စာဖတ်ခြင်း၏အကျိုး ၁

Words
77
Reading
1 min
Listen
Play
8y

လူတိုင်းတွင်ဝါသနာကိုစီ ရှိကြသည်။ သို့ရာတွင် တစ်ဦးနှင့် တစ်ဦး ဝါသနာချင်း မတူညီကြပေ။အချို့ က အားကစား ဝါသနာပါကြသည်။အချို့ က ပန်းချီ ဂီတ အနုပညာ ခရီးသွားခြင်း အချက်အပြုတ် စသည့် တို့ ကို ဝါသနာ ပါသူများလည်း ရှိကြသည်။ အချို့ ကမူ စာဖတ်ခြင်းကို ဝါသနာ ပါကြသည်။ စာဖတ်ခြင်းသည် လူသားများကို ကောင်းကျိုးဖြစ်စေသည်။ အဘယ်ကြောင့် ဆို သော် စာဖတ်ခြင်း ဖြင့် ဗဟုသုတ အတွေးအခေါ် များ ရရှိစေနိုင် သောကြောင့် ဖြစ်၏။ လူတို့ သည် ယဉ်ကျေးမှုဖွံ့ ဖြိုးတိုးတက် လာသည်နှင့်အမျှ စာပေအရေးအသားများကို တီထွင် လာကြသည်။ထို့ နောက် ထိုစာပေအရေးအသားများဖြင့် မိမိတို့ မှတ်တမ်းတင်လိုသော အကြောင်းအရာများကို မှတ်သားလာကြသည်။ဤသို့ ဖြင့် ခေတ်အဆက်ဆက် ပြောင်းလဲတတိုးတက် ထွန်းကားလာခဲ့သော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို စာပေများလေ့လာခြင်းဖြင့် သိရှိနိုင်ကြပေသည်။စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိဥာဏ် ဗဟုသုတများကို ရှိနိုင်မည် ဖြစ်သည်။ထို့ ကြောင့် စာဖတ်ဝါသနာသည် လူသားများအတွက် ကောင်းကျိုးကိုဖြစ်စေသော ဝါသနာဟု ဆိုနိုင်ပေသည်။
IMG_20180502_021310.jpg
photocredit:facebook image

စာဖတ်ခြင်း၏အကျိုး ၁ | Ecency