This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

''ဘုန်းကြီးတွေက ဘာကြောင့် ခေါင်းတုံးထားကြတာလည်း။

Words
159
Reading
1 min
Listen
Play
8y

မေး = Chit Thu
''ဘုန်းကြီးတွေက ဘာကြောင့်
ခေါင်းတုံးထားကြတာလည်း။

ဖြေ = chirstonawba
'' ငါ့နှမကလည်း ဘုန်းကြီးပါဆို
ခေါင်းတုံးကြီးနဲ့ပေါ့ကွ" လို့ ဖြေလိုက်၏။

နှမငယ် သိလိုသည်မှာ ဘာကြောင့်လဲ ?
ဆိုသည့် မေးခွန်းဖြစ်ပါလိမ့်မည်။
အကြောင်းပြချက်ကို သိလိုခြင်း ဖြစ်သည်။

ကျွန်ုပ်လည်း " ဒီကလေးမ ငါ့ကို မမေးတာပဲ
တော်သေးတယ်" ဟု တွေးမိလိုက်၏။
သူများဖြေတာ မှားသွားလည်း သိပ်ပြဿနာမရှိ။ ကိုယ်ဖြေလို့ မှားသွားရင် ဒုက္ခ။
တစ်သက်လုံး အမှားကြီး ပါသွားနိုင်သည်။

ကလေးမနားလည်အောင် တခဏချင်း ဖြေဖို့က မလွယ်။ ကိုယ်တိုင်လည်း ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းမျိုးကို မစဉ်းစားဖူး။
စာထဲလည်း ဆံပင်မုတ်ဆိတ် ပယ်ရှားရိတ်ပစ်တယ်လို့ပဲ သင်ထားရပြီး ဘာကြောင့်လဲ ဆိုသည့် အကြောင်းပြချက်ကိုတော့မတွေ့ ဖူးသေးပေ။

ဆရာစဉ်ဆက် ပြောဆိုဆုံးမကြတာကတော့ "လူဝတ်ကြောင်တွေနဲ့ မတူအောင် အလုပ်ရှုပ်သက်သာအောင် ကိလေသာနည်းပါးအောင်" ဟုကြားဖူး၏။ စာပေကျမ်းဂန် အထောက်အထား ရှိဖို့ လိုလာပြီဟု တွေးမိသောကြောင့်
လက်လှမ်းမီသမျှ ရှာဖွေကြည့်ရတော့၏။

မိလိန္ဒပဥှာပါဠိတော် နှာ(၁၁) ၌ အရှင်နာဂသေန (ရှင်နာဂသိန်)လောင်းလျာ
ကလေးငယ်က အရှင်ရောဟဏ မထေရ်အား
"အရှင့် ဆံပင်ဟာ ဘာကြောင့် သူများတွေနဲ့
မတူရတာလဲ ? ဟုမေးရာ

"အို သူငယ် ငါသည် ဆံပင်၌ ကြောင့်ကြစိုက်ရမှု သို့မဟုတ် အနှောက်အယှက် အပြစ် (၁၆)ခုတို့ကို တွေ့ မြင်ရသောကြောင့် ဆံပင်ကို
ပယ်ရှား၍ ရဟန်းပြုခဲ့ခြင်း
ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့၏။

ယင်း (၁၆) ခုကား
၁။ တန်ဆာဆင်ရခြင်း
၂။ ပြေပြစ်ချောမွေ့အောင် ပြုရခြင်း
၃။ ဆီလိမ်းရခြင်း
၎။ ခေါင်းလျှော်ရခြင်း
၅။ ပန်းပန်ရခြင်း
၆။ အမွှေးအကြိုင် လိမ်းရခြင်း
၇။ ခေါင်းလျှော်ရန်အတွက် တရော်ကင်ပွန်းစသည်ကို
ထောင်းထု၍ စိမ်ထုံရခြင်း
၈။ သဖန်းခါးသီးကို ရှာရခြင်း
၉။ သျှစ်သျှားသီးကို ရှာရခြင်း
၁၀။ ဆံပင်နက်အောင် ဆိုးရည် ဆိုးရခြင်း
၁၁။ ဆံပင်ထုံးရခြင်း
၁၂။ဘီးဖြင့် ဖီးရခြင်း
၁၃။ဆေတ္တာသည် ဆံသသူတို့ဖြင့်
ပြုပြင်ရခြင်း
၁၄။ ထုံးပြီးသော ဆံပင်ကို ပြုပြင်ရခြင်း
၁၅။ သန်းရှာရခြင်း
၁၆။ ဆံပင်ကျွတ်သည်ရှိသော် စိုးရိမ်
ပူဆွေးငိုကြွေးရခြင်း တို့ဖြစ်ပေသည်။
(မိလိန္ဒပဥှာပါဠိတော်မြန်မာပြန်-၁၄)

''ဘုန်းကြီးတွေက ဘာကြောင့် ခေါင်းတုံးထားကြတာလည်း။ | Ecency