ရေအကျိုး

Words
132
Reading
1 min
Listen
Play
8y

steemit မှာ မူလပထမ chirstonawba အမည်နှင့် စာတွေကို တော်တော်ရေးဖြစ်ပါတယ် အဲနောက်တော့ ဟတ်ကာတစ်ယောက်ဝင်မွှေသွားတော့ စိတ်တော်တော်လေး ပျက်မိတယ် သြော်တော်တော်လေးကို စိတ်ရှုတ်တယ် အခုတော့ အဆင်ပြေနေပါပြီ တစ်တစ်နေ့ စာတွေကို ပြန်ရေးမယ်ဆိုပြီးတော့ ဘယ်လောက်နှောက်ယှက် မလည်း ရအောင်ပြန်ထရမှာပေါ့ မာန်နတ်က နှောက်ယှက်တယ်လို့ဘဲ အောက်မေ့တယ် ဘာဖြစ်ဖြစ် ဘုရားအဆုံးအမတွေကို ရောက်အောင်လေထဲ ကနေ ဆုံးမနေဦးမှာဘဲ ငွေအတွက် လုပ်နေကြတာမဟုတ်ဘူး ဂုဏ်သိက္ခာအတွက် ဆောင်ရွက်နေကြတယ် tag အသစ်တစ်ခုထောင်မယ် buddish စာပေများကို chirstonawba အမည်နဲ့ tag တစ်ခုတည်ထောင်မယ်လို့ဆုံးဖြတ်လိုက်ပြီ တရားစာပေများကို tag မှာ chirstonawba လို့ရေးမယ်ကွာ .....
24900151_1960498787558660_5681080146352028134_n.jpg
ရေ နှင့် ဆေး ကျောင်း
အဟောင်း ပြုပြင်
ဥယျာဉ် တဝ
သီလ မည်သာ
ဤခြောက်ဖြာကား
အရောဂျ ဟု
ပုညခေါ်ရိုး အလှူမျိုးမို့
အားကျိုးသမှု ဆောက်တည်ပြုလော့.....

ရေအကျိုး (၁၁)ပါး
သံဃာတော်တို့အား ချိုးရေ သုံးဆောင်ရေ လှူရကျိုး (၁၁)ပါး
၁။ နတ်သမီး တစ်ထောင်တို့တွင် အမြတ်ဆုံးဖြစ်လျက် အကြောင်း ဆယ်ပါးတိုဖြင့် ထိုနတ်သမီးအားလုံးတို့ကို လွှမ်းမိုးနိုင်ခြင်း။
၂။ ငါးကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခြင်း။
၃။ နစ်ကျိပ်သော စကြ၀တေးမင်းတို့၏ မိဖုရားအဖြစ်ကိုရရှိခြင်း။
၎။ နတ်ဘ၀ နှင့် လူဘ၀ နှစ်မျိုးတို့၌သာ ကျင်လည်ရခြင်း။
၅။ တောင်ထိပ်၌ လည်းကောင်း သစ်ပင်ဖျား၌လည်းကောင်း ကောင်းကင်၌လည်းကောင်း ရေကို အလိုရှိသော အခါလျင်မြန်စာရရှခြင်း။
၆။ အလိုရှိသော အခါ၌မိုးကိုရွာစေခြင်း။
၇။ မိုးမရွာသော အရပ်၊ ပူပြင်းလျက် ကျိုက်ကျိုက်ဆူသော အရပ်မရှိသူဖြစ်ခြင်း။
၈။ ခန္ဓာကိုယ်၌ ပူလောင်အိုက်စပ်မှု မရှိခြင်း။
၉။ ခန္ဓာကိုယ်၌ မြူမှုန် မရှိခြင်း။
၁၀။ ရေလှူခဲ့သည့် ဘ၀မှ စ၍ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘ၀သို့မလားရခြင်း။
၁၁။ နောက်ဆုံးဘ၀၌ စိတ်အထူးစင်ကြယ်သူ ဖြစ်လျက် ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ခြင်း
အကျိုးတို့ကို သုံးဆောင်ခံစားရမည်အမှန်ဖြစ်သည်။

ရေအကျိုး | Ecency