ရှင်သန်ရာဘ၀များ (၂)

Words
160
Reading
1 min
Listen
Play
9y

FB_IMG_1505998210650.jpg

မိုးလင်းပြီဆိုလျှင် အဲ့ဒီ တဲအိမ်စုစုလေးတွေထဲမှလူတွေ ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးနှင့် ထွက်ပေါ်လို့လာကြလေသည်။
အားလုံးတူညီတဲ့ အချက်တစ်ခုကတော့ အ၀တ်အစားဟောင်းစုတ်စုတ်တွေ ၀တ်ထားကြခြင်းပင်ဖြစ်သည်။
သန့်ရှင်းသပ်ရပ်သောအသွင်အပြင်နှင့် တစ်ယောက်တစ်လေကိုမှ မတွေ့မမြင်ရချေ။ ပထမဆုံး လမ်းမပေါ်တက်လာတာ
က အိတ်ကြီးကြီးတစ်လုံးကို ကျောပေါ်တစ်စောင်းတင်လွယ်လျှက် အနားဖွာနေသေသာစစ်ဦးထုပ်အ၀ိုင်းကြီးကို ဆောင်းထားတဲ့
လူရွယ် တစ်ဦး။ သူကတော့ အမှိုက်ပုံတကာလှည့်လည်လျှက် ပုလွင်းခွံများ ကပ်ထူ စပ်ကူများနှင့် အဟောင်းပစ်စည်းများ
ရှာဖွေသည့်သူဖြစ်ပေမည်။ သူ့နောက်မှာတော့ သူနှင့်အဖော်သုံးလေးယောက် ဖက်ကြမ်းဆေးလိပ်တွေကိုယ်စီနှင့်
မီးခိုးတွေ တအူအူထွက်လျှက် ရွှေ့လျှားလို့နေကြသည်။

FB_IMG_1505998024268.jpg

ပိန်လှီလှီကလေးငယ်လေးအား ခါးထစ်ခွင်လျှက် အသားမဲမဲအမျိုးသမီးတစ်ဦးသည် သူနှင့်အတူပါလာသော လမ်းလျှောက်
ပြေးလွှားဆော့ကစားရင်းလိုက်ပါလာသည့် ကလေးများအား ဆူပူကြိမ်းမောင်းရင်းလမ်းပေါ်တက်လို့လာသည်။ ထိုအမျိုးသမီး
ချီပွေ့ထားသော ကလေးငယ်လေးသည် ဘာကိုအလိုမကျသည်မသိ တစာစာအော်ဟစ်ငိုယိုလျှက်ရှိချေသည်။ ကလေးငယ်
ကငိုသည် မိခင်ဖြစ်သူက အဘိဓါန်ထဲတွင် မပါသောစကားလုံးကြမ်းများ ရောပြွမ်းနေသည့် ဖရုသ၀ါစာ စကားလုံးများ အော်ဟစ်
ရေရွတ်ရင်း ကလေးများအားမာန်မဲနေ၏။သူနှင့်အတူလိုက်ပါလာသော ကလေးများက အဆော့မပျက် တစ်ယောက်နှင့်တစ်
ယောက် ရိုက်ပုတ်ကျီစယ်ပြေးလွှားကြရင်း ရယ်မောပျော်ရွှင်လို့ပင်နေချေသေးသည်။ မူလတန်းအရွယ် ကျောင်းနေအရွယ်ကလေးငယ်များ
ဖြစ်ကြသော် ထိုကလေးများ ကျောင်းဝတ်စုံဝတ်လျှက် ကျောင်းသို့မသွားကြပါ။

FB_IMG_1505998141848.jpg

အရောင်အသွေး မသဲကွဲတော့သော ခပ်နွမ်းနွမ်း အ၀တ်အစားများသာဝတ်ဆင်ထားလျှက် ကလေးအရွယ်နှင့်
မလိုက်ဖက်လွန်းသည့် ဘေးလွယ်အိပ်ကြီးများကို ပခုံးပေါ်တွင် အထုံးထုံးလျှက်စလွယ်သိုင်းလို့လွယ်ထားကြသည်။
လွယ်အိပ်ထဲမှာတော့ ကျောင်သင်ခန်းစာ စာအုပ်များပါလိမ့်မည်မဟုတ်။
ကျောင်းစာသင်ခြင်းသည် သူတို့လေးတွေနှင့်သက်ဆိုင်သည် ဟုပင်တွေးတောနိုင်ဦးမည်မဟုတ်။ကျောင်းဝတ်စုံကို
ဝတ်ဆင်ခွင့်မရခြင်းအတွက် ၀မ်းနည်းရကောင်းမှန်းလည်း မသိမမြင်နိုင်ပါ။ သူတို့နေ့စဉ် ကျင်လည်ရာနေရာသည်ကား
ဈေးရောင်းဈေးဝယ်များနှင့်လူများ စည်ကားရာဈေးကြီးပင်ဖြစ်သည်။ ထိုဈေးသည် သူတို့လေးတွေ၏ နေ့စဉ်သင်ခန်းစာများ
ပို့ချရာနေရာဖြစ်သည်။သင်ယူရာနေရာဖြစ်သည်။ကျင်လည်ရာနေရာဖြစ်သည်။ဈေးတွင်းဈေးပြင်နှင့် ကားဂိတ်များသည်
သူတို့လေးများ၏နှလုံးသားနုနုများကို အသားမာတက်ရန်ပုံသွင်းရာနေရာဖြစ်လေသည်။

FB_IMG_1505998253640.jpg

ထို့နောက်လမ်းပေါ်တက်လာသူကား ချိုင်းထောက်တစ်ဖက်အားပြုလျှက်ခြေတစ်ဖက်မရှိသော လူကြီးဖြစ်သည်။
အသက်အရွယ်အားဖြင့်အင်မတန်ကြီးရင့်ကာ သက်သောင့်သက်သာအနားယူနေထိုင်ရတော့မည့် အရွယ်ဖြစ်သည်။
သားသမီးများ၏ပြုစုစောင့်ရှောက်မှုကိုခံယူထိုက်သည့်အရွယ် အခြေအနေဖြစ်သည်။သို့သော် ဘ၀၀မ်းတစ်ခါးအတွက်
ချိုင်းထောက်အားကိုပြုလျှက် ရပ်ကွက်စုံ လမ်းစုံအောင်လှည့်လည်ပေဦးမည်။ခြေတစ်လှမ်းလှမ်းတိုင်း အားအင်ယူကာ
လှမ်းလျှောက်နေသောထိုလူကြီးအား ကြည့်ပြီးလျှင် အလွန်ပင် စိတ်မောရပေသည်။ ဘဝကံကြမ္မာများကြောက်မက်
ဖွယ်ကောင်းလွန်းလှပေသည်။ ယခုလိုအသက်ကြီးမှ ဒုက္ခ တွေပင်လယ်ဝေရလျှင်တော့ဖြင့် လူဖြစ်ကျိုးမနပ်တော့ပြီ။

ချိုင်းထောက်နှင့်လူကြီးနောက်တွင်တော့ လူကြီးတစ်ယောက်အားတွဲခေါ်လို့လာသော ကလေးငယ်လေးကိုတွေ့ရပြန်သည်
ကလေးငယ်မှာ ရှစ်နှစ်ကိုးနှစ်ခန့်အရွယ်ဖြစ်သည်။ ကလေးငယ်ကရှေ့မှဦးဆောင်လျှက်လျှောက်၏ ။နောက်မှလိုက်ပါလာသော လူရွယ်
အသက်လေးဆယ်ခန့်ရှိပေမည်။ လမ်းလျှောက်သောအခါ ဦးခေါင်းအား အပေါ်သို့အနည်းငယ်မော့လျှက်လျှောက်၏။
ကလေးငယ်ကစကားပြောလျှင်လက်ကိုဆောင့်ဆွဲရသည။် ထိုအခါထိုလူရွယ်သည်ဦးခေါင်းအားကလေးငယ်မှီလောက်သော
အနေအထားသို့ရောက်ရန် ခါးအတန်ငယ်ညွှတ်လျှက်ပေး၏။ အပြန်အလှန်စကားများပြောရင်း တရွှေ့ရွှေ့နှင့် နှစ်ယောက်သား
လျှောက်လို့သွားနေ၏။ အပေါ်သို့သာ ဦးခေါင်းမော့လျှက်နေရခြင်းသည်ကား ထိုသူ၏ မျက်စိနှစ်ကွင်းသည် မျက်တွင်းများ
ဟောက်ပတ်နှင့်ဖြစ်လေသည်။ မျက်လုံးမျက်စံများမရှိချေ။ သြော်မျက်မှန်အနက်လေးတစ်လက်တောင် တပ်ထားဖို့
အဆင်မပြေဘူးထင်ပါတယ်။ဘေးမှမြင်ရသူအဖို့ အလွန်စိတ်မသက်သာစရာမြင်ကွင်းပင်ဖြစ်လေသည်။

ဆက်ပါဦးမည်
bobokyaw@bobokyaw
photo : google image

ရှင်သန်ရာဘ၀များ (၂) | Ecency