မြန်မြန်ရောက်အောင်

Words
117
Reading
1 min
Listen
Play
8y

တဖြည်းဖြည်းနဲ့တော့ ခရီးက မူလ အစ နေရာကနေ ဝေးသထက်ဝေးလာပါပြီ ခရီးပေါက်လို့လာပြီဟု ပြောလျှင်လည်း ရပါသည်။ ခရီးအဆုံးဟု သက်မှတ်ချက် မထားနိုင်သေးတော့ ပန်းတိုင်သည်လည်း ဘယ်ဆီနေမှန်းမသိသေးပါဘူး ခရီးရဲ့ အစကိုတော့ ကျော်လွန်လာခဲ့ပြီ ဘယ်အထိ လျှောက်မှာလဲ ဒါကတော့ အခုထိ အဖြေမရှိသေးပါဘူး ဘယ်အထိသွားလို့ရမှာလဲနဲ့ ဘယ်အထိ ရောက်မှာလဲ ဆိုတာက ကိုယ်တိုင်လည်း ဇဝေဇ၀ါ ဖြစ်နေပါတယ် ဒါကြောင့် အဆုံးမသိသေးတဲ့ ခရီးပေါ့ အဲ့ဒီ အဆုံး မသိသေးတဲ့ ပန်းတိုင်နဲ့တော့ တဖြည်းဖြည်း နီးလာတယ်လို့ ဆိုလျှင်လည်း ရပါတယ်

ယခုချိန်ထိ ဒီလမ်းပေါ်မှာ ရှိနေသေးတဲ့ ကိုယ့်ကို ကိုယ်လည်း နဲနဲတော့ ဂုဏ်ယူချင်မိပြန်ပါတယ် ဒီလောက်ထိ စိတ်ရှည်တက်တဲ့ ကိုယ်ပါလားလို့ မိမိကိုယ်ကို အသိအမှတ်ပြု မိတဲ့အထိပါဘဲ ဘယ်တုန်းကမှ ဒီလောက်ထိ စိတ်ရှည် တက်တဲ့သူ သည်းခံတက်တဲ့သူ စောင့်စားတက်တဲ့သူလို့ မထင်မိခဲ့ပါ။ ယခုတော့ ထိုအရာတွေ ကိုယ့်မှာ အမှန်တကယ် ရှိလို့နေသည်ဘဲ

တစ်ခါတစ်ရံတော့လည်း ရှက် ရွံ့အားငယ် စိတ်အချို့ ၀င်လာမိတာပါဘဲ ကိုယ်လျှောက်တဲ့လမ်း ကိုယ်သံသယ ဖြစ်နေမိတက်တယ် ဟုတ်ကော ဟုတ်ပါ့မလား ငါလုပ်နေတာက တစ်ခုခု ဖြစ်မလာရင်တော့ သေပြီ ဆုံးရှုံးရမှာတွေက များတယ် ငွေကြေးတစ်ခုတည်းမဟုတ် အဲ့ဒီလို အတွေးဆိုးတွေ ၀င်လာရင် တော်တော် ခံစားရခက်ပါတယ်

ဘာပြောပြော ဒီအထိရောက်လာမှတော့ ပေါက်တဲ့နဖူး မထူးပြီဟု စိတ်ကို ဒုန်းဒုန်း ချနေနိုင်ပါလေပြီ ခရီးအဆုံး မသိလည်း အဆုံးထိတော့ လျှောက်တော့မည်။ ဘယ်လိုလျှောက်သနည်း ဖြေးဖြေးနဲ့မှန်မှန် လျှောက်လို့နေပါတယ် ဖြေးဖြေးနဲ့ မှန်မှန်သွားတာက မြန်မြန်သွားနေသကဲ့သို့နှယ် ခရီးတွင်ပါလေသည်။ဘယ်အထိရောက်မှာလဲဆိုတာတော့ လေ့လာ စူးစမ်းဆဲပါဘဲ

@bobokyaw.jpg

Author : bobokyaw@bobokyaw



Posted from my blog with SteemPress : http://www.steemhosting.com/bobokyaw/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9/
မြန်မြန်ရောက်အောင် | Ecency