Today
ယနေ့တော့ နံက်ခင်းမယ် နှင်းကြလေတယ်။
နေ့ခင်းမယ် နေသာဒယ် ဆိုတော့ သွားရင်းလာရင်း ကလောတောင်တက်လမ်းလေးကို ရှုခင်းကို ဖုန်းကင်မရာ လေးဖြင့်အခုလို ရိုက်မိပေတယ်လေ။
သာယာလှပေတယ်။
လေအေးလေးက အေးချမ်းစေတယ်။
ထင်းရှူးပင်များက စိမ်းလို့ စိုနေလေတော့သည်။
ကောင်းကင်ကြီးက အပြာရောင်နောက်ခံနှင့် တိမ်သားဖြူများက ဝန်းရံထားလို့ ထင်းရှူးတောသစ်ပင်များက စိမ်းလို့နေကာ မြေနီလမ်းလေးမယ် တက်လိုက်ဆင်းလိုက် ကွေ့လိုက် ကောက်လိုက် ဖြောင့်လိုက် ပြေလိုက် ကားကြီးကားသေးများက တစ်စီးနှင့်တစ်စီး ရှောင်ကာ မောင်းရင်း သွားလာနေရပေတော့သည်။