လူလောကကြီးမယ်
အသက်မွေးအတွက်အလုပ်လုပ်ကြ-
စားမယ်သောက်မယ်-
အိပ်မယ် ဇိမ်ရှိရှိ
အိမ်ထောင်ပြု မေထုန်မှီဝဲ
အဲဒီအကျင့်တွေဟာ သတ္တဝါ အားလုံး လုပ်နေမြဲတွေမလို့
တို့လူသားတွေက အားလုံးထက်သာတာက
လူလောကကြီးမယ် ဒါန ပြုခွင့် ပိုရပေတာရယ်
သီလ ဆောက်တည်လို့ ပိုရတာရယ်
ဘာဝနာပွားများဖို့ ရကြပေသည်မို့
ရွေးချယ်ခွင့်ရှိနေတာမလို့
ကိုယ့်ဘဝကို ကိုယ်ထားချင်သလိုရပေလေတော့သည်။
လူ့ဘဝဟာ ခနလေးပါ။
၃၁ဘုံ မယ် လူ့ဘုံက ကျင့်ကြံအားထုတ်ကြရပြီး အမြင့်ဆုံး ၅ဘုံကို ရောက်ရင်တော့ ပြန်မဆင်းတော့ပြီ။
ကျန် ၂၆ဘုံက သံသရာလည်နေပေဦးမည်။
ဦးသုခ ရေးထားခဲ့သော ဆိုထားခဲ့သော
" ဘဝသံသရာ" သီချင်းတောင် နုနည်အချိန်က ရေးထားလို့ မှားနေကြောင်း ဝန်ခံခဲ့ဘူးလေသတည်း။
အဘိဓမ္မာ တရားတော်များ ဘုရားရှင်ဟောထားခဲ့လို့ လေ့လာဖို့ရတာကလည်း လူ့ဘုံဖြစ်လေသည်။
steemit မယ် သိသမျှ မျှဝေလို့ အကျိုးထူးများ ခံစားနိုင်ကြပါစေ။
@chitnaingoo