တန်ဖိုးမရှိခဲ့အကြင်နာတွေ
ဒီနေ့ကတော့ နဲနဲကြေကွဲနေပါတယ် မိုးကောင်းကင်တစ်ခုလုံး အုံ့မှိုင်းပြီး ရွာတော့မယ်ဟန်ပြင်နေတဲ့ မိုးသားမဲမဲတွေကို
မော့ကြည့်ရင်း သက်ပြင်းမောတွေ အခါခါ မှုတ်ထုတ်လို့ ၀မ်းနည်းမှု တစ်ချို့တလေက ရင်မှာ ဖြစ်တည်လို့လာပါတော့တယ်
အတိတ်တွေက သရဲခြောက်သလို တစ်ခါတစ်ရံ စိတ်အတွေးများကို ခြောက်လှန်တက်ပါလေသည်။
မေ့လို့ထားတယ်ဆိုတာ မေ့သွားတာမဟုတ်ပါဘူး အတင်းဇွတ်မှိတ်အိပ်လိုက်ရတဲ့ ညနက်နက်တွေကို ကျော်ဖြတ်ရသလိုပါဘဲ
နောက်တစ်ကြိမ် နောက်တစ်ခါဆိုတာ မရနိုင်တော့မှန်းသိနေလည်း အတိတ်တစ်ချို့ကို ပြန်လည်တမ်းတနေမိတာက
ဘာကို သက်သေပြုချင်လဲဆိုတာ ကိုယ်တိုင်လည်း သိနေခဲ့ပါတယ် ဒါပေမယ်....... ဒီစာမျက်နှာတွေက နှောင်းခဲ့ပြီဘဲလေ.......
ဒီအချိန်အခါရောက်မှ ပြန်တမ်းတမိတာက အတိတ်တွေဆီ အလည်တစ်ခေါက်သွားလို့ရခဲ့ရင်ဆိုတဲ့ အတွေး လေးပါဘဲ.......
အိနြေရရ ခံစားရတော့မှာဘဲပေါ့.........
သီချင်းဟောင်းလေးတစ်ပုဒ် ဒီရက်ပိုင်း ကြိုက်နေမိပြန်တယ် အဟောင်းတွေက ပြန်ပြန် ကောင်းနေတက်တယ်လေ
အဟောင်းတွေ အသစ်ဖြစ်အောင်လုပ်တဲ့ တရားခံက ချယ်ရီအက်ဖ်အမ်ပေါ့ ဒီသီချင်းလေး ကြားမိပြီး မန်မိုရီတွေက
ပြန်တက်လာပြီး အတိတ်တွေ တစ်ပါတ်လည်သွားတယ် ခုပြန်နားထောင်တော့ ဟိုတုန်းက ရင်ခုန်သံတွေ
ပြန်ကြားရတယ် အတိတ်နေ့ရက်တွေက သီးချင်းနားထောင်နေတုန်းမှာ ကိုယ့်မျက်ဝန်းရှေ့ပြန်ရောက်လာကြတယ်
ကိုယ်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကိုယ်ပြန်ကြည့်နေရသလိုပါဘဲ သီချင်းနဲ့အတူ အားလုံးကို ပြန်မှတ်မိလာတယ်
ပြန်မြင်လာတယ် ပြန်ခံစားလာရတယ်
အတိတ်တွေ အမှတ်တရတွေက ပုံမှန်အတိုင်း စဉ်းစားကြည့်ရင် သတိမရတက်ပေမယ့် သီချင်းတစ်ပုဒ်ကြားလိုက်ရရင်
အဲ့ဒီသီချင်း ပေါ်တုန်းက ကြိုက်တုန်းက ကိုယ့်ရဲ့ အတိတ်တွေကို အကုန် ပြန်သတိရတယ်
ဟိုတစ်နေ့က ချယ်ရီအက်ဖ်အမ်မှာ နိုင်တီးပလပ်အစီအစဉ်လေး နားထောင်နေတုန်း ဒီသီချင်းလေးကြားလိုက်ရတယ်
ဒါနဲ့ ဖေ့ဘုတ်ပေါ်တက်ပြီး သီချင်းရှာရတယ်ပေါ့ လွယ်လွယ်ဘဲတွေ့ပါတယ် သီချင်းနာမည်က ဒုတ်ခကိုဆေးဆိုးထားတယ်တဲ့
အရင်က ဦးငှက်ကြီးဆိုတာထင်တယ် ကိုယ်ကြိုက်တာကတော့ ကိုယ်သားကြီး အသံနဲ့ ပိုကြိုက်တယ် သူဆိုတဲ့အသံက ပိုခံစားရတယ်
ပိုထိတယ်
ငါ့ထက်ချစ်တဲ့သူဆိုတာ ဒီကဘာကြီးထဲရှိနေရင် ငါ...လိုက်ပြီးလေ.....ရှာလို့သက်ပြစ်ချင်ပါတယ်
ချစ်လို့ မုန်းတက်လာပြီကွယ် အိနြေကြီးနဲ့မင်းကိုလေ..... သံယောဇဉ်....... ဖြတ်လိုက်ပြီးလို့ ငါမငိုချင်
နင်မွေးဖွားကြီးပြင်းခဲ့ပြီး ပျော်ရွှင်စရာတွေ ၀န်ရိုးစွန်းတစ်ဖက်ကို ငါလွှင်ပြစ်ခဲ့တဲ့နောက်ပိုင်း
ဘယ်သူမဆို နင်ကြင်နာနိုင်သည်.........
ရက်စက်ခဲ့တဲ့နင်ဟာလေ......... အရာရာသိမ်းပိုက်သွားပြီလေ..... စဉ်းစားတော့......... တန်ဖိုးမရှိခဲ့တဲ့ အကြင်နာတွေ
ငါလွှင့်ပြစ်ခဲ့တဲ့နောက်ပိုင်း ဘယ်သူမဆို ကြင်နာနိုင်ပါပြီ
နှလုံးသားကို အပြီးတိုင် သုတ်သင်လိုက်တော့လေ...........
သီချင်းကို အကြိမ်ကြိမ်အခါခါ နားထောင်နေမိပါတယ် လက်ရှိအချိန်တွေကိုတောင် မေ့လို့သွားတဲ့အထိပါဘဲ။
Author : @bobokyaw