အချိန်ကန့် သတ်မှုအောက်တွင် ရှင်သန်ရသည်

Words
75
Reading
1 min
Listen
Play
8y

လူ့ ဘဝသည် အချိန် ကန့် သတ်မှုအောက်တွင်ရှင်သန်ရသည်။ ယေဘုယျအားဖြင့် လူ့ ဘဝသက်တမ်းတစ်ခုသည် နှစ်၁၀၀ ပတ်ဝန်းကျင်သာရှိသည်။ အသက်ရှင်နေသော ကာလအတွင်း လူတစ်ဦးသည် အချိန်ကို မည်သို့ အသုံးချသွားနိုင်သည်ပေါ်မူတည်သည်။ မြန်မာဓလေ့အရ ပထမအရွယ် ပညာ ဒုတိယအရွယ် ဥစ္စာ တတိယအရွယ် ကုသိုလ်ရှာ အရွယ်အလိုက် အချိန်အခါ အလိုက် သက်ဆိုင်ရာ အလုပ်တို့ ကို ပြီးမြောက်အောင် အချိန်နှင့် အတူ လုပ်ဆောင်နိုင်မှသာ လူဖြစ်ရကျိုးနပ်သည်ဟု ယူဆ ကြသည်။
image
ဤသည်မှာလူ့ ဘဝတွင် အချိန်အလိုက် လုပ်ဆောင်ရမည်ဟု ညွှန်ပြနေခြင်းဖြစ်သည်။ လူ့ ဘဝတွင် ရွှေငွေ စသည့် အရာတိုကို တန်းဖိုးဖြတ်၍ ရသည်။ အချိန်သည် ရွှေငွေ ရတနာတို့ ကို ပြန်၍ရအောင်ရှာဖွေနိုင်သည်။ အချိန်ဆုံးရှုံးသော် ပြန်၍ မရှာနိုင် မရနိုင်ပေ။ ဆုံးရှုံးသွားသော အချိန်ကို မည်သည့် နည်းနှင်မှ အစားထိုး၍ မရနိုင်ပေ။ရွှေ ငွေနှင့်လည်း အချိန်ကို ပြန်ဝယ်ယူ၍မရပေ။ အချိန်အရင်းအနှီးဖြင့် ရွှေငွေ ရနိုင်သည်။ထိုကြောင့် အချိန်ကို တန်ဖိုးရှိစွာဖြင့် ပြည့် ပြည့် ဝဝ အသုံးချသင့်ပါသည်။

အချိန်ကန့် သတ်မှုအောက်တွင် ရှင်သန်ရသည် | Ecency