အနားယူဖို့ ငြင်းဆန်ခဲ့တဲ့ တယ်ရီ

boylay(25)
Published in
#player
Words
90
Reading
1 min
Listen
Play
8y

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖော်ပြခဲ့တဲ့ သတင်းတစ်ရပ်ကို အင်္ဂလန် လက်ရွေးစင်ကစားသမားဟောင်း ဂျွန်တယ်ရီအနေနဲ့ ငြင်းဆန်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားအနေနဲ့ သူ့ရဲ့ ကစားသမားဘဝကို အက်စတွန်ဗီလာအသင်းနဲ့ လမ်းခွဲပြီးနောက် မြက်ခမ်းစိမ်းပေါ်ကနေ ထွက်ခွာဖို့ ရှိနေပြီလား ဆိုပြီး မီဒီယာများက ဖော်ပြခြင်း ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နဲ့ နောက်တန်း ကစားသမားဖြစ်တဲ့ တယ်ရီကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စဉ်းစားနေကြောင်းသာ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် အကောင့် အင်စတောဂရမ်မှာတော့ “အတည်ပြုရမယ်ဆိုရင်တော့ အနားမယူသေးပါဘူး။ အခုလောလောဆယ်မှာတော့ မိသားစုနဲ့ အတူ အားလပ်ရက်တွေ ပျော်ရွင်စရာများနဲ့ ဖြတ်သန်းနေတုန်းပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စဉ်းစားအုံးမှာပါ” လို့ ရေးသားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျွန်တယ်ရီကတော့ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၇၈ ပွဲကို အင်္ဂလန်အသင်းအတွက် အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဗီလာအသင်းနဲ့အတူ ပြီးခဲ့တဲ့ ရာသီကို ကုန်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ကစားသမား ဂျွန်တယ်ရီကတာ့ သူ့ရဲ့ ကစားသမားဘဝ ၁၉ နှစ်လောက်ကို လန်ဒန်ကလပ် ချယ်ဆီးအသင်းနဲ့အတူ ကုန်ဆုံးခဲ့တဲ့ ဂန္တဝင်နောက်တန်း ကစားသမားတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ ကစားသမားကောင်း တစ်ဦးလည်း ဖြစ်နေပါတယ်။

Ref: Skysports

For #wow boxfoodball

အနားယူဖို့ ငြင်းဆန်ခဲ့တဲ့ တယ်ရီ | Ecency