English speaking language

Words
155
Reading
1 min
Listen
Play
8y

image

အင်္ဂလိပ်စာကို တကယ်တတ်ချင်ရင်၊ သဘာဝကျကျပြောတတ် ရေးတတ်ချင်ရင် အင်္ဂလိပ်လို TV သတင်း နေ့စဉ် တစ်နေ့ တစ်နာရီ အနည်းဆုံးကြည့်၊ အင်္ဂလိပ်သီချင်းနားထောင်၊ အင်္ဂလိပ်ရုပ်ရှင်တွေလည်းကြည့်၊ အရေးအကြီးဆုံးကတော့ အင်္ဂလိပ်စာ အင်္ဂလိပ်လိုရေးထားသမျှ၊ ဆောင်းပါး၊ ဝတ္ထု၊ သတင်းစာ အကုန်များများသာ ဖတ်ပေး။ ဖတ်ရင်းနဲ့ တွေ့သမျှ ကောင်းတာလေးတွေ၊ ပြန်အသုံးချလို့ရမဲ့ စကားစုတွေ၊ ဝါကျတွေကို လိုင်းသား၊ မှတ်စုထဲ ကူးရေးပါ။

စာဖတ်များမှ၊ exposure များများရမှ ဘယ်လို ရေးကြ ပြောကြတယ်ဆိုတာကို သဘောပေါက်လာလိမ့်မယ်။ ကျောင်း သင်ရိုးညွှန်းတန်းကတော့ အခြေခံကို foundation ချပေးလိုက်တဲ့ သဘောပဲရှိမယ်။ ကိုယ့်တိုင်းပြည်က India , Singapore, Malaysia စတဲ့ ESL တိုင်းပြည်တွေမှာလို အင်္ဂလိပ်စာ နဲ့ စကားကို daily life မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ environment ရှိမနေဘူးဆိုတာ သတိပြုကြည့်ပါ။ အဲဒီ environment ကို တကယ်တတ်ချင်တဲ့သူက ကိုယ့်ဖာသာကိုယ် ဖန်တီးယူပါ။

media ကိုသုံး၊ စာများများဖတ်၊ ဇွဲကောင်းကောင်းနဲ့ ရူးသွပ်ရင် ၂နှစ်လောက်ဆို တော်တော်ခရီးရောက်လောက်ပါတယ်။
စာများများဖတ်ရင်၊ ဝတ္ထုတွေပါဖတ်ရင် ဘာတွေသိလာမှာလဲတဲ့လား... ဥပမာတစ်ခုပေးရရင်.. စောစောက ကျွန်တော် ရေးပေးလိုက်တဲ့

Don't fall too fast!
အဖြေကို မြန်မြန်မပေးလိုက်နဲ့။ သိပ်ကြွေမနေနဲ့...

Maestro, take it away!
ကဲ...ရွာစားရေ... တီးလိုက်ပါဦး....

ဒီလိုမျိုး တကယ်သုံးနေကြတဲ့ usage အစစ်အမှန်လေးတွေ စာဖတ်မှတွေ့ရတာလေ။ ဒီမှာ ကျွန်တော့်ကို အင်္ဂလိပ်စာ လေ့လာနေကြတဲ့ ကလေးတွေ ခဏခဏမေးနေကြတဲ့ "ဆရာ.. ဒါလေးကို အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ" စတဲ့မေးခွန်းတွေကို ကျွန်တော်ပြန်ဖြေပေးနိုင်တာဟာ အပြင်စာ များများဖတ်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်ပါ။

ကိုယ်တွေက London တို့ New York တို့မှာနေနေတယ်ဆိုရင်တော့ ဒါမျိုးလေးတွေဟာ ခရီးသွားဟန်လွှဲ ကြားနေရတော့ တတ်သွားမှာပေါ့။ Otherwise... ကိုယ့်ဖာသာ ကြိုးစားပြီး ဖန်တီးယူရင်လည်း တကယ်ဇွဲနဲ့သာ အချိန်ပေးပြီး ကြိုးစားရင် Native speaker တွေလို language ကို နားလည် အသုံးချနိုင်မှာပါ။

စာဖတ်နာဖို့လိုတယ်ဆိုတာကိုသာ ထပ်ခါထပ်ခါပြောနေတာ သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အတွက် အဲဒီ English ဆိုတဲ့ foreign language တစ်ခုကို တကယ်ထဲထဲဝင်ဝင်တတ်မြောက်ချင်ရင် အသေချာဆုံးနည်းလမ်းက စာဖတ်ခြင်း တစ်ခုကလွဲလို့ တခြားသေချာတဲ့နည်းလမ်းမရှိသေးလို့ပါ။

English speaking language | Ecency