📝📝

Words
954
Reading
5 min
Listen
Play
8y

ဒီရက်ပိုင်းမှာ ပြန်ဖြေပေးခဲ့တဲ့ စာဖတ်သူတို့ရဲ့ မေးခွန်းလေးတွေ

အကြည့်ခြင်းဆုံမိတာကနေ အေးရင်ကြူးတာအထိ စုံနေတာပဲ....စိတ်ဝင်စားစရာမေးခွန်းလေးတွေပါ။

Q 1.
ဆရာ
ကြက်ဥ ဖောက်ပြီး အနှစ်ကို ပန်းကန်ထဲ ထည့်တာကို Eng လိုဘယ်လိုပြောရလဲ ဗျ။

A.
Crack the egg and put the yolk on a plate.

Q 2.
ဆရာရှင့်။ ဂျစ်ကန်ကန်ကလေး ဆိုတာကို English လို ဘယ်လိုသုံးပါသလဲရှင့်။အဖြေအတွက် ကြိုပြီး ကျေးဇူးတင်ပါတယ်ရှင့်။

A.
a contrary child
a naughty child
ဂျစ်ကန်ကန်၊ ကပ်တတ်တတ်ကလေး

Q 3.
လူမှုအကျိုးပြုလုပ်ငန်းကို English လို ဘယ်လိုခေါ်လဲဆရာ။

A.
philanthropy= ပရဟိတအလုပ်

Q 4.
ဆရာ အေးယာဉ်ကြူးတာကို ဘယ်လိုပြောပါသလဲခမျာ မေ့နေတာအတော်ကြာပြီ။

A.
sing an elegy
sing a funeral song

Q 5.
ဆရာကြီးရှင့် တင်ထားတဲ့ပိုစ့်နဲ့တော့မဆိုင်ပါဘူးရှင့်။
ရဟန်းဝတ်တာ
သီလရှင်ဝတ်တာကိုengလိုဘယ်လိုသုံးလို့ရပါသလဲရှင့်။

A.
enter the monkhood ဘုန်းကြီးဝတ်သည်
become a nun သီလရှင်ဝတ်သည်
enter a convent ကတော့ ခရစ်ယန်သီလရှင်ဝတ်တာ

Q 6.
စာအုပ်ထုတ်ဝေမယ့်အစီအစဉ်မှာ သူဟာ ထုတ်ဝေသူ မရှိတဲ့ အခက်အခဲ ကြုံနိုင်တယ်ဆို ဘယ်လိုရေးရမလဲ ဆရာ။

A.
In his plan to get his book published, he may not be able to find a willing publisher.

Q 7.
Hi sayar! What about အသက်နဲ့မလိုက်အောင် တည်ငြိမ်တယ်? 😊

A.
He is wise beyond his years.
He has/is an old head on young shoulders.
He has/is an old soul.
He is quite mature for his young age.
ဒီဝါကျတွေအားလုံးဟာ "သူဟာ အသက်နဲ့မလိုက်အောင်တော်တယ်၊ ရင့်ကျက်တယ်၊ တည်ငြိမ်တယ်" လို့အဓိပ္ပါယ်ရပါတယ်။

Q 8.
ဆရာ မင်္ဂလာ ပါရှင့်
အရင်က လူကြီးမင်းကျမကို research အတွက်ကုန်ကျစရိတ်ပေးမယ်ပြောထားတာ အခုအဲ့စရိတ်ကိုတောင်းလို့ရပြီလား
ဆိုတာ ကိုရေးပြပါဆရာရှင့်။

A.
You once told me that you would cover the expense of my research. Can I claim for it now?

Q 9.
နင့်ကြောင့်ငါ သိက္ခာကျတယ်ဆိုတာ ဘယ်လိုရေးရလဲရှင့်။

A.
I lost face because of you.
to lose face ဆိုတာ မျက်နှာပျက်ရတာ၊ သိက္ခာကျတာ။

Q 10.
"ချင်းစိမ်းနဲ့မိသလင် သူကြင်မှကိုယ်ကြင်''

''ခွေးလေးအရောဝင် ပါးလျက်နားလျက်'' ကိုဘယ်လိုရေးရမလဲဆရာ။

A.
Love is a two-way street.

Familiarity breeds contempt.

Q 11.
မင်းဆင်းရမယ့်ကားမှတ်တိုင်ရောက်ဖို့ ၂မှတ်တိုင်လိုသေးတယ်ကို ဘယ်လိုပြောလဲ ဆရာ။

A.
Two more stops before your bus stop/station.

Q 12.
House by the lakeကို ဘယ်​လိုဘာသာပြန်​ရမလဲ ဆရာ။

A.
ရေကန်ဘေးကအိမ်
ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ဟာ a house by the lake
lakeside house ဆိုလည်း အတူတူပါပဲ။

Q 13.
မင်္ဂလာပါ ဆရာ...
I happen to know her sister.
I happened to have some money ကို ဘယ်လို ဘာသာပြန်ပါလဲ ဆရာ ... happen to + V(inf) အသုံးလေး သိချင်လို့ပါ ဆရာ။

A.
happen to ဆိုတာ တမင်မဟုတ်၊ လုပ်မိရက်သားဖြစ်နေတာ၊ ရည်ရွယ်ပြီးလုပ်တာတော့မဟုတ် မတော်တဆ ကြုံတာမျိုး။
I happened to walk past your house last night.
ငါမနေ့ညက မင်းရဲ့ အိမ်ရှေ့ကတောင် ဖြတ်လျှောက်မိသေး။

Q 14.
ဆရာ
'လွန်​ခဲ့တဲ့ ၁၈ နှစ်​​ကျော်​ကို ပြန်​သွားရ​အောင်​။ ' ကို
Let's go back over eighteen year ! ဆိုရင်​ မှန်​လား ဆရာ။

A.
Let's go back over 18 years ago.
or
Let's go back in time for a span of 18 years.

Q 15.
မင့်ဘာလုပ်နေလဲ လို့တစ်ယောက်ယောက်ကမေးရင်
"ငါနွားကျောင်းနေတယ်"လို့ ရေးချင်ရင်ဘယ်လိုရေးရမှာလဲခင်ဗျ။
လေးစားစွာ.....

A.
I am tending cattle.
to tend cattle= နွားကျောင်းသည်

Q 16.
"ကျွန်‌‌တော်‌နဲ့အတူ ဓာတ်‌ပုံတစ်ပုံလောက်‌ရိုက်‌နိုင်‌မလား " ကို Eng လို ‌လေးသိချင်‌လို့ပါ။

A.
Can we take a photo together?
သို့မဟုတ်
Would you mind taking a photo with me?
သို့မဟုတ်
Let me take a photo with you.

Q 17.
sainthood က
ဘာပြောတာလဲဆရာ
He was able to attain sainthood.ဆိုတဲ့ဝါကျမှာ။

A.
Saint ဆိုတာ သူတော်စင်၊ သူတော်ကောင်းအဖြစ် တရားဝင်သတ်မှတ်ဂုဏ်ပြုခြင်းခံရတာပါ ဘုရား။
St.Paul တို့ St.John စတဲ့ နာမည်ကြီး ကျောင်း၊ ဈေး တွေ ဟိုးတုန်းက ရန်ကုန်မှာရှိခဲ့ဖူးတယ်။ အဲဒီ သူတော်စင်တွေရဲ့ နာမည်ကို ဂုဏ်ပြုတာမျိုးပါ ဘုရား
sainthood ကတော့ သူတော်စင်အဖြစ် သတ်မှတ်ခံရခြင်း။

Q 18.
" ​စေတနာထား "တာကို ဘယ်​လို​ရေးရလဲ ဆရာ..

A.
He has good intention.
His intentions are good.
He means it well for everyone.

Q 19.
ဆရာ
အသက်ကြီးလို့ သူငယ်ပြန် တာကိုဘယ်လိုပြောရမလဲခင်ဗျာ။

A.
senile ဆိုတဲ့ adjective ကိုသုံးပါ။
to get senile
to go senile ဆိုပြီးသုံးပါ။
He is getting/going senile.
သို့မဟုတ်
He is in his second childhood. (ဒုတိယအကြိမ် ကလေးပြန်ဖြစ်နေပြီတဲ့)

Q 20.
အကြည့်​ချင်းဆုံသည်​ကို ဘယ်​လို​ပြောမလဲ ဆရာ။

A.
eyes meet မျက်လုံးတွေဆုံတွေ့တယ်လို့သုံးတယ်။
Our eyes meet.
Their eyes meet.

Q 21.
ပွဲမဝင်ခင် ပြင်ကကျင်းပ ဆိုတဲ့၊ ကြိုသင်ပြင်ဆင်သင့်ကြောင်း စကားပုံကို အင်္ဂလိပ်လိုဘယ်လိုပြောပါလိမ့် မေ့သွားလို့မေးပါရစေနော်။ ပွဲမဝင်ခင် ပြင်ကကျင်းပ ဆိုတဲ့ စကားပုံကိုပါ။

A.
He who is well prepared has half won the battle.

Q 22.
ဆရာတခုလောက်မေးပါရစေ
Someone needs determination,intelligence,aggression,being hardworking and being lucky to become succssful from nothing. အဲထဲက aggression ကို မြန်မာလို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရင်အဆင်ပြေနိုင်မလဲဆရာ။

A.
aggression= လုပ်ရဲကိုင်ရဲရှိရမယ်၊ ဇ ရှိရမယ်

Q 23.
ဆရာ ရှင့်​ small stupas ဆိုတာ ဘာ အဓိပ္ပါယ်​ လည်း မသိဘူးဖြစ်​​ ​နေလို့ ဆရာ dictionary ထဲမှာ ရှာတာမ​တွေ့လို့ပါ ဆရာ . ​ကျေးဇူပါ ရှင့်​။

A.
stupa= (စေတီ) ပုထိုး

Q 24.
သူ့ကို​ငွေနဲ့​ပေါက်​လိုက်​လို့ရတယ်​ကိုဘယ်​လို​ရေးလို့ရမလဲဆရာ။

A.
He can be bought.

Q 25.
မီးဘေးရှောင်မလောင်ခင်တား ကိုဘယ်လိုပြောရမလဲ ဆရာ။

A.
Think fire safety before it starts.

Q 26.
ဆရာ အချိန်တန်ရင် ဆိုတာကို ဘယ်ရေးလဲဆရာ၊
I'll show you what is that မှာ ကျန်တော် အချိန်တန်ရင် ဘာလဲဆိုတာ ပြမယ်လို့.....အချိန်တန်ရင် မရေးတတ်လို့ဆရာ....

A.
in due time= အချိန်တန်ရင်၊ အချိန်အခါကျရောက်ရင်

Q 27.
တာဝန်​​ပေးထားတဲ့အလုပ်​ကိုအရမ်းပြီးချင်​​စောများတယ်
deadline မမှီမှာကိုစိုးရိမ်​တယ်​ဆိုတာကိုဘယ်လိုပြောလဲ။

A.
I am very eager to complete the work assigned to me; I am worried that I will not meet the deadline.

Q 28.
ဆရာကြီး ခင်​ဗျာ
တင်းလွန်းလျှင်ပြတ်
လျော့လွန်းလျှင်ပတ် စကားပုံ ကို အင်္ဂလိပ်လို မည်ကဲ့သို့ ရေးရပါမည်လဲ ဆိုတာ ဖြေကြားပေးဖို့ မေတ္တာရပ်ပါတယ် ခင်​ဗျာ ။

A.
Be neither too strict nor too lenient.
လို့ပဲ အနှစ်သာရပေါ်အောင်ပြန်ပေးလိုက်တယ်

Q 29.
ဆရာ That's in about a minuteကို ပြီး​တော့မှာ ရထားဆိုရင်​ ထွက်​​တော့မှာ ;ဟင်းချက်​တာဆိုရင်​ ကျက်​ခါနီးလို့ သုံးလို့ရလားဆရာ။

A.
The train is leaving in about a minute.
The food will be ready in about a minute.

Q 30.
နိုင်​ငံ​တော်​ဖွံ့ဖြိုးတက်​​ရေးအတွက်​ [တစ်​ဘက်​တစ်​လမ်း]မှ ပါဝင်​​ဆောင်​ရွက်​...
အဲ့ဒီမှာပါတဲ့ တစ်​ဘက်​တစ်​လမ်း ကို ဘယ်​လို​ရေးပါသလဲဆရာ...

A.
in small ways
in my little ways
ကိုယ်တတ်နိုင်သလောက်လေး နည်းသည်များသည်မဟုတ်

Q 31.
ဆရာ ဘောလုံးပွဲမှာ တသင်းနဲ့တသင်းအပြန်အလှန်အကြိတ်အနယ်ကန်တာ ကိုဘယ်လိုပြောရမလဲ ခင်ဗျ။

A.
tussle
battle with
strive against
အဲဒီ verb တွေသုံးပါ။

Q 32.
ဆရာခင်​ဗျာ kick-off meeting နဲ့ warp-up meeting ဆိုတဲ့ အဓိပ္ပာယ်​ /သ​ဘောတရား သိချင်လို့ပါခင်​ဗျာ ​လေးစားလျက်​​။

A.
kick off= စတင်သည်
wrap up= နိဂုံးချုပ်အဆုံးသတ်သည်

Q 33.
တံခါးကိုစေ့ပဲထားခဲ့ကို English လို ဘယ်လိုပြောရတာလဲ ဆရာ
သမီး ခဏခဏ အခက်ကြုံနေလို့ပါ ဆရာ။

A.
Leave the door ajar. ခပ်ဟဟလေးထားပါ

Leave the door unlocked. သော့မခပ်ထားနဲ့

Q 34.
ဆရာ
လက်တစ်ကမ်းအလိုကို ဘယ်လိုပြောရမလဲခင်ဗျာ။

A.
within reach
within one's reach
Success is within your reach now.
အောင်မြင်မှုက မင်းရဲ့ လက်တစ်ကမ်းမှာ။

Q 35.
ဆရာ ​ယောကျားဖြစ်​ပြီး လူလို​ပြောနားမလည်​ လူလိုမသိ လူလိုတာဝန်​မယူတက်​တဲ့​ကောင်​ စိတ်​ဓာတ်​​အောက်​တန်းကျသူ စိတ်​ထား​ကောက်​ကျစ်​သူ ကို အင်္ဂလိပ်​လိုဘလို​ပြောပါသလဲရှင့်​။

A.
douchebag
ဒုရှ် ဘက်ခ်... လို့အသံထွက်ပါ

Q 36.
"မမှားသောရှေ့နေ မသေသောဆေးသမား"

"​တောင်းမှာ အကွပ်​ လူမှာ အဝတ်​"

ဆရာ ဒီစကားပုံ Eng လို ဘယ်​​ရေးရမလဲခင်ဗျား
ကျွန်​​တော့ကိုလာ​မေးတာ မ​ဖြေတတ်​လို့ပါဆရာ။

A.

  1. To err is human.
  2. Clothes make the man.

Q 37.
make a song and dance about sth ဆိုတာကို
အရေးမကြီးတာကို ပုံကြီးချဲ့၊ဇာချဲ့တယ်၊ အရေးမပါတာ အရေးလုပ်တယ်လို့ ပြောလို့ရပါသလားဆရာ :-)

A.
ဟုတ်ပါတယ်။
ဒါလေကိုများ ပြူးတူးပြဲတဲတွေထလုပ်ပြနေတယ်တို့၊ ပိုလိုက်တာကွာတို့ လို့ပြောသလိုပေါ့

Q 38.
ဆရာရှင့် black ထက်မှောင်ရင် dark ထက်မှောင်ရင် Eng လိုဘယ်လိုပြောလဲရှင့်

A.
pitch-black

Q 39.
အဝိဇ္ဇာဖုံးသလိုမှောင်တာမျိုးဆိုရင် ရော ဘယ်လိုသုံးရလဲရှင့် ကျေးဇူးပြုပြီးပါဆရာ။

A.
blinded by ignorance

Q 40.
အမာရွတ်​ ကိုဘယ်​လို​ရေးရလဲ ဆရာ
မသိလို့ပါ။

A.
scar= အမာရွတ်၊ အနာရွတ်

Q 41.
ဆရာ at times က ဘယ်​လိုအဓိပ္ပါယ်​ရပါသလဲ။

A.
at times= sometimes

Q 42.
ဖြစ်တော့မယ်ဆိုတာငါသိနေတယ် ကိုဘယ်လိုပြောရလဲဆရာ။

A.
I saw it coming.
to see it coming လို့မှတ်ထားပါ။

Q 43.
ဆရာ အချိန်ကကုစားသွားတာကို ဘယ်လိုရေးရလဲဗျ။

A.
Time will heal everything.

Q 44.
ဆရာ lame-duck ဆိုတာ ဘာကို ပြောတာလဲဗျ

A.
ရာထူးမှ ဖယ်ပေးရတော့မဲ့ သမ္မတ
lame-duck President

Q 45.
ဆရာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတယ်ဆိုရင် ဘယ်လိုပြောရမလဲ။

A.
They arrived all of a sudden.

Q 46.
ဟုတ်ကဲ့ဆရာ..
ရရစားစား နေကြရတယ်ဆိုရင်ရော ဘယ်လိုပြောရမလဲ
ဖြေပေးတဲ့အတွက်ကျေးဇူးပါ။

A.
They live from hand to mouth.
to live from hand to mouth ကိုမှတ်ထားပါ။

Q 47.
Eng စာ ​က ခပ်​လို့မကုန်​နိုင်​တဲ့ နတ်​ရေတွင်းလိုပဲ​နော်
ကျေးဇူးပါဆရာ စကားမစပ်​ဆရာအဲ့တာကိုEng လိုဘယ်​လို​ရေးရမလဲဆရာ

A.
English is like a bottomless pit.
image
With love,
bokaung@bokaung

📝📝 | Ecency