This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

စေတီထိုက်သော ပုဂ္ဂိုလ်

Words
187
Reading
1 min
Listen
Play
7y

စေတီထိုက်သော ပုဂ္ဂိုလ်

ဤလေးပါးသော ပုဂ္ဂိုလ်တို့ကို စေတီတည်ထိုက်ကုန်၏။ အဘယ်လေးပါးတို့နည်း ။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောမြတ်စွာဘုရားကို စေတီတည်ထိုက်၏။

ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။

မြတ်စွာဘုရား၏ (အရိယာ) သာဝကကို စေတီတည်ထိုက်၏။

စကြဝတေးမင်းကို စေတီတည်ထိုက်၏။

အဘယ်သို့သော အကျိုးထူးကို စွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်သနည်း။

''ဤ (စေတီ) သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ စေတီတည်း''ဟု လူအများတို့သည် စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့်ကြည်ညိုပြီးသော် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

ဤအကျိုးထူးကို စွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်၏။

အဘယ်သို့သော အကျိုးထူးကို စွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်သနည်း။

''ဤ (စေတီ) သည် ကိုယ်တိုင် သစ္စာလေးပါးကို သိတော်မူသော ပစ္စေကဗုဒ္ဓါ၏ စေတီတည်း''ဟု လူအများတို့သည် စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့် ကြည်ညိုပြီးသော် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

ဤအကျိုးထူးကို စွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။

အဘယ်သို့သော အကျိုးထူးကို စွဲ၍ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' ကို စေတီတည်ထိုက်သနည်း။

''ဤ (စေတီ) သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ တပည့်သား 'သာဝက' ၏ စေတီတည်း''ဟု လူအများတို့သည် စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့် ကြည်ညိုပြီးသော် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

ဤအကျိုးထူးကို စွဲ၍ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' ကို စေတီတည်ထိုက်၏။

အဘယ်သို့သော အကျိုးထူးကို စွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်သနည်း။

''ဤ (စေတီ) သည် တရားစောင့်သော ထိုတရားမင်း၏ စေတီတည်း''ဟု လူအများတို့သည်စိတ်ဖြင့် ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့် ကြည်ညိုပြီးသော် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏။

ဤအကျိုးထူးကို စွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်၏။

''စေတီတည်ထိုက်သော ပုဂ္ဂိုလ်တို့သည် ဤလေးပါးတို့ပေတည်း။

chirstonawba@chirstonawba chirstonawba5@chirstonawba5 sagaing@sagaing ashinawbatha@ashinawbatha chirstonawba9@chirstonawba9

စေတီထိုက်သော ပုဂ္ဂိုလ် | Ecency