ယင်နားစာ

Words
211
Reading
1 min
Listen
Play
8y

imageဒီနေ့ ကားဂိတ်မှာ ထမင်းဆိုင် တစ်ဆိုင်ပေါ့ တွေ့လိုက်ရတဲ့မြင်ကွင်းက စိတ်ထဲ အတော်ကိုမကောင်းဘူး ပထမ တော့ ဆွမ်းကိစ္စအတွက် ကားပေါ်မှအဆင်း ဆိုင်ထဲဝင်သွားခဲ့တာ နောက်တော့ မစားဖြစ်ဘဲ ရေသန့်ဘူးဝယ်ပြန်ခဲ့တယ်..
လူတွေပညာမဲ့တာ တစ်ဦးတစ်ယောက် ပညာမဲ့ရင် လူအများ အသေဆိုးနဲ့သေနိုင်တယ် အားလုံးဒုက္ခရောက်နိုင်တယ်ဆိုတာကို သွားတွေ့ရတယ် ၊ကဲအခုကြည့်ပေါ့ ပုံထဲမှာပါတဲ့အတိုင်း ဒါကာမတစ်ယောက်က ကျန်းမာရေးဗဟုသုတ နည်းတယ၊် ပျင်းတယ်၊ အချောင်နေချင်တယ် ဒါကြောင့်သူ့လုပ်ရပ်က လူတွေကို ဒုက္ခတွေ့စေတယ် ဆိုတာကိုလည်း မသိဘူး ။တစ်နည်းပြေားရလျှင် သူလူတွေနေ့တိုင်း သတ်နေတယ်ဆိုတာကိုသူမသိဘူး...
(သွယ်ဝိုက်သောနည်းဖြင့် - လူသတ်ခြင်း)
ကျန်းမာရေးဌာနက ၀မ်းရောဂါ ကာဝယ်ရေးအတွက် ယင်နားစာတွေမစားရလို့ လိုက်လံဟောပြေားကြတယ် သူတို့က ဈေးသည်ဆိုတော့ မအားဘူးလေ၊ ဗဟုသုတကိုသွား နားမထောင်ဘူး......
သူတို့နဲ့မဆိုင်တဲ့သဘော ဒါနဲ့ ယင်နားစာတွေ မစားရအောင် ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းတွေတစ်ချို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ် သူတို့ကမဖတ်ကြပြန်ဘူး ၊ ယင်မနားအောင် သူတို့အသိလေးနဲ့ ကာကွယ်ပြစ်လိုက်တယ် .....
ဘယ်လို ကာကွယ်လိုက်သလည်းဆိုတော့ ခြင်ဆေးဘူးနဲ့ စားစရာတွေအပေါ်ကို ဖြန်းပြစ်လိုက်ပါလေ၏။
ပညာရေးဟာ အတော်ကို အရေးကြီးနေပြီ ......
ဒါနဲ့ တစ်လက်စတည်း ပါဏာတိပါတဆိုတာ သူတစ်ပါးအသက်ကို သတ်တာကိုပြေားတာ အင်း တိုက်ရိုက်သတ်တာ နဲ့ သွယ်ဝိုက်သတ်တာ နှစ်မျိုးပေါ့...
ဒီနည်းကတော့ သွယ်ဝိုက်သတ်တာပေါ့ ၊ နေ့တိုင်းပိုးသတ်ဆေးတွေစားနေမှ တော့မြန်မြန်သေမှာပေါ့.....
လူတွေသေရင်သေ မသေရင်ဆေးရုံရောက် ဒီနှစ်ခုဘဲ..
ပါဏာတိပါတမှာ ---
၁။ သတ္တ၀ါမှန်းသိခြင်း
၂။ ထိုသတ္တ၀ါကို သေစေလိုသော စိတ်ဖြင့်သတ်ခြင်း
၃။ ကာယပယောဂ ၀စီပယောဂ ဖြင့်သတ်ခြင်း
၎။ ထိုသတ္တ၀ါသေခြင်း ဆိုပြီးလေးမျိုး ထိုလေးမျိုးလုံးအကုန်စုံရင်တော့ ပါဏာတိပါတထိုက်ပါတယ်.....
အခုက သေစေလိုသောဆန္ဒ ပါမပါမသိဘူးပေါ့ ၊ သူတို့လုပ်ရပ်ကတော့ လူတွေကို သေစေတာကတော့ အမှန်ပေါ့ စီးပွားရေးလုပ်တယ်ဆိုတာ သန့်ရှင်းမှကောင်းတယ် သူတစ်ပါး ထိခိုက်ပြီး မိမိအကျိုး တစ်ခုတည်းကြည့်ရင်တော့ အဲ့ဒါဟာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးလေ ......
မရဏာနုဿတိ ကမ္မဌာန်းမှာ --- အသက်ရုပ်ကို အစဉ်ဖြစ်စေတက်သော အာဟာရစသော အထောက်အပံ့ အကြောင်း တို့၏ ပြည့်စုံခြင်း ရှိနေပါလျှက် ပဋိသန္ဓေကို ဖြစ်စေတက်သော မူလကံ၏အစွမ်းရှိသမျှ အကျိုးပေးပြီးဖြစ်ခြင်း ကြောင့် သေခြင်းသည် ကောင်းမှုကံကုန်ခြင်းကြောင့် သေခြင်းမည်၏။ (ကံကုန်လို့သေတာ)
ဂတိသပ္ပတ္တိ - ကာလ၏ ကောင်းမြတ်ပြည့်စုံခြင်း ၊အစာအဟာရ၏ ကောင်းမြတ်ပြည့်စုံခြင်း ထိုနှစ်ပါးမရှိခြင်းကြောင့် လူတို့၏ အနှစ်တရာမျှ အတိုင်းအရှည် ကြာအောင်မတည်တံ့ဘဲ ငယ်ရွယ်သောအခါတွင် သေဆုံးနေရခြင်း။ (ကံကြောင့်မဟုတ်ဘူး လူပယောဂကြောင့် သေတာ)
ဒီနေရာမှာ ခေတ်ကာလ မကောင်းဘူး စစ်ဖြစ်တယ်၊ အစာအာဟာရတွေက မသန့်ရှင်းဘူး လူတွေစိတ်ဓါတ် မကောင်းကြလို့ ငယ်ငယ်နဲ့ အသေဆိုးတွေနဲ့ ဆင်းရဲပြီးသေနေကြရပြီ....
ဈေးသည်တွေ ထမင်းဟင်းချက်ရောင်းရင်း လူသတ်တယ်ဆိုတာ ဘယ်သူမှ တရားစွဲ အရေးယူလို့မရဘူး စားသောက်ကုန် တွေသန့်ရှင်းမှုရှိမရှိ ကျန်းမာရေးနဲ့ညီမညီကို စစ်ဆေးရင်လည်း စစ်ဆေးသူတွေ လက်စားပြီးပြန်မသွားဘို့ လိုပြီ....
ဒီလိုကိစ္စက အတင်လုပ်လို့မရဘူး ပညာပေးနဲ့မှရမှာ အားလုံး ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်များ စားသောက်နိုင်ကြပါစေသောဝ်....
ကျောင်းကျန်းမာရေးနှင့်ပြည်သူ့ကျန်းမာရေး အသိပညာပေးများ အနယ်နယ်အရပ်ရပ်တွင် တွင်လည်းကောင်း လူမှုရေးအသင်းအဖွဲ့များ စေတနာဝန်ထမ်းများ ဌာနဆိုင်ရာများ စုပေါင်းပြီး လက်ကမ်းစာစောင်များ ဟောပြောပွဲများ ပြုလုပ်ပြီး ဗဟုသုတများကို ဘယ်နေရာကနေ အများသူငှာနားလည်အောင်လုပ်ရမလည်း ဘုန်းကြီးတို့လည်းတက် နိုင်သလောက်ပြေားပါ့မယ် ဘာသာရေးနဲ့ တစ်မျိုး သွန်သင်ဘို့အချိန်တန်ပြီ..............

ယင်နားစာ | Ecency