ကျနော်တို့ ကိုးတန်းတုန်းက ဆရာကြီးဒေါက်တာမင်းတင်မွန်က ယဉ်ကျေးလိမ္မာသင်တန်း လာရောက်ဟောပြောတယ်။
ဆရာကြီးဟာ မြန်မာနိုင်ငံမှာ Doctor of Literature ဘွဲ့ကို အစောဆုံးရသူတွေထဲက တစ်ဦးပါတဲ့။
ဆရာကြီး နိုင်ငံခြားပညာသင် သွားစဉ်က မြန်မာကပါလို့ ပြောရင် မသိကြဘူးတဲ့။
အဲဒါနဲ့ ဆရာကြီးက မင်းတို့ ကမ္ဘာ့ အင်အာကြီးနိုင်ငံတွေ ဖြစ်တဲ့ တရုတ် အိန္ဒိယကို သိကြလားပေါ့၊ ငါတို့နိုင်ငံက အဲဒီနိုင်ငံနှစ်ခုကြားမှာ ရှိတာကွ ပေါ့။
အဲဒီတော့ ဟိုဘက်က ဘာပြန်ပြောလို့ ဆိုတော့ "သြော် သိပြီ၊ မင်းတို့နိုင်ငံက ဟိမဝန္တာတောကြီးနားကပေါ့ " တဲ့။
. . . . . . . . . . . . . .. . . . . . . . . . . . .
မနေ့တနေ့က တာဝန်ထမ်းဆောင်ရင်း လေယာဉ်ပျက်ကျခဲ့တဲ့ ဗိုလ်မှူးတစ်ယောက်ကို ကိုယ်ချင်းမစာ ဝမ်းသာအားရစကားတွေ ပြောဆိုဖြန့်ချီနေကြတာ အံ့သြရပါတယ်။
သီပေါမင်းနန်းတက်ဖို့ ဆင်ဖြူမရှင်မိဖုရားကြီးက မင်းသားတွေ၊ မင်းသမီးတွေ သတ်လိုက်တာ တစ်ရာကျော်သတဲ့။ အင်္ဂလိပ်က ဘာပြောလဲ ဆိုတော့ မင်းတို့ ရိုင်းလွန်းတယ်၊ အချင်းချင်း သတ်နေကြတာ။ ငါတို့က အဲလိုနိုင်ငံတွေကို ယဉ်ကျေးအောင် လိုက်သင်ပေးနေတာ တဲ့။
ဘယ်အချိန်ကျမှ မြန်မာပြည် စည်းလုံးကြပါလိမ့်မလဲ၊ ဘယ်တော့များမှ ယဉ်ကျေးကြပါလိမ့်မလဲ။
Photo - ကျဆုံးလေသူရဲရဲ့ သားငယ်လေး