အာကာသဂိမ်းဟာဆိုရင်ဖြင့် တကယ့်ကို ကစားအားကောင်းသူ စိတ်ဝင်စားသူအတွက် အင်မတန်ကောင်းလွန်းတဲ့ ဂိမ်းကောင်းတစ်ခုဖြစ်နေပါတယ် ကစားနိုင်သလောက်ကို အကျိုးအမြတ်ရနိုင်ပါတယ် ဘာလို့လဲဆိုတော့ တွေ့သမျှဂြိုလ်တွေကို ရောင်းစားလို့ရတယ်လေ အလကားဖြစ်သွားတဲ့ ဂြိုလ်တစ်လုံးမှ မရှိသေးပါဘူး သူ့တန်ဖိုးနဲ့သူတော့ အားလုံး တန်ဖိုးရှိလို့နေတဲ့အတွက် ရှာဖွေရေးအလုပ်ဟာ အမြဲတမ်းဆန်းသစ်လို့နေပါတယ် ဒီထက်ပိုပြီးကစားနိုင်တယ် စစ်တိုက်ရတာ ၀ါသနာပါတယ် ပါရမီပါတယ်ဆိုသူအတွက်လည်း တန်းစီဇယားထဲ ၀င်နိုင်ခဲ့ရင် အကျိုါ်အမြတ် ဆုကြေးတွေရဦးမှာဖြစ်ပါတယ်
အမြဲတမ်းတော့ ကံမကောင်းနိုင်ဘူးလေ တွေ့တိုင်းလည်း ကံကောင်းတယ်လို့တော့ မဆိုသာပါဘူး ဘာလို့လဲဆိုတော့ ရှာဖွေရေးမှာ တွေးတောနိုင်သူ ဦးနှောက်သုံးနိုင်သူက အခွင့်အရေးသာပါတယ် တွေ့ကရာရှာနေတာထက်တွက်ချက်ပြီးရှာတာကလည်းး ပိုပြီးအခွင့်အလမ်းသာစေတယ်လေ ဂြိုလ်တွေက တစ်နေရာနဲ့ တစ်နေရာ ရှိနေပုံခြင်းက ခပ်ဆင်ဆင်ဖြစ်နေပါတယ် ဒါကြောင့် ခန့်မှန်းတွက်ချက်ခြင်းနဲ့ ပုံသေနည်းတွေ ထုတ်သုံးခြင်းက အလုပ်ဖြစ်စေတက်ပါတယ် တစ်ခါတစ်ရံ အလုံးစုံ တည်နေရာတူညီနေတာလည်းကြုံရပါတယ် ဖြစ်နိုင်ချေ အခွင့်အရေးတွေကို အသုံးချပြီး လုပ်ဆောင်ရတာက ခရီးတွင်စေပါတယ်
ဂြိုလ်အသစ်တစ်လုံးရတဲ့နေ့က အမြဲတမ်း ပျော်စရာနေ့တွေချည့်ဖြစ်ပါတယ် တန်ဖိုးနည်းသည်ဖြစ်စေ များသည်ဖြစ်စေ ပျော်ရတာပါဘဲ နောက်ဂြိုလ်တစ်လုံးထပ်ရဖို့လည်း အခွင့်အရေးဖြစ်စေတော့ ပိုပြီးအားတက်စေပါတယ် အခုလို တွေးတော့လည်း ဒိဂိမ်းက ပျော်စရာဂိမ်းပေါ့ အခက်အခဲတွေကြုံလာပြန်တော့လည်း မကစားချင်တော့လောက်အောင်စိတ်ပျက်မိတယ် အရင်က မကစားတော့ဘူးလို့ တွေးဖူးတယ် ဒါပေမယ့် စတင်းတွေရနေတာ ရခဲ့တာ ရဦးမှာဆိုတာက အမြဲတမ်းသတိပေးနေသလိုပါဘဲ ဟုတ်တယ် ဂိမ်းတွေထျွှဲာ စတင်းအထွက်ကောင်းတာက အာကာသဂိမ်းကိုမှီတာ မရှီသေးပါဘူး