မဝေးသောရပ်မြေက
နှုတ်ဆက်ခဲ့ချိန် ဒီလိုတိမ်တွေပြိုသောနေ့
ဘဝအရေးမို့
မျက်ရည်ချုပ်ထိန်း အဝေးဆုံးကိုပြေး...
ကိုယ့်ကိုအကြာကြီးမခွဲသွားပါနဲ့
ခဏဆို ခဏလေးနဲ့ပြန်ခဲ့
ငယ်ငယ်က သူငယ်ချင်း
နင်မှတ်မိနိုင်မလားတွေး
အိမ်မက်အချိန်တွေတိုင်း အမြဲပြန်တယ်
ကျောင်းတော်ရယ် အပေါင်းအသင်းတွေနဲ့
အို မွေးရပ်မြေ
ပြန်ခဲ့လေ
ဟိုးတုန်းက နှလုံးသားထဲမှာချစ်ခဲ့ကြတဲ့
အတူကြီးပြင်းခဲ့တဲ့ ကျောင်းသွားကျောင်းပြန်
တို့ငယ်သူငယ်ချင်း
သူမျှော်နေမှာလား သူကြိုနေမှာလား
ရင်ထဲလွမ်းနေ...
လေတိုက်တိုင်းပဲ အရိပ်တို့လှုပ်ခါ အေးမြအရိပ်နဲ့
တို့အားလုံးပဲ ကစားခဲ့ကြတဲ့ ထနောင်းပင်အိုလေး
သူကြိုနေမှာလား သူငိုနေမှာလား
ရင်ထဲလွမ်းနေ...
အို မွေးရပ်မြေ
အဝေးရောက်ခဲ့ချိန်မှာ
စိတ်ကသိတာ ရင်မှာ ထာဝစဥ် အဖေနဲ့ အမေ
အဝေးက ဦးခိုက်ကန်တော့နေ
လေတိုက်လို့လွင့်နေတဲ့
တဖျပ်ဖျပ်လှုပ်ခါ တကယ်ဆို ကျနော်ဟာ စွန်လေး
ဘယ်သူသိနိုင်မလဲ စိတ်မှာတကယ်တမ်းဆွေး... နေ
ကိုယ့်ကိုအကြာကြီးမခွဲသွားပါနဲ့
ခဏဆို ခဏလေးနဲ့ပြန်ခဲ့
ငယ်ငယ်က သူငယ်ချင်း
နင်မှတ်မိနိုင်မလားတွေး
အိမ်မက်ချိန်တွေတိုင်း အမြဲပြန်တယ်
ကျောင်းတော်ရယ် အပေါင်းအသင်းစုံတယ်
အို မွေးရပ်မြေ
အို ပြန်ခဲ့ပေါ့လေ
ဟိုးတုန်းက နှလုံးသားထဲမှာချစ်ခဲ့ကြတဲ့
အတူကြီးပြင်းခဲ့တဲ့ ကျောင်းသွားကျောင်းပြန်
တို့ငယ်သူငယ်ချင်း
သူမျှော်နေမှာလား သူကြိုနေမှာလား
ရင်ထဲလွမ်းနေ...
လေတိုက်တိုင်းပဲ အရိပ်တို့လှုပ်ခါ အေးမြအရိပ်နဲ့
တို့အားလုံးပဲ ကစားခဲ့ကြတဲ့ ထနောင်းပင်အိုလေး
သူကြိုနေမှာလား သူငိုနေမှာလား
ရင်ထဲလွမ်းနေ...
အို မွေးရပ်မြေ...
အရင်တုန်းက ကိုယ့်နှလုံးသားထဲမှာရှိခဲ့ဖူးတဲ့
ကိုယ်ကျိတ်မှိတ်လို့ ထားခဲ့ရတဲ့
ကိုယ့်ငယ်သူငယ်ချင်း
သူကြိုနေမှာလား သူငိုနေမှာလား
ပြန်ပြီးလွမ်းနေ
လေတိုက်တိုင်းပဲ အရိပ်တို့လှုပ်ခါ အေးမြအရိပ်နဲ့
တို့အားလုံးပဲ ကစားခဲ့ကြတဲ့ ထနောင်းပင်အိုလေး
သူကြိုနေမှာလား သူငိုနေမှာလား
ရင်ထဲလွမ်းနေ...
ဟိုးတုန်းက နှလုံးသားထဲမှာချစ်ခဲ့ကြတဲ့
အတူကြီးပြင်းခဲ့တဲ့ ကျောင်းသွားကျောင်းပြန်
တို့ငယ်သူငယ်ချင်း
သူမျှော်နေမှာလား သူကြိုနေမှာလား
ရင်ထဲလွမ်းနေ...
အို မွေးရပ်မြေ.