နောင်တ
နောက်ပြန်လှည့်ခွင့်ရမယ်ဆိုရင်
မင်းနဲ့မတွေ့ခင်အချိန်ထိပြန်သွားချင်တယ်
ပြန်ပြင်လို့ ရဦးမယ်ဆိုရင်
မင်းနဲ့ချစ်ခဲ့တာတွေကို ဖျက်ပစ်ချင်တယ်
ရွေးချယ်ခွင့်ရဦးမယ်ဆိုရင် မင်းကြောင့်ပြင်ဆင်ခဲ့တဲ့ ရွေးချယ်မှုတွေကို ပြန်ရွေးချယ်ခြင်တယ်
မင်းကြောင့်
ငါ ရွေးချယ်မှု မှားခဲ့တယ်
မင်းကြောင့်
နောင်တဆိုတာ ငါခံစားဖူခဲ့တယ်
မင်းကြောင့်
ငါ့နှလုံးသား ကြေမွပျက်စီးခဲ့တယ်
ပြင်ဆင်ခွင့်သာရှိခဲ့မယ်ဆိုရင်.........