'လ' မင်းသို့
Words
38
Reading
1 min
Listen
Play
8y
လ မင်းသို့
======= image
လ မင်းအနား ခ စားဖို့ရာ
ခွင့်​မသာ​လေ
ကျွန့်​မှာ ကြယ်​စင်​မဟုတ်​​သော​ကြောင့်​။
လ ​ရောင်​အဖျား ခိုနား၍သာ
ပွင့်​​ဝေပါမည်
ကျွန့်​မှာ စံပယ်​ဖြစ်​​သော​ကြောင့်​။
မခ စားသာ ​ဝေး​နေပါလည်း
မျက်​နှာမူဝင့်​ ကျွန်ုပ်​ပွင့်​ဧ။်
သခင့်​​မေတ္တာခံယူ၍။
အို သခင်
သခင့်​​မေတ္တာ ​အေးနုဝါ​ကြောင့်
ကမ္ဘာ​လောက ငြိမ်း​အေးမြဧ။်
အလှပြိုင်​ဆင့်​ ပန်းတို့ပွင့်​ဧ။်
မျှော်​လင့်​ချက်​​တွေ ရှင်​သန်​​စေ၍
လင်း​နေ​ပေးပါထာဝရ။
စံပယ်​ပွင့်​ရဲ့ အာသီသ။
သစ္စာဘက်​သား ဂါရဝ။
'လ' မင်းသို့ | Ecency