ROR Website: https://rorsteem.com
ဒီဂမ်းက တစ်နေရာတည်း တွယ်ကပ်နေလို့ မရနိုင်ပါဘူး ခြေဦးတည့်ရာ သွားလာလှုပ်ရှားနေရမယ့် အခြေအနေပါဘဲ တစ်နေရာမှာ တစ်မျိုး ရမယ်ဆိုတော့ နေရာစုံအောင် တဖြည်းဖြည်းချင်း ရွှေုပြောင်းပြီး ရှာဖွေယူနေရပါတယ် အခုတော့ အစမ်းကာလသာဖြစ်သေးလို့ လုပ်ဆောင်တာတွေကလည်း အယောင်ယောင်အမှားမှားတွေ လုပ်နေမိတုန်းပါ အခုထိကို သေချာဂန မသိသေးဘူးရယ် ကစားလို့တော့ ကောင်းမယ့်ပုံပါ ခက်နေတာလေး တစ်ခုက ဂိမ်းက အရမ်းလေးလွန်းပါတယ် ဒိထက် ပေါ့ပါးသွက်လက်လာစေချင်တယ် အခုဆို တော်တန်ရုံ ကော်နရှင်နဲ့ ဘယ်လိုမှ ကစားလို့မရဘူး ဘရောက်ဇာအဆင်မပြေရင် ပိုဆိုးသေးတယ်
ဒီနေ့တော့ မူလ နေရာကို ပြန်ရောက်လာပါတယ် အဲ့ဒီကနေ နောက်ထပ် နေရာတစ်ခုကိုတော့ မနက်ဖန်မှ ပြောင်းပါတော့မယ် တစ်ခါပြောင်းရင် သုံးလေးနာရီလောက်လည်း ကြာတက်တော့ ကစားရတာ စောင့်နေရပြန်ရော နေရာပြောင်းနေတုန်းကို တခြားအလုပ်က လုပ်မရဘူး အဲ့ဒါက ဆိုးပါတယ် မစ်ရှင်တစ်ခုပြီးမှ နောက်တစ်ခုဆိုတော့ သိပ်ပြီး မြန်မြန်ဆန်ဆန်လုပ်လို့က မရဘူးဖြစ်နေတယ် တစ်ရက်ကို နှစ်ကြိမ်လောက်ဘဲ ကောင်းကောင်း အလုပ်ခိုင်းလို့ရတယ် တစ်ခါတလေ အလုပ်တွေ အရမ်းတဲ့နေ့ဆို တစ်ရက်တစ်ကြိမ်တောင် အလုပ်မခိုင်းရတော့ဘူး စစ်သားကလည်း နည်းနေတော့ ပိုဆိုးပါတယ်
ကစားသူနဲ့ သိသူ နည်းနေသေးတာ သတိထားမိတယ် ကစားသူများလာရင်လည်း သိပ်တော့ မလွယ်လောက်ပါဘူး တစ်ခုသတိထားမိတာကတော့ ဒီဂိမ်းကလည်း အချိန်တွေ မတရားယူဦးမယ့် အခြေအနေမှာရှိတယ် အဲ့တော့ ကိုယ်က စဉ်းစားရပါတယ် လိုက်ပါ ကစားနိုင်မည်လား မကစားနိုင်ဘူးလား လမ်းတစ်ဝက်မှ လှည့်ပြန်ရရင် လက်ဗလာနဲ့ ဖြစ်နေမယ်မဟုတ်လား သင်ခန်းစာတွေက တန်းစီနေတော့ ကစားသာ ကစားရတယ် ခပ်ကြောက်ကြောက်ရမယ် ပါ ဒါကြောင့် အခုထိတော့ စတင်းမဖြုန်းသေးဘူး ပေးတယ်ဆိုမှဘဲ စရင်းမယ်လေ အခုတော့ မူကြိုတက်နေတုန်း သေချာသိမှ အပိုင်ကစားမယ်လေ