စောင်အောက်က

chawchaww(13)
Published in
#busy
Words
75
Reading
1 min
Listen
Play
8y

ဟာသလေးပါ

စောင်အောက်က.... ခြေထောက်နှစ်စုံ

image

အမျိုးသမီးတစ်ဦးသည် ညည့်နက်သန်းခေါင်
သူမအိမ်သို့ ပြန်ရောက်လာရာ ....

အသံမကြားရအောင် တံခါးကိုဖွင့်လျက်
အိပ်ခန်းဆီသို့ တန်းသွားလေသည်။

အခန်းထဲရောက်သောအခါ
ခုတင်ပေါ်က စောင်အောက်ဘက်တွင်
သူမခင်ပွန်းသည်၏
ခြေထောက်နှစ်ချောင်းသာ ထွက်နေရမည့်
အစား....
ခြေထောက်လေးချောင်းထွက်နေသည်ကို
မြင်လိုက်ရလေသည်။

မိန်းမခြေထောက်နှစ်ချောင်း
ယောက်ျားခြေထောက်နှစ်ချောင်းဟု
မြင်သာနေသည့်အတွက်

ဒေါသထွက်သွားသော သူမသည်
ဘေ့စ်ဘောရိုက်သော ဘက်တံကို ယူပြီး
စောင်ခြုံထားသောစုံတွဲကို
အားရပါးရစိတ်ရှိသလောက် ရိုက်နှက်
ပစ်လိုက်လေသည်။

ဒေါသအလျောက် ရိုက်နှက်ပြီးနောက်
မောမောနှင့် ရေသောက်ရန်
မီးဖိုထဲသို့ ၀င်လာသောအခါ မီးဖိုထဲတွင်
မဂ္ဂဇင်းတစ်စောင်ထိုင်ဖတ်နေသော
သူမ၏ ခင်ပွန်းကိုအံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

သူမ ဘာမှမပြောရသေးခင် သူမခင်ပွန်းက ..

''မိန်းမရေ ....
မင်းအဖေနဲ့အမေ ရောက်လာတယ်ကွ
ကိုယ်လည်း သူတို့ကို တလေးတစားနဲ့
ကိုယ့်တို့ခုတင်ပေါ်မှာပဲ
အိပ်ခိုင်းထားလိုက်တယ်ကွာ...
သွားပြီး နှုတ်ဆက်လိုက်ပါဦး'' ဟု ဆိုလေသည်။

မှတ်သားရန် သင်ခန်းစာမှာ..

ဒေါသဖြင့် အလောတကြီးဆုံးဖြတ်လိုက်သော
တချို့ကိစ္စများသည်
အမှားမှန်းသိလိုက်ရသောအချိန်တွင်
ပြုပြင်ရ အလွန်ခက်သွားတတ်သည်။

အပြုံးဖြင့် ...စီမံ
အပြုံးဖြင့် ...နာခံနိုင်ကြပါစေ။
Thank you.

စောင်အောက်က | Ecency