အနီေရာင္ကိုျမင္ရတယ္ဆိုတဲ့ အေတြ ့အျကံဳဟာ
မင္းဦးေနွာက္ရဲ့ ဘယ္မွာရွိတာလဲ?
ဒီေမးခြန္းကို ဒီပက္ေခ်ာ့ပရာက မတ္လ ၃ရက္ ကယ္လီဖိုးနီးယားက သိပၸံ အစည္းအေဝးမွာ ေမး
ခဲ့တာပါ
အာရံုေျကာသိပၸံပညာရွင္ေတြရဲ ့ သိစိတ္(ဥပမာ အနီေရာင္ လို ့ခံစားရတာမ်ိဳး) ကို အာရံုေျကာ လႈပ္ရွားမႈေတြက ဘယ္လိုလုပ္ေပးတာလည္းဆိုတဲ့ သီအိုရီ ေလာ
ေလာဆယ္မရွိေသးတာဟာ ရုပ္သမားေတြရဲ့ ခ်ဥ္း
ကပ္မႈဟာ မလံုေလာက္လို ့ဒါမွမဟုတ္ မွားေနလို ့ေပါ့
လို ့ သူက ဆိုပါတယ္။
ငါဆိုတဲ့ အေတြ ့အျကံဳကို လ်ွပ္စစ္ဓါတုတုန္ ့ျပန္ မႈေတြ ့ရဲ့ ရလာဒ္ေျကာင့္ျဖစ္တယ္ဆိုတဲ့ စဥ္းစားပံုဟာ
ဟိုက္ပိုးသီးစစ္ တခုသာျဖစ္တယ္လို ့ ေခ်ာ္ပရာ က
အီေမးကေနပို ့ပါတယ္။
ဒါဟာ သိစိတ္ဟာ အေျခခံျဖစ္ျပီး သူက ဦးေနွာက္ရဲ့
ျဖစ္စဥ္ေတြ ကိုျဖစ္ေစတယ္ ရုပ္ေလာကရဲ့ အရာေတြနဲ့
အရည္ အခ်င္းေတြကို ျဖစ္စတယ္ ဆိုတဲ့ စဥ္းစာပံုမ်ိဳးနဲ့
အတူတူပါပဲလို ့ေျပာပါတယ္။
"အန္တီမီလီရဲ့ စိတ္ဟာ သူမ အယ္လ္ဇိုင္းမား ေရာ
ဂါနဲ့ ေသေတာ့ ဘယ္ေရာက္သြား လဲ"လို ့က်ေနာ္
ျပန္ေမးခဲ့ပါတယ္
အန္တီမီလီဟာ စျကာဝ႒ာရဲ ့မေျပာင္းလဲနိုင္တဲ့ ပံု
စံတခုျဖစ္ျပီး သူမ ျဖစ္ေပၚလာရာကို ျပန္ေပါင္းသြား
တာျဖစ္နိုင္တာေပါ့လို ့ ေခ်ာ္ပရာက ျပန္ေျပာပါတယ္။
အေရွ ့တိုင္းရဲ ့ဖီေလာ္ေဆာ္ဖီမွာ "ငါ" ဟာ ထင္ေယာင္
ထင္မွားျဖစ္ျပီး ပန္းတိုင္ဟာ ပိုျပီး ေယဘူယ်ဆန္တဲ့
ရုပ္မဟုတ္တဲ့ ေနရာမဆန္တဲ့ အျဖစ္ဆီကို ေရာက္ဖို ့ပါ။
ဒါေပမဲ့ ဦးေနွာက္ဟာ သိစိတ္ကို ဖန္တီးတယ္ဆိုတဲ့
အယူအဆဟာ သိစိတ္က ဦးေနွာက္ကို ဖန္တီးတယ္
ဆိုတဲ့ အယူထက္ပိုျပီး လက္ေတြ ့အေထာက္အထား
ေတြအမ်ားျကီးရွိေနပါတယ္။
ဥပမာအားျဖင္ ဖ်ဴစီေဖါင္း ဧရိယာ ကိုထိခိုက္တဲ့သူေတြဟာ မ်က္နွာေတြကို မမွတ္မိေတာ့ပါဘူး။ ေကာင္းတဲ့
လူေတြမွာ ဒီဧရိယာကို လံႈ ့ေဆာ္ရင္ သူဟာ မွတ္မိတဲ့
မ်က္နွာေတြကို အလို အေလ်ာက္ျမင္ရပါတယ္။
ေလျဖတ္ျခင္းေျကာင့္ အျမင္အာရံု ဗီြဝမ္း လို ့ေခၚတဲ့ေနရာမွာထိခိုက္မိရင္ အျမင္အာရံုသိမႈကို ပ်က္စီးေစ
ပါတယ္။
သိမႈျဖစ္စဥ္ရဲ ့ေျပာင္းလဲေနမႈေတြကို fMRI လို EEG
လို န်ူရြန္းတခုထဲတိုင္းတာမႈလို အရာေတြနဲ ့တိုင္းတာ
နိုင္ပါတယ္။
အာရံုေျကာပညာရွင္ေတြဟာ လူေတြရဲ ့ေရြးခ်ယ္မႈကို
သူတို ့ကိုယ္တိုင္သတိမျပဳမိခင္မွာဘဲ ဦးေနွာက္ပံုရိပ္ဖမ္းစက္ေတြကို ျကည့္ျပီး သိနိုင္ပါတယ္။
လူတေယာက္ကျမင္တာကို အာရံုေျကာပညာရွင္ေတြဟာ ကြန္ျပဴတာနဲ ့ ဦးေနွာက္ပံုရိပ္ဖမ္းစက္ကို သံုးျပီး
သိနိုင္ပါတယ္။
န်ဴရြန္းဓါတု တုန္ ့ျပန္မႈေတြဟာ "ငါ"ဆိုတဲ ့အေတြ ့
အျကံဳ ကို ဖန္တီးေပးေျကာင္း ေထာင္ေပါင္းမ်ားစြာ
ေသာ လက္ေတြ ့စမ္းသပ္ခ်က္ေတြက သက္ေသ
ျပေနပါတယ္
အာရံုေျကာသိပၸံပညာရွင္ အခ်င္းခ်င္းျကားမွာ စိတ္ကို
ရုပ္အားျဖင့္ဘယ္လိုဖန္တီးသလဲဆိုတဲ့ အျမင္တူတဲ့ သီဝရီ ခုခ်ိန္မွာ မရွိေသးဘူးဆိုတဲ့ အခ်က္က သိစိတ္
ဟာ ရုပ္ကို ဖန္တီးပါတယ္ဆိုတဲ့ အယူအဆ မွန္ပါတယ္လို ့မဆိုလိုပါဘူး။ေခ်ာ္ပရာက လက္မခံတဲ့ အေနနဲ ့ အာရံုေျကာသိပၸံပညာရွင္ ေဒၚနယ္ ဒီ ေဟာ့ဖ္မင္းရဲ ့ စိတ္နဲ ့ရုပ္ ဆိုတဲ ့၂၀၀၈ ခုနွစ္ထုတ္ စာတမ္းကို ေပးပို ့လာပါတယ္။ ဒါက သိစိတ္ အမွန္တရားဝါဒ နဲ ့ စိတ္-ကိုယ္ ျပႆနာ အေျကာင္းပါ။
သိစိတ္အမွန္တရားဝါဒက တကယ္ ့အမွန္တရားဟာ
သိစိတ္ ေတြနဲ ့ သာဖြဲ ့စီးထာတယ္လို ့ယူဆပါတယ္။(ဆိုလိုတာက ျမင္ေနရတဲ ့ရုပ္အားလံုးဟာ သိစိတ္
ရဲ ့ လွည့္စားမႈေတြေပါ့)
သိစိတ္ဟာ အေျခခံက်ျပီး အမႈန္နဲ ့စက္ကြင္းေတြကို ျဖစ္ေစတယ္လို ့ယူဆပါတယ္။
သိစိတ္မရွိတဲ ့ ရုပ္နဲ ့ စက္ကြင္းေတြရဲ ့ရႈပ္ေထြးတဲ ့ဖြဲ ့
စည္းမႈကေန စျကာဝ႒ာဟာ ျဖစ္လာတာမဟုတ္ဘူးလို ့ ေဟာ့ဖ္မင္ကဆိုပါတယ္။
သိစိတ္က အရင္ျဖစ္ျပီး ရုပ္နဲ ့ စက္ကြင္းေတြဟာ
သူတို ့ရဲ ့တည္ရွိမႈအတြက္ သိစိတ္ကိုသာ မွီခိုရတယ္
လို ့ဆိုပါတယ္။ ဒါဆိုရင္ စျကာဝ႒ာရဲ ့အေျခခံ ဟာ
သိစိတ္ျဖစ္ေျကာင္း အေထာက္အထားေတြကဘယ္မွာလဲလို ့ ေမးခ်င္ပါတယ္။
ေဟာ့ဖ္မင္းကျကည့္ ရႈတဲ ့လူက ပံုစံေတြ ၊ အေရာင္ေတြ၊ အထိအေတြ ့ေတြ၊ လႈပ္ရွားမႈေတြကို တည္ေဆာက္တယ္လို ့ေျပာေနတာပါ။
က်ေနာ္တို ့ရဲ ့ဦးေနွာက္ဟာ ရုပ္အမွန္တရားေတြရဲ ့ အျဖစ္မွန္ နဲ ့အနီးစပ္ဆံုးကို ပံုေဖာ္ေနတာ မဟုတ္ဘဲ
GUI(graphical user interface) တခုလို ျပဳမူေနတာလို ့ ေဟာ့ဖ္မင္ ကဆိုပါတယ္။
ေဟာ့ဖ္မင္ရဲ ့ ရႈ ့ေထာင့္ အရ က်ေနာ္တို ့ရဲ ့အာရံုဟာ
အမွန္တရားကို တည္ေဆာက္ေနတာျဖစ္ျပီး ရွိျပီး
သားကို ျပန္ပံုေဖာ္ေနတာမဟုတ္ဘူးလို ့ဆိုပါတယ္။
သူ ့ဟာသူ သက္သက္ရွိေနတဲ ့ ရုပ္တရားမလိုဘူးလို ့
ဆိုပါတယ္။
သိစိတ္ဟာ ရုပ္ကိုဘယ္လိုျဖစ္ေစလဲ? ေဟာ့ဖ္မင္
မေျပာပါဘူး။ ရုပ္မရွိခင္ စိတ္ဟာ ဘယ္ေနရာမွာ ဘယ္လို ရွိေနလဲ? မေျပာပါဘူး။
က်ေနာ္သိသေလာက္ေတာ့ လက္ေတြ ့အေထာက္
အထားေတြဟာ ဦးေနွာက္က သိစိတ္ကို ျဖစ္ေစတယ္
ဒါေပမဲ့ ေျပာင္းျပန္မဟုတ္ဘူးလို ့ပဲ ညႊန္ျပေနပါတယ္။
စဥ္းစားပံုတခုလံုးက လိုတဲ့ေနရာမွာ ဖန္ဆင္းရွင္ကို
ျဖည့္လိုက္မယ္ဆိုတဲ့ အယူအဆမ်ိဳးပါပဲ။ ဟ,ေနတဲ့
ေနရာမွာ သဘာဝလြန္နတ္လိုဟာ ဒါမွမဟုတ္ သိစိတ္
လိုဟာမ်ိဳးကို ျဖည့္လိုက္သိုပါပဲ။
ဘယ္သူမွ သိစိတ္ရဲ ့ျပႆနာက ခက္တယ္ဆိုတာ
မျငင္းပါဘူး။
ဒါေပမဲ့ သိစိတ္ဟာ သူအပါအဝင္ အရာရာကိုျပန္ဖန္
ဆင္းတယ္ဆိုတဲ့အယူအဆအေျကာင္း မေျပာခင္
ဦးေနွာက္ဟာ စိတ္ကို ဘယ္လိုဖန္ဆင္းသလဲ ဆိုတဲ့
အေျကာင္းေျပာျကရေအာင္ပါ။
ဘာလို ့ဆိုေတာ့ ဦးေနွာက္ေသဆံုးတဲ့အခါ တိုင္းတာ
နိုင္တဲ့ သိစိတ္လဲ ေသဆံုးသြားေျကာင္း က်ေနာ္တို ့သိလို ့ပါ။ တျခားနည္းနဲ ့သက္ေသ မျပနိုင္ခ်င္းေတာ့
ဦးေနွာက္က သိစိတ္ကိုျဖစ္ေစတယ္ဆိုတဲ့ အယူအဆ
ဟာ ေျကာင္းက်ိဳးက်ေနမွာပါ။ ငါရွိတယ္ ဒါေျကာင့္
ငါေတြးတယ္ေပါ့။
ေဆာင္းပါးရွင္ မိုက္ကယ္ ရွားမား၏
What happens to consciousness when we
Die , SCIENTIFIC AMERICAN ONLINE
ကိုျပန္ဆိုပါသည္။
သေတဲ့ အခါ သိစိတ်ဟာ ဘာဖြစ်သွားလဲ?
အနီရောင်ကိုမြင်ရတယ်ဆိုတဲ့ အတွေ ့အကြုံဟာ
မင်းဦးနှောက်ရဲ့ ဘယ်မှာရှိတာလဲ?
ဒီမေးခွန်းကို ဒီပက်ချော့ပရာက မတ်လ ၃ရက် ကယ်လီဖိုးနီးယားက သိပ္ပံ အစည်းအဝေးမှာ မေး
ခဲ့တာပါ
အာရုံကြောသိပ္ပံပညာရှင်တွေရဲ ့ သိစိတ်(ဥပမာ အနီရောင် လို ့ခံစားရတာမျိုး) ကို အာရုံကြော လှုပ်ရှားမှုတွေက ဘယ်လိုလုပ်ပေးတာလည်းဆိုတဲ့ သီအိုရီ လော
လောဆယ်မရှိသေးတာဟာ ရုပ်သမားတွေရဲ့ ချဉ်း
ကပ်မှုဟာ မလုံလောက်လို ့ဒါမှမဟုတ် မှားနေလို ့ပေါ့
လို ့ သူက ဆိုပါတယ်။
ငါဆိုတဲ့ အတွေ ့အကြုံကို လျှပ်စစ်ဓါတုတုန် ့ပြန် မှုတွေ ့ရဲ့ ရလာဒ်ကြောင့်ဖြစ်တယ်ဆိုတဲ့ စဉ်းစားပုံဟာ
ဟိုက်ပိုးသီးစစ် တခုသာဖြစ်တယ်လို ့ ချော်ပရာ က
အီမေးကနေပို ့ပါတယ်။
ဒါဟာ သိစိတ်ဟာ အခြေခံဖြစ်ပြီး သူက ဦးနှောက်ရဲ့
ဖြစ်စဉ်တွေ ကိုဖြစ်စေတယ် ရုပ်လောကရဲ့ အရာတွေနဲ့
အရည် အချင်းတွေကို ဖြစ်စတယ် ဆိုတဲ့ စဉ်းစာပုံမျိုးနဲ့
အတူတူပါပဲလို ့ပြောပါတယ်။
"အန်တီမီလီရဲ့ စိတ်ဟာ သူမ အယ်လ်ဇိုင်းမား ရော
ဂါနဲ့ သေတော့ ဘယ်ရောက်သွား လဲ"လို ့ကျနော်
ပြန်မေးခဲ့ပါတယ်
အန်တီမီလီဟာ စကြာဝဋ္ဌာရဲ ့မပြောင်းလဲနိုင်တဲ့ ပုံ
စံတခုဖြစ်ပြီး သူမ ဖြစ်ပေါ်လာရာကို ပြန်ပေါင်းသွား
တာဖြစ်နိုင်တာပေါ့လို ့ ချော်ပရာက ပြန်ပြောပါတယ်။
အရှေ ့တိုင်းရဲ ့ဖီလော်ဆော်ဖီမှာ "ငါ" ဟာ ထင်ယောင်
ထင်မှားဖြစ်ပြီး ပန်းတိုင်ဟာ ပိုပြီး ယေဘူယျဆန်တဲ့
ရုပ်မဟုတ်တဲ့ နေရာမဆန်တဲ့ အဖြစ်ဆီကို ရောက်ဖို ့ပါ။
ဒါပေမဲ့ ဦးနှောက်ဟာ သိစိတ်ကို ဖန်တီးတယ်ဆိုတဲ့
အယူအဆဟာ သိစိတ်က ဦးနှောက်ကို ဖန်တီးတယ်
ဆိုတဲ့ အယူထက်ပိုပြီး လက်တွေ ့အထောက်အထား
တွေအများကြီးရှိနေပါတယ်။
ဥပမာအားဖြင် ဖျူစီဖေါင်း ဧရိယာ ကိုထိခိုက်တဲ့သူတွေဟာ မျက်နှာတွေကို မမှတ်မိတော့ပါဘူး။ ကောင်းတဲ့
လူတွေမှာ ဒီဧရိယာကို လှုံ ့ဆော်ရင် သူဟာ မှတ်မိတဲ့
မျက်နှာတွေကို အလို အလျောက်မြင်ရပါတယ်။
လေဖြတ်ခြင်းကြောင့် အမြင်အာရုံ ဗွီဝမ်း လို ့ခေါ်တဲ့နေရာမှာထိခိုက်မိရင် အမြင်အာရုံသိမှုကို ပျက်စီးစေ
ပါတယ်။
သိမှုဖြစ်စဉ်ရဲ ့ပြောင်းလဲနေမှုတွေကို fMRI လို EEG
လို နျူရွန်းတခုထဲတိုင်းတာမှုလို အရာတွေနဲ ့တိုင်းတာ
နိုင်ပါတယ်။
အာရုံကြောပညာရှင်တွေဟာ လူတွေရဲ ့ရွေးချယ်မှုကို
သူတို ့ကိုယ်တိုင်သတိမပြုမိခင်မှာဘဲ ဦးနှောက်ပုံရိပ်ဖမ်းစက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။
လူတယောက်ကမြင်တာကို အာရုံကြောပညာရှင်တွေဟာ ကွန်ပြူတာနဲ ့ ဦးနှောက်ပုံရိပ်ဖမ်းစက်ကို သုံးပြီး
သိနိုင်ပါတယ်။
နျူရွန်းဓါတု တုန် ့ပြန်မှုတွေဟာ "ငါ"ဆိုတဲ ့အတွေ ့
အကြုံ ကို ဖန်တီးပေးကြောင်း ထောင်ပေါင်းများစွာ
သော လက်တွေ ့စမ်းသပ်ချက်တွေက သက်သေ
ပြနေပါတယ်
အာရုံကြောသိပ္ပံပညာရှင် အချင်းချင်းကြားမှာ စိတ်ကို
ရုပ်အားဖြင့်ဘယ်လိုဖန်တီးသလဲဆိုတဲ့ အမြင်တူတဲ့ သီဝရီ ခုချိန်မှာ မရှိသေးဘူးဆိုတဲ့ အချက်က သိစိတ်
ဟာ ရုပ်ကို ဖန်တီးပါတယ်ဆိုတဲ့ အယူအဆ မှန်ပါတယ်လို ့မဆိုလိုပါဘူး။ချော်ပရာက လက်မခံတဲ့ အနေနဲ ့ အာရုံကြောသိပ္ပံပညာရှင် ဒေါ်နယ် ဒီ ဟော့ဖ်မင်းရဲ ့ စိတ်နဲ ့ရုပ် ဆိုတဲ ့၂၀၀၈ ခုနှစ်ထုတ် စာတမ်းကို ပေးပို ့လာပါတယ်။ ဒါက သိစိတ် အမှန်တရားဝါဒ နဲ ့ စိတ်-ကိုယ် ပြဿနာ အကြောင်းပါ။
သိစိတ်အမှန်တရားဝါဒက တကယ် ့အမှန်တရားဟာ
သိစိတ် တွေနဲ ့ သာဖွဲ ့စီးထာတယ်လို ့ယူဆပါတယ်။(ဆိုလိုတာက မြင်နေရတဲ ့ရုပ်အားလုံးဟာ သိစိတ်
ရဲ ့ လှည့်စားမှုတွေပေါ့)
သိစိတ်ဟာ အခြေခံကျပြီး အမှုန်နဲ ့စက်ကွင်းတွေကို ဖြစ်စေတယ်လို ့ယူဆပါတယ်။
သိစိတ်မရှိတဲ ့ ရုပ်နဲ ့ စက်ကွင်းတွေရဲ ့ရှုပ်ထွေးတဲ ့ဖွဲ ့
စည်းမှုကနေ စကြာဝဋ္ဌာဟာ ဖြစ်လာတာမဟုတ်ဘူးလို ့ ဟော့ဖ်မင်ကဆိုပါတယ်။
သိစိတ်က အရင်ဖြစ်ပြီး ရုပ်နဲ ့ စက်ကွင်းတွေဟာ
သူတို ့ရဲ ့တည်ရှိမှုအတွက် သိစိတ်ကိုသာ မှီခိုရတယ်
လို ့ဆိုပါတယ်။ ဒါဆိုရင် စကြာဝဋ္ဌာရဲ ့အခြေခံ ဟာ
သိစိတ်ဖြစ်ကြောင်း အထောက်အထားတွေကဘယ်မှာလဲလို ့ မေးချင်ပါတယ်။
ဟော့ဖ်မင်းကကြည့် ရှုတဲ ့လူက ပုံစံတွေ ၊ အရောင်တွေ၊ အထိအတွေ ့တွေ၊ လှုပ်ရှားမှုတွေကို တည်ဆောက်တယ်လို ့ပြောနေတာပါ။
ကျနော်တို ့ရဲ ့ဦးနှောက်ဟာ ရုပ်အမှန်တရားတွေရဲ ့ အဖြစ်မှန် နဲ ့အနီးစပ်ဆုံးကို ပုံဖော်နေတာ မဟုတ်ဘဲ
GUI(graphical user interface) တခုလို ပြုမူနေတာလို ့ ဟော့ဖ်မင် ကဆိုပါတယ်။
ဟော့ဖ်မင်ရဲ ့ ရှု ့ထောင့် အရ ကျနော်တို ့ရဲ ့အာရုံဟာ
အမှန်တရားကို တည်ဆောက်နေတာဖြစ်ပြီး ရှိပြီး
သားကို ပြန်ပုံဖော်နေတာမဟုတ်ဘူးလို ့ဆိုပါတယ်။
သူ ့ဟာသူ သက်သက်ရှိနေတဲ ့ ရုပ်တရားမလိုဘူးလို ့
ဆိုပါတယ်။
သိစိတ်ဟာ ရုပ်ကိုဘယ်လိုဖြစ်စေလဲ? ဟော့ဖ်မင်
မပြောပါဘူး။ ရုပ်မရှိခင် စိတ်ဟာ ဘယ်နေရာမှာ ဘယ်လို ရှိနေလဲ? မပြောပါဘူး။
ကျနော်သိသလောက်တော့ လက်တွေ ့အထောက်
အထားတွေဟာ ဦးနှောက်က သိစိတ်ကို ဖြစ်စေတယ်
ဒါပေမဲ့ ပြောင်းပြန်မဟုတ်ဘူးလို ့ပဲ ညွှန်ပြနေပါတယ်။
စဉ်းစားပုံတခုလုံးက လိုတဲ့နေရာမှာ ဖန်ဆင်းရှင်ကို
ဖြည့်လိုက်မယ်ဆိုတဲ့ အယူအဆမျိုးပါပဲ။ ဟ,နေတဲ့
နေရာမှာ သဘာဝလွန်နတ်လိုဟာ ဒါမှမဟုတ် သိစိတ်
လိုဟာမျိုးကို ဖြည့်လိုက်သိုပါပဲ။
ဘယ်သူမှ သိစိတ်ရဲ ့ပြဿနာက ခက်တယ်ဆိုတာ
မငြင်းပါဘူး။
ဒါပေမဲ့ သိစိတ်ဟာ သူအပါအဝင် အရာရာကိုပြန်ဖန်
ဆင်းတယ်ဆိုတဲ့အယူအဆအကြောင်း မပြောခင်
ဦးနှောက်ဟာ စိတ်ကို ဘယ်လိုဖန်ဆင်းသလဲ ဆိုတဲ့
အကြောင်းပြောကြရအောင်ပါ။
ဘာလို ့ဆိုတော့ ဦးနှောက်သေဆုံးတဲ့အခါ တိုင်းတာ
နိုင်တဲ့ သိစိတ်လဲ သေဆုံးသွားကြောင်း ကျနော်တို ့သိလို ့ပါ။ တခြားနည်းနဲ ့သက်သေ မပြနိုင်ချင်းတော့
ဦးနှောက်က သိစိတ်ကိုဖြစ်စေတယ်ဆိုတဲ့ အယူအဆ
ဟာ ကြောင်းကျိုးကျနေမှာပါ။ ငါရှိတယ် ဒါကြောင့်
ငါတွေးတယ်ပေါ့။
ဆောင်းပါးရှင် မိုက်ကယ် ရှားမား၏
What happens to consciousness when we
Die , SCIENTIFIC AMERICAN ONLINE
ကိုပြန်ဆိုပါသည်။
ပိုင်သွန်
Copy from သိပၸံ သခၤ်ာႏွင့္ ႐ူပေဗဒ
ပိုင္သြန္