(ပထမဆုံးရေးသော ကဗျာ)
(ဘာသာပြန်ပေးလိုက်ပါတယ်ရှင့်)
သို့ပေမဲ့လည်း . . . . .
😎😎😎😎😎😎
ဘဝကခက်ခဲ၊ ရုန်းကန်ရတဲ့အထဲ
ရှင်သန်ချိန်မကြာညောင်းလည်း
နှလုံးသားက ချစ်ခွင့်ကိုတောင်းနေဆဲ
ပညာကနုနယ်၊ လက်တွေ့လည်း သိမကြွယ်
မတတ်သိတာတွေများ၊ သုံးမဝင်လှသော်ငြား
ရူပါကချူ ခြာ၊ စတိုင်ကခပ်ပဲ့ပဲ့
လျှော့တော့မတွက်လေနဲ့အမိ
အပြောကတော့ ကြွေလောက်၏
ခေတ်မီမီဝတ်မထား၊ ဆံပင်က စုတ်ဖွားဖွား
သမိုင်းတွင်စရာ သိပ်မများ၊ လုပ်ရပ်က ခပ်ရှားရှား၊
အတည်တကျကမရှိ၊ ကြုံရာဘိဝင်ခွေ
လူနေတော့ခြုံ ကြား၊ အပြောကတော့ဘုံဖျား၊
ပင်စင်စားမိဘကတစ်ဖက်၊ ငွေတွင်းကနက် စီးပွားကခက်
အရှုံးသမားတော့အဖြစ်မခံ၊ ကြုံးထားတယ် အားမာန်၊
အိပ်မက်တွေမှိန်နေဆဲ၊ အောင်မြင်မှုတွေ ကြုံခဲလည်း
ရင်တွင်းသီချင်းကို ဆိုညည်းမြဲ။
ၸ
နေ့စဉ်အချိန်မှန် ဆောင်ရွက်မြဲ
ငါ့ညတွေရှည်လျားလည်း၊ ငါ့အတွေးတွေခိုင်လုံဆဲ။
သာမန်လူသားဘဝ၊ အညတြဖြစ်ပေမဲ့လည်း
လူတစ်လုံးသူတစ်လုံးတော့ ဖြစ်ချင်နေဆဲ။
ပတ်ဝန်းကျင်ကဆူဆူညံ ကလေးတွေကပွက်လောညံလည်း
ချစ်သူမင်းအကြောင်းပဲ တွေးမိပြန်တရစ်ဝဲဝဲ။
နှလုံးသားကအသစ်ပေမဲ့လည်း၊
အချစ်တွေပြည့်လျှံ၊ ခံစားချက်က အမှန်အကန်ပါချစ်သူ။
အမုန်းမဖက် ချစ်လျက်နဲ့သာနေပေးပါ
တစ်သက်တာ အနားမခွာယုယမယ့်သူပါ။
ကိုယ့်အချစ်က ကြီးမြတ်လှတာမို့၊ နောက်တစ်ယောက်မြင် ပစ်ခွာမသွားဖို့
ယုံစမ်းပါ ကိုယ့်စေတနာလို့။
ကိုယ့်ရဲ့ တန်ဖိုးကြီး ချစ်သူကော်ဖီလေးမို့
ဆောရီးမပြောဘဲ “မောနီး” ပြောပါနော်။
အတူရှိနေချိန်တွေမှာ မင်းကမြူးပျော်ရွှင်လန်းတော့
ကိုယ်လည်းပဲ အပျော်တွေကူးကာ မခွဲစတမ်းပေါ့။
ချစ်သူ့နှုတ်ခမ်းဟာ စွဲမက်စရာ ဆွဲပစ်ကာ
ဘဝင်ခိုက်အောင်သာ အော်လိုက်စမ်းတော့ကွာ။
အသည်းကနုနု၊ အညှာကလွယ်လွယ်၊
ဖြားယောင်းရလွယ်သနဲ့ ချစ်မိပြီပေါ့ချစ်သူရယ်။
စက္ကန့်လေးရဲ့ဆယ်ပုံတစ်ပုံကို ကြာတယ်ထင်
ထွေးပိုက်ပါတော့ မင့်ရင်ခွင်၊
အပြေးလှမ်းလို့ ဝင်လိုက်ချင်၊
အို . . . . ပြောနေကြာတယ် . . . .လာထားကွယ် . . .
အယ်လဲ့
😁😁😁😁😁
Although . . . . .
life is hot,
size is short,
heart is unlocked,
knowledge is young,
experience is none,
skill is unlearned,
appearance is boring,
style is nothing,
talking is interesting,
fashion is antique,
hairstyle is handmade,
memory is bandaged,
dwelling is unstable,
staying in situational,
saying is incredible,
parents are retires,
family is poor,
I am not a loser,
dream is dimmer,
wins are disappeared,
my sing is sincere,
thoughts are clear,
days are similar,
nights are longer,
person of ordinary,
actually, nobody,
still wanna be somebody,
neighbours are noisy,
kids are naughty,
fancying you baby,
heart is new,
love is full,
feeling is true,
hate me never,
love me ever,
serve you forever,
my love is great,
don't try the next,
please trust my sake,
you're my coffee,
never say sorry,
just say "Morning!",
we are in gathering,
you are amusing,
I am your following,
lips are sweety,
try them hurry,
yell out "Yummy!",
l love you crazily,
I'm stusk on easily,
I need you urgently,
so, you keep me heartedly,