ခီမောင်နှံ

chitlu(42)
Published in
#artzone
Words
60
Reading
1 min
Listen
Play
8y

ခီမောင်နှံကို ကြည့်ပြီး ကြုံတောင့်ကြုံခဲ perfect fit ကို သူတို့မျက်နှာ နှစ်ယောက်ပေါင်း တည်ဆောက်ပုံတွေမှာတွေ့ရတယ်။ ဝါသနာတူတာ ရေစက်ဆုံတာ အသက်အရွယ် ညီမျှတာ အနောက်မှာ ပညာသင်ခွင့်ရတာ နှစ်ယောက်လုံး ရည်မှန်းချက်ကြီးကြိုးစားကြတာစတဲ့ အခြားအချက်တွေထက် ပိုစိတ်ဝင်စားမိတယ်။ ဘာသတိရမိလဲဆိုတော့ ဓါတုဓာတ်စည်းတွေမှာ ionic bond ကိုပါ။ အလိုနဲ့အပိုကွက်တိမိသွားပြီး အပြန်အလှန် အားကောင်းခိုင်မြဲစွာ စွဲထားတဲ့ element နှစ်မျိုးလိုပါ။ တစ်ယောက်က intellectual, deep thinking, imaginative,creative, inspirational type၊ တစ်ယောက်က meticulous, implemental, emotional, focused, serious type။ အစိတ်အပိုင်းတွေဟာ ကျား၊မ နေရာလွဲသွားရင် outcome တွေတစ်မျိုးဖြစ်လာနိုင်တယ်။ ဒါက ဖြစ်တောင့်ဖြစ်ခဲတွဲစပ်မှုပါ။ စုံတွဲ တစ်ထောင်မှာ ဒီလို တစ်တွဲရဖို့ခဲယဉ်းပါတယ်။ အများအားဖြင့် covalent bonding လိုတွေသာ များတာပါ။

image

ခီမောင်နှံ | Ecency