အင်းကုန်း(ဟဲဟိုး)

Words
52
Reading
1 min
8y
Listen to this post
~1 min

IMG20181123104538.jpg
ဒီနေ့ အင်းကုန်းသို့ ရောက်ခဲ့သည်။ ကားလမ်းတွေကလည်း (၄)လမ်းသွားတွေ တည်ဆောက်နေတော့ လမ်းတွေကတော့
ကျယ်လာပေတော့သည်။
လမ်းဘေးတစ်လျှောက်တွင်လည်း ဝါထိန်နေသော ဆီနှမ်းခင်းများကလှပဝေဆာနေတော့သည်။ ပန်းခင်းလေးက တောင်တန်းတွေကို အသက်ဝင်စေပေတော့သည်။
IMG20181123104451.jpg

တောင်ကြီးက ကထိန်ပွဲအပြန် ကားလေးများကလည်း ပြည့်နေပေတော့သည်။ ရှုခင်းများ ကို နောက်ခံထားလို့ ဓါတ်ပုံအမှတ်တရ ရိုက်နေကြသူများစွာလည်း တွေ့ရပေသည်။
ရပ်ဝေးကနေ ဘုရားဖူးကြ မီးပုံးပျံကြည့်ကြဖြင့် လာရောက်ကြသူများလည်း များပြားလှပေသည်။
IMG20181123133431.jpg

ခရီးသွားကြတာ တကယ်ကောင်းပေသည်။ ဒေသန္တရ ဗဟုသုတများစွာ ရ ရှိပေသည်။ ဘာသာ သာသနာ လှူဒါန်းမှုများ မြင်တွေ့ရလို့ ကြည်နူးစရာ များစွာ မြင်တွေ့ကြရပေလို့ ဖြစ်ပေသည်။ ကလောတိုးဂိတ်တွင်လည်း ကားများ ပြည့်နေပေတော့သည်။ ဒီနေ့ အင်းကုန်း အသွား ဝဲယာ လမ်းက လှပနေပေလေတော့သည်။
IMG20181123104522.jpg

အင်းကုန်း(ဟဲဟိုး) | Ecency