This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
စာချဘုန်းကြီးလုပ်​ခဲ့တယ်
Words
89
Reading
1 min
Listen
Play
8y
ဆူးရူး
ပန်းမခူးရ အစွယ်ပြ၏
နေ့ ညစောင့်လျ က်သူဆူးခက်။
ဆူးခက်အုပ်လွှမ်း ပွင့်မည့်လမ်းတည့်
ပန်းတို့ မွန်းကြပ် မလွတ်လပ်ပါ
ပွင့်ချ ပ်ဆူးကြောင့်ပဲ့ကြရ။
ဝတ်မှုန်ဆူးကြောင့်ကြွေကြရ။
ဝတ်ရည်ဆူးကြောင့်ပုပ်ကြရ။
ပိတုန်းလိပ်ပြာ မလာသာအောင်
ဆဲကာသရမ်း သူနှုတ်ကြမ်းကြောင့်
ပန်းပွင့်တို့ မှာအထီးကျ န်။
ပန်းမိတ်ဆွေများနောက်လှည့်ပြန်။
စောင့်ရှောက်ခြင်းပါ သူဆိုပါလည်း
ပွင့်လွှာကိုဖျ က် ဝတ်မှုံဖျ က်၏
ပျ က်စီးပန်းတွေများလှပြီ။
ပန်းတို ့မ် က္ရည္မ် ားလွျပီ။
အခက်သားမင့်
ပန်းတို့ ငြို ငြင် ဆဲဆိုနှင်လည်း
မဝင်သူ့ နား သူမကြားချေ
သွားတို့ ဖြဲကာရယ်နေမြဲ။
အဖျက်လုပ်ငန်းလုပ်နေမြဲ။
စောင့်ရှောက်ပါသည်ဆိုနေမြဲ။
  မောင်ရဟန်း(သာသနာ့ရင်ခွင်)
စာချဘုန်းကြီးလုပ်​ခဲ့တယ်
တောင်​ပံမရှိ​ပေမယ့်
ကောင်းကင်​အိပ်​မက်​ မက်​ခွင့်​ရလို့
စာချဘုန်းကြီးလုပ်​ခဲ့တယ်​။
ရေတွင်းမှာ​နေရ​ပေမယ့်
ပင်​လယ်​အိပ်​မက်​ မက်​ခွင့်​ရလို့
စာချဘုန်းကြီးလုပ်​ခဲ့တယ်​။
ပစ္စုပ္ပန်​​တွေ မှိန်​ဖျ​ပေမယ့်
လင်းလက်​အနာဂတ်​ ဖန်​တီးခွင့်​ရလို့
စာချဘုန်းကြီးလုပ်​ခဲ့တယ်​။
နှုတ်​ခမ်း​တွေ​ခြောက်​​ပေမယ့်
နှလုံးသား​တွေစို​အောင်​ ဖန်​တီးခွင့်​ရလို့
စာချဘုန်းကြီးလုပ်​ခဲ့တယ်​။
နာမည်​​တွေ ​သေသွား​ပေမယ့်
ဦး​နှောက်​​တွေရှင်​သန်​​အောင်​ ဖန်​တီးခွင့်​ရလို့
စာချဘုန်းကြီးလုပ်​ခဲ့တယ်​။
အသိုက်​​တွေ​နေရာမ​ရွေ့​ပေမယ့်
ငှက်​​တွေ မိုင်​​ထောင်​ချီပျံ​အောင်​လုပ်​နိုင်​လို့
စာချဘုန်းကြီးလုပ်​ခဲ့တယ်​။
အမြစ်​​တွေ​ခြေနင်းခံရ​ပေမယ့်
အပွင့်​​တွေ ​ခေါင်း​မှာပန်​​အောင်​လုပ်​နိုင်​လို့
စာချဘုန်းကြီးလုပ်​ခဲ့တယ်​။
 စာချဘုန်းကြီးလုပ်​ဦးမယ်​။
စာချဘုန်းကြီးလုပ်​ခဲ့တယ်​ | Ecency