လေသယ်ဆောင်ရာရွေ့ချိန်ဝယ်
ကိုယ်ပြန်လာမှာကို မျှော်လင့်ရင်း
ဒီအချိန်တွေဆိုသူလေလွမ်းနေမယ်
ပန်းခင်းလေးတွေရယ် အမြဲတမ်းလည်း
လှတဲ့ပန်းရောင်စုံတွေဖူးပွင့်နေ
အကြင်နာလက်တို့နဲ့သူခူးပေးမယ်
နေ့ရက်လေးများကိုတမ်းတတယ်
အချစ်ကလွဲလို့ဘာမှလည်းမလိုတယ်
အချစ်ကလူ့ဘဝကြီးရဲ့အနက်အဓိပ္ပါယ်
မင်းနဲ့တို့ရဲ့အချစ်တွေရှိမယ်
ဒီမြို့လေးထပြန်ဆုံတွေကြစို့ကွယ်
လေပြေတွေဟာတို့ကိုလာနှုတ်ဆက်
တိမ်ပျော်ငှက်တို့မိုးထက်ဝဲပျံဆဲ
အဝေးကတောင်ပြာတွေ