@ ရွှေသင်းသူ @
°°°°°°°°°°°°°°°°°
ရွှေသင်းသူ
နေပြင်းဆူ ပူပူကြား ။
သနပ်ခါး ပါး ကွက်ကြားတင်လို့
လှရက်နိုင်အား ။
လှကျော့ရှင်း သွင်မူဟန်
မြန်မာဆန် ယဉ်ပေစွ
သူဇာတမျှ ။
အနေအေး
စိတ်ထားဖွေး နှလုံးဖြူ ။
အသားရောင် ဝါရွှေဝင်း
ရွှေသင်းမြို့သူ ။