အရိပ်အလှူ
**********
ဒီဇင်ဘာလ(၅)ရက် တနင်္ဂနွေနေ့ ရာသီဥတုကလည်း ခပ်အေးအေး စစ်ကိုင်းကမ်းနားလမ်း တစ်လျှောက် လေညှင်းခံရင်း လမ်းလျှောက်ထွက်ခဲ့သည်။
ဆွမ်းခံသံဃာတော်များ ကလည်းခပ်သုတ်သုတ်လေး ဆွမ်းခံကြွမြန်းလာကြသည်၊ အာရုံရောင်နီလာခါစ အရောင်ဖြိုးဖြိုးပျပျ နေရောင်ခြည်အောက်တွင် ဆွမ်းခံကြွလာသော သံဃာတော် များကို ဖူးမျှော်ရင်း ပီတိဖြစ်နေခဲ့သည် ။သူများတကာ ဆွမ်း ၊ဆွမ်းဟင်း နှင့်မုန့်များ ကိုလှူဒါန်းနေတာ ကိုကြည့်ရင်း မိမိစိတ်ထဲတွင် ပီတိသောမနဿ စိတ်ဖြင့် လှူချင်စိတ်များတဘွားဘွား ပေါ်ပေါက်လာ ခဲ့ပြီ၊ ငါလည်းလှူချင်လိုက်တာ မနက်ကအိမ်မှ ထွက်လာကတည်းက ငွေတပြားမှပါမလာဘူး လမ်းသွားရင်း ဘာလှူရင်ကောင်းမလည်း စဉ်းစားလိုက်သောအခါ......
မိမိစိတ်ထဲမှ လှူနိုင်တာလေးတစ်ခုပါလာတာ အမှတ်တမဲ့ သိမြင်လိုက်ရသောအခါ ၀မ်းသာသောအပြုံးနှင့်................
ငါ ယခု ရဟန်းသံဃာတော်များနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ရလေပြီ ၊စိတ်ထဲမှာတွေးရင်း ဆုံတုံး လှူနိုင်တာ တစ်ခုလှူခဲ့မယ်....
ဘာလှူခဲ့မည် ထင်ပါသလည်း ?
တစ်ကယ်လှူခဲ့တာက မျက်နှာချင်းဆိုင်ကြွလာသော သံဃာတော်များ၏ လမ်းဘေးနား ခဏရပ်ကာ ကြည်ညိုနေလိုက်ပါသည် ။ကြည်ညိုခြင်းသည်လည်းအလှူတစ်မျိုးပါ။ တစ်ခါတည်းမှာ မိမိ၏အရိပ်ကို ရဟန်းတို့က နင်းသွားသည့်အခါ တပည့်တော်၏ အရိပ်ကို အရှင်ဘုရားတို့အား လှူဒါန်းပါ၏လို့ မိမိစိတ်ထဲမှ တိုးတိုးရေရွတ်ပြီး လှူဒါန်းခဲ့တယ်...
မြတ်စွာဘုရားက ဟောထားတာရှိတယ် ကာယကံကုသိုလ် ၀စီကံကုသိုလ် မနောကံကုသိုလ်
ဒီသုံးမျိုးမှာ တစ်မျိုးလှူနိုင် တစ်မျိုးလှူ .....
ကာယကံကုသိုလ် ကတော့ ဆွမ်းနဲ့ ဟင်းနဲ့ စသဖြင့် လုပ်ကျွေးပြုစုတဲ့ အလုပ်တွေ....
ဝစီကံ - ကုသိုလ်က တော့ ဘုရားတရားစာတွေကို လမ်းသွားရင်းတောင်ရေရွက်ပြီး ပွားနေတာ ၀စီကုသိုလ် ......
မနော - ကုသိုလ်ကတော့ သူများလှူတာကိုလည်း ၀မ်းသာ ပီတိနဲ့ကြိုဆိုသလို မိမိကိုယ်ကို ထိမ်းသိမ်း စောင့်ရှောက်တဲ့ စိတ်နဲ့ ကုသိုလ်တွေပွားနေတာ ......
အခုကြည့်လေ လမ်းသွားရင်း ဘာမျှမပါတာတောင် လှူလို့ရတာတစ်ခုတွေ့သွားတယ်မှတ် လား......
အင်း.... လှူတက်ရင် နေရာတကာမှာ ကုသိုလ်တွေနေ့စဉ်ပွားနေမှာ
ဒါကြောင့်လောကကြီးမှာ နေတက်ရင်ကျေနပ်စရာ.......
@chirstonawba(24-4-2018)