မနက်ကပေးထားတဲ့ ဝါကျ ၆ကြောင်းကို အင်္ဂလိပ်လိုရေးပေးထားတာ အဖြေတိုက်ကြည့်ကြစို့။
ပြိုင်ပွဲကိုရပ်လိုက်ရတယ်ကို passive voice သုံးပြီး တခြား Verbs တွေကိုသုံးလို့ရတယ်။
The match was stopped....
The match was halted....
The match was called off...( call off ကတော့ cancel လုပ်လိုက်တာ)
နောက်တစ်မျိုး မှတ်လို့ရအောင် The football match was abandoned ....လို့သုံးပြထားတယ်။
ရာသီဥတုအခြေအနေဆိုးလို့.... because of bad weather သို့မဟုတ် because of the poor weather conditions အတူတူပါပဲ။
မိုးရွာလို့ ပွဲပျက်သွားတယ်ဆိုရင်တော့ rain off ကို passive voice ပုံစံနဲ့သုံးပါ။
The match was rained off.
The concert was rained off. စသည်ဖြင့်။
ဒီဝါကျမှာ ဘာသာရပ်တစ်ခု ပညာတစ်ခုရဲ့ အခြေခံ basics ကို the ABC of something ဆိုတဲ့ idiom သုံးပြထားတယ်။
cuisine ကို (ကွီဇင်းန်) ဟုအသံထွက်ပါ။
Myanmar cuisine/cooking/food recipes စသည်ဖြင့်ပြောင်းသုံးလို့ရပါတယ်။
ဒီစာအုပ်ဟာ Obama ရဲ့ ဘဝဖြစ်စဉ်ကို ကကြီးမှ အအထိပြောပြထားတယ်။
📍This book tells the story of Obama's life from A to Z.
အစမှအဆုံး၊ အားလုံး ဘာမျှမကျန်၊ ကကြီးမှ အအထိ...from A to Z ဆိုတဲ့ usage ကိုမှတ်ပါ။
ဝန်ကြီးချုပ်ကို သူ့ရဲ့ကားထဲမှ အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲသွားခဲ့တယ်။
📍The Prime Minister was abducted from his car by terrorists.
ပြန်ပေးဆွဲသည် kidnap ကိုသိကြမှာပါ။ formal English မှာ သုံးတဲ့ abduct ကိုထပ်မှတ်သင့်တယ်။
ဒီဝါကျကတော့ ပုံစံအမျိုးမျိုးရေးနိုင်ပါတယ်။
They are terribly poor.
They are dirt-poor. ဒါမျိုးတွေရေးလို့လည်းရတာပေါ့။
ဒါပေမဲ့ abject poverty ချွတ်ခြုံကျအောင်ဆင်းရဲခြင်း...ဆိုတဲ့ formal အသုံးလေး သိစေချင်လို့ to live in abject poverty ကို အတွဲလိုက်မှတ်ထားပါ။
ရရ စားစား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတာကိုတော့ to live from hand to mouth ဆိုတာလေးထပ်မှတ်ပါ။
He lives from hand to mouth.
He lives a hand-to-mouth existence.
ခက်ခဲတဲ့အလုပ်၊ challenging ဖြစ်တာကို ပိုင်ပိုင်နိုင်နိုင် နိုင်နိုင်နင်းနင်းကိုင်တွယ်တာကို to cope with something လို့အတွဲလိုက်မှတ်ပါ။ နမူနာဝါကျတစ်ကြောင်းထပ်ကြည့်ပါ။
She said she was going to quit the job as she couldn't cope with the stress.
စိတ်ဖိစီးမှုဒဏ်မခံနိုင်လို့ သူအလုပ်ကထွက်တော့မယ်လို့ပြောတယ်။
ကြိုးစားလေ့ကျင့် participate လုပ်ကြသူတွေ အားလုံးကျေးဇူးပါ။ I truly appreciate your great effort.
With love,