📝📝📅

Words
901
Reading
5 min
Listen
Play
8y

English Grammar အားနည်းသူများအတွက်

Demonstractive Pronouns

Demonstractive pronoun ​ဆိုတာက noun ရဲ့ ​နေရာ ဒါမှမဟုတ်​ noun phrase ရဲ့​နေရာမှာ အစားသုံးတဲ့ pronoun ​တွေပါ
ဒီ pronoun ​တွေက အ​ဝေးမှာရှိတာ အနီးမှာရှိတာ ​လော​လောဆယ်​ဖြစ်​တာ အတိတ်​မှာဖြစ်​ခဲ့တာ
ဒါ​တွေကို ကိုယ်​စားပြုပါတယ်

Demonstractive pronoun စုစု​ပေါင်းမှ (7) လုံးပဲရှိပါတယ်
1)this
2)that
3)these
4)those
5)none
6)such
7)neither

ဒီ (7) လုံးမှာ အဓိကအသုံးများတာ​တွေကအ​ပေါ်က (4) လုံးပါပဲ
ဒီ (4) လုံးကိုအမျိုးအစားခွဲရင်

1)this

Singular ပါ . တစ်​ခုကိန်းအ​နေနဲ့သုံးပါတယ်
nearby ပါ . အနီးမှာရှိတာ​တွေကို ကိုယ်​စားပြုပါတယ်
ဥပမာ-

This isn't mine.
ဒါကငါ့ဟာမဟုတ်​ဘူး

Singular အ​နေနဲ့သုံးလို့ is နဲ့တွဲပါတယ်
သူ​ပြောတဲ့ this က သူ့အနီးမှာရှိတယ်​လို့ယူဆပါတယ်

2)that

Singular ပါ . တစ်ခု​ကိန်းအ​နေနဲ့သုံးပါတယ်
far away ပါ . အ​ဝေးမှာရှိတာကို ကိုယ်​စားပြုပါတယ်
ဥပမာ-

Give me that.
ငါ့ကိုအဲဒါ​လေး​ပေးပါ

အဲဒာ​​လေးဆိုတာ တစ်​ခုတည်းပါ (singular ​)
အဲဒါ​လေး​ပေးခိုင်းမှ​တော့ သူနဲ့​ဝေး​နေလို့​​ပေါ့

3)these

Plural ပါ . အများကိန်းအ​နေနဲ့သုံးပါတယ်
nearby ပါ . အနီးမှာရှိတာကို ကိုယ်​စားပြုပါတယ်
ဥပမာ-

These are our friends.
ဒါ ငါ့တို့သူငယ်​ချင်း​တွေ​လေ

Plural ဆို​တော့ are နဲ့တွဲတယ်
our friend ​တွေက အနီးမှာရှိပါမယ်

4)those

Plural ပါ . အများကိန်အ​နေနဲ့သုံးပါတယ်
far away ပါ . အ​ဝေးမှာရှိတာကို ကိုယ်​စားပြုပါတယ်
ဥပမာ-

I forgot to bring those.
ငါဒါ​တွေကို ယူဖို့​မေ့လာပြီ

Plural လို့ယူဆပါတယ်
မယူခဲ့ရ​တော့ သူနဲ့​အ​ဝေးမှာရှိပြီ​ပေါ့

Demonstractive pronoun ​တွေက abstract thing(ဥပမာ-idea)​တွေအစားလဲသုံးနိုင်​ပါတယ်​ (​abstract - ဒြပ်​မဲ့)
ဒါဆို pronoun ​လေးလုံးကဒီလိုဖြစ်​ပါမယ်

this - singular/current(​လော​လောဆယ်​)
that - singular/past(အတိတ်​)
these - plural/current(​လော​လောဆယ်​)
those - plural/past(အတိတ်​)
ဥပမာ-

I really love this!

(present tense ပါ)

That was so cool.

(past ဆို​တော့ was နဲ့တွဲတယ်​)

These are the time I remember to stay calm.

(present ကို singular ဆို​တော့ are နဲ့တွဲတယ်​)

Those were some fantastic days,right?

(were ​လေးနဲတွဲတာ​ပေါ့ plural,past ဆို​တော့)

လေရှည်​တာနည်းနည်းများသွားရင်​ အဲဒီ အဓိက​လေးမျိုးကို ပြန်​အနှစ်​ချုပ်​ပါမယ်​😁

this - singular / nearby / current
this - တစ်​ခုကိန်း / အနီးအနား / ​လော​လောဆယ်

that - singular / faraway / past
that - တစ်​ခုကိန်း / အ​ဝေး / အတိတ်

these - plural / nearby / current
these - အများကိန်း / အနီးအနား / ​လော​လောဆယ်

those - plural / far away / past
those - အများကိန်း / အ​ဝေး / အတိတ်

(this နဲ့ that ဘာကွာလဲတို့
these နဲ့ those ဘာကွာလဲတို့ ဆိုတာ​တွေလဲ နားလည်​​လောက်​ပါပြီ
direct speech က​နေ indirect speech ကို​ပြောင်းတဲ့အခါမှာလဲ
this ကို that, these ကို those ​ပြောင်းရတာ ဒါ​ကြောင့်​ပါ
speaker ​ပြောတုန်းက အနီးကပစ္စည်းကို​ပြော​ပေမယ့်​ တစ်​ဆင့်​ပြန်​​ပြော​တော့ အနီးမှာမရှိ​တော့ဘူး​လေ
ဒီလိုပဲ ​ပြောတုန်းက​တော့ ​လော​လောဆယ်​ပဲ တစ်​ဆင့်​ပြန်​​ပြော​​တော့ အတိတ်​ဖြစ်​သွားတာကိုး)

ကျန်​တဲ့သုံးမျိုးထဲမှာ none နဲ့ such က singular ​ရော plural ​ရောသုံးလို့ရပါတယ်
ဥပမာ-

None of this makes sense.
(None က singular ပါ . ဘာလိုလဲဆို​တော့ this က singular ကိုး)

None of the people here seem to like the cake I made.
(ဒီမှာကျ none က plural . People ကများတယ်​​လေ)

Such is the way of life.
(the way of life က singular ဆို​တော့ such လဲ singular)

Such are the rules.
(the rule က plural . ဒီ​တော့ such လဲ plural)

(အချို့ grammar စာအုပ်​​တွေမှာ none က not one လို့ယူဆပြီး singular လို့ပဲ​ပြောတာရှိပါတယ်
အချို့ကလဲ none က not any ဆိုပြီး plural လို့​ပြောတယ်​)

နောက်​ဆုံးတစ်​မျိုး neither က​တော့ singular ​လေးပါပဲ
ဥပမာ-

Neither sounds good to me.
(sound မှာ s ထည့်​ရတယ်​)

I think neither of the twins wants a babysitter.
(twins ဆိုတဲ့ အများနဲ့​ပေါင်းသုံးလဲ neither ပါလို့ singular ပဲယူဆပြီး want မှာ s ထည့်​ရတယ်​)

Demonstractive pronouns vs. demonstractive adjectives and determiners

Demonstractive pronoun ​တွေက demonstractive adjective အ​နေနဲ့ , determiner အ​​နေနဲ့လဲ သုံးလို့ရပါတယ်
ဥပမာ-

She wants to photograph this.
(Demonstractive pronoun)
She wants to photograph this painting.
(Demonstractive adjective)

That is one of my favorities.
(Demonstractive pronoun)
That book is one of my favorities.
(Demonstractive adjective)

These taste the best.
(Demonstractive pronoun)
These chocolates taste the best.
(Demonstractive adjective)

He wanted to to try those.
(Demonstractive pronoun)
He wanted to try those recipes.
(Demonstractive adjective)

Such is the man's poor choice.
(Demonstractive pronoun)
Such men make poor choices.
(Determiner)

Neither is mine.
(Demonstractive pronoun)
Neither locket is mine.
(Determiner)

None က​တော့ demonstractive adjective အ​နေနဲ့သုံးလို့မရပါဘူး
ဥပမာ-

I'll eat none. (မှန်​)
I'll eat none sandwiches. (မှား)

English Grammar အားနည်းသူများအတွက်

===========
Interrogative pronouns
===================
Interrogative pronoun ဆိုတာ အ​မေးနာမ်​စားပါ
ဒီ​တော့ interrogative pronoun ​တွေကို interrogative sentence (​မေးခွန်းဝါကျ​) ​တွေမှာသုံးပါတယ်
interrogative pronoun ​တွေက subject ဒါမှမဟုတ်​ object ​တွေအစားသုံးတယ်
အဓိက interrogative pronoun ငါးမျိုးရှိတယ်
Who , Whom , Whose , Which , What

ဒီ interrogative pronoun ​တွေကိုသုံးတဲ့ပုံစံ သုံးမျိုးရှိမယ်
1)Direct Question
2)Indirect Question
3)Reported Question

1)Direct Question

Direct question ​တွေမှာ interrogative pronoun ​တွေက ဒီ interrogative clause ​ရဲ့ အစ မှာသုံးတယ်
အ​မေးနာမ်​စားဆို​တော့ ​မေးတာ​ပေါ့
subject ဒါမှမဟုတ်​ object ကို​မေးတယ်
ဥပမာ-

1-Who is coming to the party tonight? (Subject)
2-Whom did you ask to fill in for Hla Hla?(object)
3-Whose is this computer?(subject)
4-So,which will it be:yellow or green?(object)
5-What do you expect me to do?(object)
(Whom ကိုသုံးတာက​တော့ အခု modern English မှာ​တော်​​တော်​ရှားလာပါပြီ
ီ grammar သ​ဘောတရားအရ whom က object , who က subject ဆို​ပေမယ့်​ who ကိုပဲ နှစ်​မျိုးလုံးသုံးလာကြတယ်​)

2)Indirect Question

Indirect question ​တွေမှာကျ​တော့ interrogative pronoun ​တွေကဝါကျရဲ့ အလယ်​​လောက်​မှာသုံးတယ်
(Indirect question ​တွေဆိုတာ ယဉ်​ယဉ်​​ကျေး​​ကျေးနဲ့ ​မေးတဲ့ ​မေးခွန်းဝါကျ​တွေ)
ဥပမာ-

1-Could you tell me whose these are?
2-Would you mind telling me which I'm supposed to bring?
3-Do you know what we're doing here?

တစ်​ခုခုသိချင်​တာကို အ​လေး​ပေး​မေးတဲ့အခါလဲ indirect question ​တွေကိုသုံးတယ်
ဥပမာ-

1-She wants who to come to the party?
2-You're going to do what in Magway?
3-He's going to ask whom out on a date?

ဒီဝါကျ​တွေမှာကျ ဒီ interrogative pronoun ​တွေကို emphasis လုပ်​ရတယ်
ဆိုလိုတာက ဒီ who , what , whom ကိုဖိ​ရွတ်​သံနဲ့​ပြောရတယ်
သိချင်​တာကို အ​လေး​ပေး​ပြောတာ

3)Reported Question

Reported question ဆိုတာ reported speech ပုံစံ​ပေါ့
ရှင်း​အောင်​​ပြောရင်​ indirect speech ​တွေပါ တစ်​ဆင့်​​ပြောစကား​တွေ​ပေါ့
ဒီ​တော့ ​နောက်​မှာ question mark ​ထည့်​စရာမလိုဘူး
ဥပမာ-

1-She wants to know whose these are.
2-He wondered which is correct.
3-I asked you what we were supposed to do today.
4-She was wondering who would be coming tomorrow.
5-They asked whom to consult in the matter.

အခြား interrogative pronoun ​တွေလဲရှိတယ်
ဥပမာ-

Whoever would believe such a story?
Whatever could I have done to make you so angry?
Whomever did you ask to accompany you?
Whichever will the gentleman choose,I wonded?

ဒါ​တွေက modern English မှာမသုံးကြ​တော့ပါဘူး
formal speech , formal writing ​တွေမှာ​တောင်​မမြင်​ရ​တော့ဘူး
Old English အသုံး​တွေ​ပေါ့

ဒီ interrogative pronoun ​တွေထဲက whose , which , what သုံးမျိုးက interrogative adjective အ​နေနဲ့လဲ သုံးလို့ရတယ်
adjective ဆို​တော့ noun ရဲ့​ရှေ့မှာသုံးမယ်
ဥပမာ-

What book is your favorite?
Which shirt should I wear?
Whose book is this on the table?
..

image
bokaung@bokaung

📝📝📅 | Ecency