲ့ဦး​နှောက်​အပိုင်းကိုပိတ်​လိုက်​ပြီးမြန်​မာလိုစကား​ပြောခြင်းကိုရပ်​ရပါလိမ့်​မယ်​။ဒါကိုရ​အောင်​လုပ်​ဖို့လိုပါတယ်​။ကိုယ့်​ရဲ့ internal voice ကိုအင်္ဂလိပ်​စကား​ပြောဖို့စတင်​ကြိုးစားရမှာဖြစ်​ပြီး ဘာသာပြန်​ခြင်းက​နေရုန်းထွက်​နိုင်​ပါတယ်​။
ကျွန်​​တော်​ရဲ့ဘာသာစကား​လေ့လာတဲ့နည်းလမ်းက​တော့ကိုယ့်​ရဲ့မိခင်​ဘာသာစကားကိုအင်္ဂလိပ်​ဘာသာစကားဖြစ်​​အောင်​ကြိုးစားလိုက်​တာပါ။တွေးသမျှတိုင်းကိုအင်္ဂလိပ်​လို​တွေးလိုက်​တဲ့အတွက်​အင်္ဂလိပ်​စကားကိုလွယ်​လွယ်​ကူကူပဲသွက်​သွက်​လက်​လက်​​ပြောနိုင်​လာပါတယ်​။ဝေါဟာရ vocabulary ​တွေအများကြီးမရှိ​သေးတာ​တောင်​မှ​ပေါ့။

What you have to do is start thinking in English. You have to tell the Myanmar bit of your brain to shut up and stop talking Myanmar. You have to force it. Make that internal voice of your's start to speak English and you can cut out the translation.In all my language learning, I try to make the second language the brains native language. I think in English internally and so can speak English with fluency, speed and accuracy even though my vocabulary isn't large.

ခင်​ဗျားလဲဒီလိုလုပ်​ဖို့လိုပါတယ်​။ခင်​ဗျားကိုယ်​တိုင်​အင်္ဂလိပ်​လို​တွေးရပါမယ်​။ဒါကအချိန်​နာရီ​ပေါင်းများစွာလိုအပ်​ပြီး​နေ့တိုင်းလုပ်​ရမှာလဲဖြစ်​ပါတယ်​။ကိုယ့်​မှာအင်္ဂလိပ်​စာစွမ်းရည်​​တွေဘာမှမရှိ​သေးရင်​​တောင်​အင်္ဂလိပ်​လို​တွေးရမှာပါ။ထမင်းချက်​​နေရင်​၊လမ်း​ပေါ်မှာလမ်း​လျှောက်​​နေရင်​၊ညစာစား​နေရင်​၊ဘယ်​အချိန်​ဖြစ်​ဖြစ်​အင်္ဂလိပ်​လို​တွေး​နေရပါမယ်​။
တဖြည်းဖြည်းနဲ့ဒါကလွယ်​ကူလာပါလိမ့်​မယ်​။ကိုယ်​ရဲ့ ဦး​နှောက်​ထဲက အင်္ဂလိပ်​ဘာသာစကားအပိုင်းက ဦး​နှောက်​ရဲ့အခြားအပိုင်း​တွေနဲ့ပိုပြီးဆက်​သွယ်​လာနိုင်​ပါလိမ့်​မယ်​။ဘာလို့လဲဆိုဒါကိုအမြဲလိုလိုခဏခဏသုံး​နေရတာကိုး။နောက်​ပိုင်းမှာ​တော့ ကိုယ်​ကဘာမှကြိုးစားစရာမလိုပဲအင်္ဂလိပ်​လိုအလိုလို​တွေး​နေမိပါလိမ့်​မယ်​။အင်္ဂလိပ်​စာအသုံးပြုနိုင်​မှုကပိုလွယ်​ကူလာပြီးမကြာခဏလဲအသုံးပြုလာနိုင်​ပြီးအင်္ဂလိပ်​စာတိုးတတ်​လာမှာ​မြေကြီးလက်​ခတ်​မလွဲပါ​ဗျာ။

You need to start doing the same. You need to think to yourself in English. This will require many hours of active effort every day to achieve. You have to make yourself think in English even when you are not doing an English activity. When you cook food, when you walk along the road, when you eat your dinner, you have to make your brain have its internal conversation in English.
Over time, you will find it easier. The English part of your brain will become better connected to the other sections due to more frequent use. You will naturally think of things in English without having to force yourself. Your English use will because easier and so you will use English more often and thus you get into a self-fulfilling loop of improvement.

Good luck😊

image

claye@claye