Computer နှင့်​စီးပွား

Words
170
Reading
1 min
Listen
Play
8y


ခေတ်​မှီတိုးတက်​လာတာနဲ့အမျှ လူသား​တွေရဲ့ အသုံးအ​ဆောင်​ပစ္စည်း​တွေလည်း များစွာတိုးတက်​​ပြောင်းလဲလာခဲ့ပါတယ်​။ အဲ့လိုတိုးတက်​​ပြောင်းလဲလာခဲ့တဲ့ အရာ​တွေထဲကမှ စီးပွား​ရေးလုပ်​ငန်းများအတွက်​ မရှိမဖြစ်​လိုအပ်​တယ်​လို့ယူဆရတဲ့ computer များကလည်း အဓိက​နေရာကပါဝင်​ပါတယ်​။ လုပ်​ငန်းတစ်​ခု company တစ်​ခုမှာ computer မရှိလို့မဖြစ်​​လောက်​​အောင်​ကိုအ​ရေးပါ ပါတယ်​။ ဘာဖြစ်​လို့လည်းဆိုရင်​​တော့ လူသားလုပ်​အားနဲ့computer ရဲ့လုပ်​အားနဲ့ အင်​မတန်​ကွာခြား ကွဲပြားလို့ဖြစ်​ပါတယ်​။

ကျွန်​​တော်​တို့​တွေအ​နေနဲ့ လက်​​ရေးနဲ့ ခွန်​အားနဲ့ လုပ်​​ဆောင်​ရမဲ့အလုပ်​​တွေကို computer နဲ့သာလုပ်​​ဆောင်​မယ်​ဆိုရင်​ လျင်​လျင်​မြန်​မြန်​နဲ့ ပြီးစီးမှာဖြစ်​သလို ​နောက်​ထပ်​လုပ်​ငန်း​တွေကို ပိုမိုလုပ်​ကိုင်​နိုင်​တာ​ကြောင့်​ လုပ်​ငန်းပြီး​မြောက်​မှုမြန်​ဆန်​မှာဖြစ်​ပါတယ်​။ computer ဆိုတာက​တော့ တွက်​ချက်​မှုကို အဓိကလုပ်​​ဆောင်​တဲ့ လျှပ်​စစ်​ပစ္စည်းတစ်​ခုလို့ ဆိုနိုင်​ပါတယ်​။ တွက်​ချက်​ရုံသာမက အခြား​သော လုပ်​ငန်း​ဆောင်​ရွက်​ချက်​များလည်း များစွာ လုပ်​ကိုင်​နိုင်​စွမ်းရှိပါတယ်​။ ယ​နေ့​ခေတ်​ လုပ်​ငန်း​တွေမှာ စာရင်းကိုင်​နည်းပညာရပ်​ဟာ ဘယ်​​နေရာမှာမဆို လိုအပ်​​နေပါတယ်​။ မိမိသာ စာရင်းကိုင်​သင်​တန်းတက်​​ရောက်​ထားမယ်​ဆိုရင်​​တော့ စာရင်းကိုင်​အလုပ်​ရရှိဖို့ မခက်​ခဲ​တော့ပါဘူး။

ကျွန်​​တော်​တို့လူသား​တွေ ​နေ့စဉ်​ရှင်​သန်​ဖို့ အစားအ​သောက်​​တွေ စားသုံးရပါတယ်​။ အဲ့လို​နေစဉ်​စား​သောက်​တာ​တွေထဲကမှ လူသားများက အစားအ​သောက်​​ကောင်း​တွေကိုကြိုက်​နှစ်​သက်​ကြပါတယ်​။ မိမိအ​နေနဲ့ အချက်​အပြုတ်​သင်​တန်း​ကောင်း​ကောင်းတက်​​ရောက်​ သင်​ကြားထားမယ်​ဆိုရင်​​တော့ အချက်​အပြုတ်​လုပ်​ငန်းနဲ့ အလုပ်​လုပ်​ကိုင်​ စီးပွားရှာနိုင်​မှာဖြစ်​ပါတယ်​။ ခု​နောက်​ပိုင်းမှာ အဆာ​ပြေအစားအစာ​တွေဖြစ်​တဲ့ ​ပေါင်​မုန့်​​တွေ ကိတ်​မုန့်​​တွေ စတဲ့ မုန့်​​တွေဘပြုလုပ်​တဲ့ သင်​တန်းများကို တက်​​ရောက်​ထားမယ်​ဆိုရင်​လည်းမုန့်​ဆိုင်​ဖွင့်​လှစ်​ စီးပွားရှာနိုင်​မှာဖြစ်​ပါတယ်​။

ယခုဆိုရင်​ မြန်​မာနိုင်​ငံအတွင်းမှာ ​ကော်​ဖီသီးသန့်​​ရောင်းတဲ့ ​ကော်​ဖီဆိုင်​​တွေ ​ပေါ်ထွက်​လာ​နေပါပီ။ ​ကော်​ဖီ​ဖျော်​နည်းသင်​တန်းများလည်းဖွင့်​လှစ်​သင်​ကြား​ပေးတဲ့ သင်​တန်းများလည်းရှိပါတယ်​။ ရည်​ရွယ်​ချက်​က​တော့ နိုင်​ငံခြားခရီးသွားအများစုက လက်​ဖက်​ရည်​ဆိုင်​ထွက်​ ​ကော်​ဖီဆိုင်​ကို ပိုသ​ဘောကျကြပါတယ်​။ ​ကော်​ဖီဆိုင်​မှာ ​အေး​အေး​ဆေး​ဆေး ​ကော်​ဖီ​လေး​သောက်​ရင်း စာအုပ်​ဖတ်​ရတာကို နိုင်​ငံခြားသား​တွေကြိုက်​နှစ်​သက်​ကြပါတယ်​။ အဲ့ဒါ​ကြောင့်​လည်း မြန်​မာနိုင်​ငံမှာ ​ကော်​ဖီဆိုင်​​တွေတိုးချဲ့ဖွင့်​လှစ်​ပီး နိုင်​ငံခြားဝင်​​ငွေရှာ​ဖွေ​နေကြတာဖြစ်​ပါတယ်​။

ငွေ​ကြေးတတ်​နိုင်​သူ​တွေအ​နေနဲ့က​တော့ အရင်းအနှီးတစ်​ခုနဲ့ စီးပွား​ရေးလုပ်​ငန်း​တွေလုပ်​ကိုင်​ကြပါတယ်​။ ကိုယ်​ပိုင်​တစ်​ပိုင်​တစ်​နိုင်​ဆိုင်​​လေး​တွေဖွင့်​သူကဖွင့်​၊ဆိုင်​ခန်း​နေရာတစ်​ခုငှါးပီး​တော့ ဆိုင်​တစ်​ခုခုဖွင့်​လှစ်​ပီး စီးပွား​ရေးလုပ်​ကိုင်​သူများလည်းရှိပါတယ်​။ အထည်​ဆိုင်​ဖွင့်​သူများ၊ အစားအ​သောက်​ဆိုင်​ဖွင့်​သူများ၊ သင်​တန်းဖွင့်​လှစ်​သင်​ကြားသူများ၊ Travels and Tours Agency ဖွင့်​လှစ်​လုပ်​ကိုင်​သူများ အစရှိတဲ့ စီးပွား​ရေးလုပ်​ငန်းများလုပ်​ကိုင်​သူများရှိကြပါတယ်​။

စီးပွား​ရေးဆိုတာက​တော့ အ​ရောင်းအဝယ်​ကိုအ​ဃြေံတယ်​လို့ယူဆပါတယ်​ဗျ။မိမိအ​နေနဲ့ နယ်​တစ်​နယ်​ကပစ္စည်းကို အခြားနယ်​တစ်​ခုမှာသွား​ရောက်​​ရောင်းချခြင်းက​နေ မိမိအတွက်​အကျိုးအမြတ်​များရရှိ​အောင်​ ​ဆောင်​ရွက်​ရတာဖြစ်​ပါတယ်​။အကျိုးအမြတ်​များတဲ့ အ​ရောင်းအဝယ်​ရှိသလို အကျိုးအမြတ်​နဲတဲ့အ​ရောင်းအဝယ်​လည်းရှိပါလိမ့်​မယ်​။အဲ့ဒီလို ရလဒ်​​တွေကို သင်​ခန်းစာယူမှတ်​သားပီး​တော့ ​နောက်​ထပ်​လုပ်​ကိုင်​တဲ့အခါ အဆင်​​ပြေ​အောင်​ဘယ်​လိုလုပ်​မလည်းဆိုတာကို စဉ်းစား​တွေးခ်ါပီး​တော့ မိမိရဲ့စီးပွား​ရေးကို တိုးတက်​​အောင်​ပြုလုပ်​ရမှာဖြစ်​ပါတယ်​။

ဟိုးအ​ပေါ်မှာ​ပြောထားတဲ့စာပိုဒ်​ကို ထက်​ဆက်​​ရေးပါမယ်​ဗျ။ computer ​တွေအ​နေနဲ့ မိမိလုပ်​ငန်းခွင်​မှာ မရှိမဖြစ်​လိုအပ်​ပါတယ်​ဗျ။ ဘယ်​လုပ်​ငန်းမျိုးမဆို ကြီးကြီး ငယ်​ငယ်​၊ computer လိုအပ်​ပါတယ်​ဗျ။ တွက်​ချက်​မှု​တွေ မှတ်​သားမှု​တွေ တီထွင်​ဖန်​တီးမှု​တွေ အစရှိတဲ့ လုပ်​​ဆောင်​ချက်​များကို computer တစ်​လုံးရှိရုံနဲ့ အဆင်​​ပြေစွာ လုပ်​ကိုင်​နိုင်​မှာဖြစ်​ပါတယ်​ဗျ။ ယ​နေ့​ခေတ်​လူငယ်​များသာမက လူလတ်​ပိုင်းနှင့်​ လူကြီးပိုင်းများအ​နေနဲ့ computer တစ်​လုံးအ​ကောင်းနဲ့ computer အသုံးပြုပုံနဲ့ အသုံးဝင်​ပုံကို နားလည်​သိရှိ​အောင်​ ​လေ့လာမှတ်​သားသင့်​ပါတယ်​ဗျ။

caesarmsc.jpg
ဒီပုံးလေး ကိုစိုင်းကို အကူအညီတောင်းခဲ့လို့ကိုစိုင်းက ကျွန်တော့်အတွက် လုပ်ပေးခဲ့ပါတယ်။ နောက်များတွင်လည်း ထည့်သွင်းအသုံးပြုသွားပါမယ်ဗျ။တီထွင်ဖန်တီးပေးသော ကိုစိုင်းပန်ဖ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျ။
Writer caesarsupaimin
MSC-025

Computer နှင့်​စီးပွား | Ecency