“ခြေရာ ပျောက်မြစ်များ”

Words
64
Reading
1 min
Listen
Play
8y

image

“ခြေရာ ပျောက်မြစ်များ”

မြန်မာတစ်ဦးက အင်္ဂလိပ်လိုရေးပြီး ကမ္ဘာက အသိအမှတ်ပြုတဲ့စာအုပ်တွေများ ရှိသလားဆိုရင် ရှိပါတယ်။
အဲဒီလို စာအုပ်တွေထဲက တစ်အုပ်ကတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြေး ဆရာသန့်မြင့်ဦးရေးတဲ့ River of Lost Footsteps (ခြေရာပျောက်မြစ်များ) စာအုပ်ပဲ ဖြစ်ပါတယ်။

စာအုပ်ထဲမှာ ဆရာသန့်မြင့်ဦးက မျက်မှောက်ခေတ် မြန်မာ့အခြေအနေနဲ့ သူ့ရဲ့မိသားစုအကြောင်းကို ရေးထားတာ ဖတ်ရမှာဖြစ်ပါတယ်။ ဆရာ့ရဲ့ ထင်ရှားလှတဲ့ မိသားစုအကြောင်းနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံရဲ့ အတက်၊ အကျအခြေအနေတွေ၊ ပေါ်တူဂီတွေ မြန်မာကို စဝင်လာတဲ့အချိန်ကစလို့ လွတ်လပ်ပြီးတဲ့ခေတ်မှာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်နေတဲ့အကြောင်းတွေကို ရောနှောပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ အချိန်တိုအတွင်း မြန်မာ့သမိုင်းကို ကွင်းကွင်းကွက်ကွက်မြင်ရအောင် လုပ်ပေးနိုင်တဲ့စာအုပ် တစ်အုပ်လို့ Wall Street ဂျာနယ်က Philip Delves Broughton က မှတ်ချက် ပေးထားတဲ့အပြင် စာပေနယ်မှာ အရှိန်အဝါရှိတဲ့ တခြားပုဂ္ဂိုလ်တွေကလည်း မှတ်ချက်တွေ အသီးသီး ပေးထားကြပါတယ်။

“ခြေရာ ပျောက်မြစ်များ” | Ecency