Introducing With Myanmar Language

Words
253
Reading
2 min
Listen
Play
9y

1503249683542.jpg

INTRODUCING WITH MY LANGUAGE

မင်္ဂလာပါ..စတီးမစ်​ချစ်​သူတို့​ရေ
ကျွန်​​တော့်​ နာမည်​ မိုးတိမ်​လင်း လို့​ခေါ်ပါတယ်​။
စတီးမစ်​နာမည်​ builderb@builderb ​ပေါ့။
ဒီစတီးမစ်​ကို စ​တွေ့တာ ရက်​ပိုင်း​လေးပဲရှိပါ​သေးတယ်​။Twitterမှာ ​တွေ့လိုက်​ရတာပါ။
ဒါနဲ့ ချက်​ချင်း မန်​ဘာလုပ်​ပြီး ဝင်​လိုက်​တယ်​။
ဝင်​ခွင့်​ရလာ​တော့ ဝမ်းသာတယ်​။
စတီးမစ်​ကို သ​ဘောကျမိတဲ့အ​ကြောင်းက​တော့
စမတ်​ကျကျ မျှ​ဝေလို့ရတာ​လေးကိုပါပဲ။
ဗရုတ်​သုတ်​ခ သိပ်​မရှိပဲ ခပ်​သန့်​သန့်​ဆန်​​နေတာ​လေးကို​ရော​ပေါ့။
မြန်​မာ​တွေလဲရှိမယ်​ဆိုတာ​တွေး​တော့​တွေးမိတယ်​။
ဒါ​ပေမယ့်​ ​စတီးမစ်​အ​ကြောင်း မြန်​မာ​ပြောတာ တခါမှမကြားဖူးဘူးခင်​ဗျ။ဒီလိုနဲ့ ပို့စ်​တင်​လိုက်​ မန့်​လိုက်​နဲ့ ​နေလာတာ ဒီ​နေ့နဲ့ဆို ၄ရက်​ပဲရှိ​သေးတယ်​။
ဖီးလ်​​တော့ ​တော်​​တော်​ဖြစ်​တယ်​ဗျ။
မထင်​မှတ်​ပဲ အမျိုး​တွေနဲ့​ဆုံရလို့ ပိုပြီးဝမ်းသာမိပါတယ်​ခင်​ဗျ။အမျိုး​တွေကို ​ပြောပြစရာရှိတာ​လေးတချို့အား မိတ်​ဆက်​ရင်း ​ပြောပြပါရ​စေ။ီလိုဗျ။ဒ
မ​နေ့က ​ရွှေတိဂုံဘုရားနဲ့ ပတ်​သက်​တဲ့အ​ကြောင်း​လေးတင်​မိတယ်​။အဲဒီလို ​လေးနက်​တဲ့ကိစ္စရပ်​​တွေ သမိုင်း​ကြောင်း​တွေကို အင်္ဂလိပ်​ဘာသာနဲ့ ကိုယ့်​ဘာသာ​ရေးရင်​ ​ပေါ့သွားမှာ စိုးသလို အဓိပ္ပာယ်​လွဲကုန်​မှာလဲ စိုးတာ​ပေါ့။
အဲဒါနဲ့ အရင်းမြစ်​ရှာပြီး source ​ပေးတင်​တာ​ပေါ့။
သူပင်​ဂို​လေးကိုလဲ copy လုပ်​ပြီး အဖွင့်​​လေးမှာထည့်​တင်​တယ်​​ပေါ့ဗျာ။
အဲဒီမှာ ​အောက်​က ညီ​လေးတ​ယောက်​က လာမန့်တယ်​။သူက မြန်​မာ​ဖောင့်​နဲ့မန့်​ထား​တော့ သိပ်​နားမလည်​ဘူး။မြန်​မာ​ဖေစ့်​ဘုခ်​အဖွဲ့ရှိတယ်​။
လမ်းညွှန်​စာအုပ်​ရှိတယ်​ဆိုပြီး ​ဒေါင်းလုပ်​လင့်​​လေး
ချ​ပေးသွားတယ်​။ သူအင်္ဂလိပ်​စာလုံး​လေး​တွေ ညှပ်​ထားတာကို​တော့ နားလည်​တယ်​။မြန်​မာလိုကျ​တော့ ကျွန်​​တော့်​ဖုန်းမှာ မ​ပေါ်ဘူး။ ကျွန်​​တော်​လဲ ပြန်​​ပြောလိုက်​တယ်​။ ​လမ်းညွှန်​​ပေးလို့ ​ကျေးဇူးပါလို့။
နောက်​ထပ်​ အကိုတစ်​​ယောက်​က လာမန့်​ပြန်​တယ်​။သူက ဘာ​ပြောလဲဆို​တော့
IMG_20170820_235434.jpg
အထက်​က ညီ​လေး​ပြောတာကို သူကထပ်​​ပြောပြတာပါ။
ဆို​တော့ သူ့​ပြောပုံ​ကြောင့်​ ကျွန်​​တော်​ နဲနဲတင်းသွားတယ်​ဗျ​။ကော်​ပီလုပ်​တဲ့အတွက်​ ​ဆောရီးပဲ ဘာညာဆို​တော့​ တင်းမိတာ​ပေါ့။
ဒါနဲ့ ကျွန်​​တော်​ပြန်​မန့်​တာ​ပေါ့။ခင်​ဗျား ​ဆောရီးတာ မရီးတာ ကျုပ်​မသိဘူးလို့ ကျုပ်​က အဖိုးခရချင်​လွန်းလှလို့ ​ရေးတာမဟုတ်​ဘူးလို့ ဆိုပြီး
ခပ်​ဘုဘုပဲ ပြန်​​ပြောမိတာ​ပေါ့။ဟုတ်​တယ်​ဗျ။
တကယ်​ဆို ဒီလိုဒီလို​လေးဆို ပိုသင့်​တယ်​။ပို​ကောင်းမယ်​ ဆိုပြီး​ပြောလာရင်​ တမျိုး​ပေါ့ဗျာ။အခုကပြည့်​ပြည့်​စုံစုံနားမလည်​​သေးတဲ့ တဖက်​သားကို နှိမ်​သလိုလို ကျင်​သလိုလို သ​ဘောသက်​သွား​တော့
ပြန်​​ပြောမိတာ​ပေါ့။သူက​တော့ ဘယ်​လိုသ​ဘောနဲ့​ပြောလဲ​တော့ မသိဘူး​ပေါ့ခင်​ဗျ။ထားပါ​တော့။
(ဒီပိုစ့်​ကို​တော့ LAPTOP ​တော့နဲ့ သုံးပြီး မြန်​မာလိုမြင်​နိုင်​ပါပြီ။ရေးနိုင်​ပါပြီခင်​ဗျာ)

ဒါလဲမပြီး​သေးဘူးဗျ :):) ​နောက်​ထက်​ အကိုတစ်​​ယောက်​လာမန့်​ပြန်​​ရောဗျာ...စိတ်​ထဲလဲ​တွေးမိတာက..​အော်​ ​ဖေ့စ်​ဘုတ်​ခ်​မှာပဲ အာရုံ​နောက်​တတ်​တယ်​မှတ်​တာ..ဒီမှာလဲ ​နောက်​တာပဲဟ၊ လို့ :-D
သူ​​ပြောတာလဲကြည့်​ဦး
နာမည်​​တော့ မထည့်​​တော့ပါဘူးဗျာ။
IMG_20170820_235408.jpg

သူထပ်​လာမန့်​​တော့ ကျွန်​​တော်​ ပိုတင်းသွားတာ​ပေါ့။အာ့နဲ့ ကျွန်​​တော်​လဲ --ခင်​ဗျားက စတီးမစ်​ပိုင်​ရှင်​လား။ကိုယ်​ကိစ္စကိုဂရုစိုက်​ ကျုပ်​ဘာမှလာ​ပြောမ​နေနဲ့--ဘာညာ ပြန်​​ပြောမိကုန်​တာ​ပေါ့ဗျာ။
တကယ်​တမ်းက ဒီလိုပြန်​မ​ပြောသင့်​မှန်း သိ​တော့သိ​ပါတယ်ခင်ဗျ။သူကလဲ ခုလိုမ​ပြောပဲ ဒါ​လေး​တွေက ဒီလိုရှိတယ်​.. ဒါကို ဒီလိုလုပ်​ရင်​ ​ကောင်းတာ​ပေါ့ ဆိုလာရင်​ ကျွန်​​တော်​လဲ လိုက်​ပြီးစဉ်းစား​ပေးမိမှာပါ။ ခု​​တော့ သူ့​လေသံကြီး​ကြောင့်​ ကျွန်​​တော်​လဲ ​ပြောမိ​ပြောရာ ​ပြောချမိကုန်​တာ​ပေါ့။

နောက်​တစ်​ခုက ​ကော်​ပီဆိုတဲ့ အ​ပေါ်မှာ ကျွန်​​တော့်​အယူအဆ​လေး​ပြောချင်​တယ်​။လုံးဝ မ​လေးမစား ခရက်​မ​ပေး ဘာမ​ပေးဆိုရင်​ အဖျက်​ဆန်​တဲ့ ​ကော်​ပီသမား​ပေါ့။နောက်​တမျိုးက ​ကော်​ပီ​တော့ယူတယ်​။ ခရက်​ဒစ်​ သို့မဟုတ်​ အညွှန်း​ပေးတယ်​ဆိုရင်​ ဒါလုပ်​နိုင်​ပါတယ်​။ကျွန်​​တော်​လဲ ဒုတိယပုံစံနဲ့ ​ကော်​ပီလုပ်​တာ​ပေါ့။ဟုတ်​တယ်​​လေ။
ချွေး​နဲ့​သွေးနဲ့ အပင်​ပန်းခံပြီး ဖန်​တီးထားတဲ့ မူရင်းပုဂ္ဂိုလ်​​တွေကို ​လေးစားသမှုရှိရမှာ​ပေါ။တန်​ဖိုးကို နားလည်​ရမှာ​ပေါ့​နော်​။ကျွန်​​တော်​ အဲဒီလို နားလည်​ထားလို့ ပို့စ်​မှာ soure ​လေး​ပေးတာ လင့်​ခ်​က အလုပ်​မလုပ်​ဖြစ်​​နေတာကို မသိပဲ ​ပြောလာ​ကြ​တော့ အဲလိုအဲလို မ​ပြောချင်​တာ​တွေ ​ပြောမိကုန်​​တော့တာပါပဲခင်​ဗျာ။ကဲ ကဲ ရှိခဲ့တာရှိပါ​စေ​တော့ဗျာ။
တကယ်​ဆိုမြန်​မာ​တွေအချင်းချင်းကို အရမ်းညီညွှတ်​​စေချင်​ပါတယ်​ဗျာ။အဆင့်​အတန်းရှိရှိလဲ ဖြစ်​​စေချင်​ပါတယ်​။ဒါ ကျွန်​​တော်​ဆန္ဒအမှန်​ပါပဲ။

(​ထို့​ကြာင့်​ ကျွန်​​တော်​ @Builderbသည်
မည်​သူ့ကိုမျှ သြဇာအာဏာ မ​ပေးတတ်​သလို
ကျွနု​ပ်​ဆန္ဒမရှိပဲ မည်​သည့်​ပုဂ္ဂိုလ်​၊အဖွဲ့အစည်းရဲ့ ထိန်းချုပ်​လမ်းညွှန်​ခြင်းကိုမျှ ခံယူမည်​ မဟုတ်​ပါ။
အကျိုးလိုလို့ ​ညောင်​​ရေ​လောင်း စိတ်​မျိုးလဲမရှိပါ။
ကျွန်ုပ်​အား အမှန်​တကယ်​ဖြူစင်​စွာ ခင်​မင်​သူများရဲ့
အား​ပေးမှုကို ခံယူရင်း ကျွန်ုပ်​စိတ်​မှ အလို​လျောက်​ခင်​မင်​မိသူများကို ​ဖေးမကူညီရင်း စတီးမစ်​နဲ့အတူ အမြဲရှိဖို့ ရည်​သန်​မိပါသည်​။)

စတီးမစ်​မိတ်​​ဆွေ အားလုံးကို ​လေးစားပါတယ်​။
နောင်​များလဲ ကိုယ်​တိုင်​သိကျွမ်းနားလည်​သမျှ​လေး​တွေကို ကိုယ်​ပိုင်​ပို့စ်​အဖြစ်​ မျှ​ဝေ​ပေးသွားမှာဖြစ်​သလို
ကိုယ်​မနိုင်​နင်းတဲ့ အ​ကြောင်းအရာများကို​တော့
တတ်​ကျွမ်းနားလည်​​သူများထံမှတဆင့်​ (အသိအမှတ်​ပြုကာ) ပြန်​လည်​မျှ​ဝေ​ပေးသွားပါ့မယ်​ဆိုတာ ​ပြောရင်​နဲ့ မိတ်​ဆက်​ခြင်း ပိုစ့်​​လေးကို ရပ်​​ဦးမယ်​ဗျ။ကျေးဇူးတင်​ပါတ်​ခင်​ဗျ။ယ
အားလုံးအားလုံး လိုအင်ပြည့်​ဝနိုင်​ကြပါ​စေ။
Whatever,I will living together with STEEMIT
builderb@builderb

Introducing With Myanmar Language | Ecency