“မဆုံနိုင်တော့တဲ့ မနက်ဖြန်”
တစ်နေ့မှာ ချစ်သူနှစ်ဦးဟာ သူတို့ရဲ့ချစ်သူတွေအဖြစ်ကနေ ပြတ်စဲလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
တစ်ရက် ကောင်လေးရဲ့ မင်္ဂလက်ထပ်ပွဲလေးတစ်ခု ကျင်းပဖို့ဖြစ်လာခဲ့တယ်။
ကောင်လေးရဲ့ ချစ်သူဟောင်းကောင်မလေးလည်း အဲဒီမင်္ဂလာပွဲကို ရောက်လာခဲ့ပြီး သတို့သားလောင်း ချစ်သူဟောင်းကောင်လေးကို မေးလိုက်တယ်…
“ဘာလို့ နင့်မင်္ဂလာပွဲမှာ ငါသိပ်ကြိုက်တဲ့ပန်းတွေနဲ့ အလှဆင်ထားတာလဲ…”
“ ဘာလို့ ငါ့တို့ရဲ့နှစ်ပတ်လည်နေ့က နင့်ရဲ့မင်္ဂလာဆောင်နေ့ဖြစ်သွားတာလဲ”
“ ဘာလို့ ငါတို့အရမ်းကြိုက်တဲ့ သီချင်းကို ပွဲမှာဖွင့်ထားရတာလဲ..” လို့မေးလိုက်တော့ သတို့သားလောင်း ကောင်လေးက ဝမ်းနည်းစွာငိုပြီး ပြန်ပြောတယ်။
“ ဒါဟာ ငါ့အနားမှာနင်ရှိတယ်ဆိုတဲ့စိတ်နဲ့ ဟန်ဆောင်ပြီး ဖန်တီးနိုင်တဲ့နောက်ဆုံးနည်းလမ်းလေး တစ်ခုဖြစ်နေလို့ပါဟာ”