နှစ်ပင်လိမ်အတွက် ဆေးနည်းရခြင်း

bobokyaw(72)
Published in
#busy
Words
163
Reading
1 min
8y
Listen to this post
~1 min

@bobokyaw.jpg

ကွမ်းယာတွေ စားပါများလာတော့ သွားတွေက ကျင်လာတော့တာပေါ့ ကွမ်းလည်းမဖြတ်နိုင် သွားကျင်တာ
လည်း မခံစားနိုင်နဲ့ အတော်ကို ဂွကျလို့နေပါတယ်။ ဆေးလိပ်ပြတ်မလားလို့ လုပ်မိကာမှ ကွမ်းစွဲတာအဖတ်တင်ပြီး သွားကျင်တာ အဆစ်ရလေတော့ ကိုယ်လည်း မိမိလုပ်ရပ်အတွက် အနည်းငယ်
တော့ ဘ၀င်မကျဖြစ်မိပါတော့တယ်
ကွမ်းဖြတ်တာတွေ ဆေးလိပ်ဖြတ်တာတွေ ပြတ်တာတွေ ပြန်သောက်တာတွေ ပြန်ဝါးတာတွေက နောက်
အရေးပါ အခုလောလောဆယ်တော့ သွားတွေ ကျင်နေတာကို အရင် ဖြေရှင်းရပါဦးမယ်။ လေပြင်းပြင်းများ
တိုက်တဲ့နေ့ သွားပေါ်အောင် မရယ်ဝံ့ပါဘူး တကယ်ပါ သွားတွေကျင်နေလို့ ကွမ်းယာတော့ မစားဘူးလား
ဆိုရင် ဘယ်နေလိမ့်မည်လဲ စာသည်ပေါ့ ပေတေပြီး စားပါလေသည်။
တစ်နေ့တော့ ကွမ်းယာဆိုင်ရှေ့ ကွမ်းဝယ်ရင်း သွားတွေကျင်သည့်အကြောင်း ငြီးထွားရင်း စကားစပ်မိပါ
လောတော့သည်။ ကွမ်းရောင်းတဲ့ ဘဲကြီးက ဘာမှမပြောဘဲ ရော့ဟုဆိုကာ ပုလင်းသေးသေးတစ်လုံး ထိုး
ပေးလာပါသည်။ အဲ့ဒါယူသွား သွားတိုက်သည့်အခါတိုင်း သွားကျင်သည့်အခါတိုင်း အဲ့ဒီအမှုန်နဲ့ သွားတိုက်
ပေးလိုက်ဟု ဆိုလေသည်။
ကိုယ်လည်း သူပေးသည့် ပုလင်းလေး အိတ်ထဲထည့် ဟုတ်သော်ရှိမဟုတ်သော်ရှိ သွားကျင်တာ မခံစားနိုင်သဖြင့် အိမ်ရောက်သည့်အခါ ချက်ချင်း ထိုအမှုန့် များနှင့် သွားတိုက်ပါလေတော့သည်။ ငံကျိကျိ
ခါးသက်သက် နံတံတံ အရသာလေးနဲ့ သွားတိုက်လိုက်ရပါလေသည်။ ဘာမှတော့ ထူးမလာ သွားများက
နာမြဲနာ ကျင်မြဲကျင်လေသည်။ နောက်ရက် မနက်တွင်လည်းသွားတိုက်ဆေး နဲ့ ရောပြီး တိုက်လေသည်။
ထူးခြားမှုမရှိ အေးလေ ဆေးဆိုတာ ချက်ချင်း တော့ အစွမ်းပြချင်မှ ပြမည်ပေါ့
ဒါနဲ့ဘဲ သုံးရက်လောက်ထိုအမှုန့်လေးတွေနဲ့ သွားတိုက်ဖြစ်တယ်ပေါ့ လေးရက်မြတ်သောနေ့တွင်တော့
သွားကျင်သည့်ဝေဒနာ ပျောက်ကင်းလို့သွားတာ သတိထားမိသည်။ အရင်ကလည်း ဒီလို သူ့အလိုလို
ပျောက်သွားတက်သည်ချည့် အခုက သူ့အလိုလိုပျောက်သည်လား ထိုအမှုန့်လေးတွေကြောင့်ဘဲ
ရော၈ါ သက်သာပျောက်ကင်းသည်လား မဝေခွဲတက် ပျောက်တာတော့ ပျောက်ပါပြီ
နောက်ပိုင်း ရေခဲရေများ သောက်လို့ရလာသည် မျက်စိနဲ့တောင် မြင်ရင် သွားကျိန်းသည့် အချဉ်များ စားလို့
ရလာသည်။ထိုအချိန်အခါမှစလို့ ယနေ့ထိ သွားကျင်ဝေဒနာသည် ရောက်လို့မလာတော့ပါချေ။ နောက်မှ
သွားတွေ အခွေလိုက်ကျွတ်ထွက်မလားတော့ မပြောတက် သွားမကျဉ်သည့်နောက်ပိုင်း ကွမ်းယာများ
လည်း အလွန်စားလို့ ကောင်းပါလေသည်။ အလွန်စားဖြစ် ၀ါးဖြစ်ပါလေသည်။
ရေးရင်းနဲ့ စာကနဲနဲလေ ရှည်လာသည်ဟု စိတ်ထဲ ထင်လိုက်မိပါသည်။ သို့သည့်အတွက်ကြောင့် ထိုအမှုန့်လေးသည် အဘယ်သို့သော အမှုန့်နည်း ဆိုသည်ကို ဆက်ပြောလျှင် စာကအတော်ရှည်နိုင်သည် ။ အခွင့်အရေးရတုန်း အပိုင်းလေးခွဲပါဦးမည်။ မနက်ဖက်အမှုန့်လေးအကြောင်းဆက်လို့ ရေးမည်ဟု တွေးလိုက်ပါသည်။ ဒီနေ့တော့ ဒီမျှသာ။
bobokyaw@bobokyaw

နှစ်ပင်လိမ်အတွက် ဆေးနည်းရခြင်း | Ecency