စတင်းမွန်းစတားအကြောင်းကိုတော့ ရပ်နားပြီး အခြားဂိမ်းတွေဘက်ကို ခြေဦးလှည့်ဖြစ်ခဲ့ပါတယ် ဒီဂိမ်းလေးကတော့ အာကြီးဂိမ်းဖြစ်ပါတယ် အာကြီးဂိမ်းဟာဆိုရင်ဖြင့် သိပ်မကြာခင်မှာ စတင်ပြေးလွှားတော့မယ်လို့ဆိုထားပါတယ် ဘယ်နေ့လဲဆိုတာကိုတော့ အတိအကျမသိနိုင်ကြပါဘူး ဒါကြောင့်လည်း တစ်ချို့က ဒီဂိမ်းဟာ အလိမ်အညာဖြစ်တယ်လို့ ထင်မြင်နေကြပါတယ် ဟုတ်တော့လည်းဟုတ်ပါတယ် ဒီဂိမ်းက အခုချိန်ထိ အကျိုးအမြတ် မရှာဖွေနိုင်သေးပါဘူး ကစားနေသူတွေကလည်း မျှော်လင့်ချက်တစ်ခုအရင်းတည်ပြီးကစားနေခြင်းသာဖြစ်ပါတယ် သို့ပေမယ့် သူ့ရဲ့ အပြောတွေကတော့ အမှန်တကယ် စတင်တော့မယ်လို့ ဆိုနေတုန်းပါဘဲ ဘာဖြစ်ဖြစ် ဒီဂိမ်းလေးကို ကစားထားတာတော့ မမှားလောက်ဘူးလို့ ယူဆမိပါတယ်
လက်ရှိအချိန်ထိတော့ စစ်သားခြောက်ကောင် ပိုင်ဆိုင်ထားပါတယ် မကစားဘဲ ပြစ်ထားမိတာ လေးလလောက်ရှိနေခဲ့ပါပြီ ကိုယ်လည်း အခြားဦးစားပေးရမယ့် ဂိမ်းတွေက ရှိနေခဲ့တော့ သူ့ကို သတိတရ မကစားဖြစ်ခဲ့တော့ပါဘူး ဒါပေမယ့် သိပ်မကြာခင် အသက်ဝင်လာတော့မယ်ဆိုတဲ့ သတင်းအနံ့ရတာကြောင့် ဒီနေ့မှာတော့ ၀င်ကြည့်ဖြစ်ပါတယ် စစ်သားတွေက သက်တမ်းကုန်လို့ သေကုန်ကြပါပြီ ဒါကြောင့် စစ်သားတွေကို သက်တမ်းတိုးပေးခြင်းအလုပ်ကို ဦးစွာလုပ်ရပါတယ် မကစားတာကြာတော့လည်း ဘယ်က စပြီး ကစားရမယ်တောင် မသိသလိုဖြစ်နေပါတယ် ဒါကြောင့် အခြားနေရာတွေ မလွှတ်သေးဘဲ မြို့နဲ့အနီးဆုံး အလုပ်တစ်ခုကိုခိုင်းထားလိုက်ပါတယ် နောက်ရက်တွေမှ ဂိမ်းကိုသေချာပြန်လေ့လာရပါဦးမယ်
အာကြီးဂိမ်းက အခုမြင်ရသလောက် နှစ်ပိုင်းကွဲနေတာပါ အရင်စထွက်ထွက်ချင်းက ဒီဘက်အပိုင်းပေါ့ နောက်မကြာခင်ဘဲ အေပီပီ နဲ့ကစားရတဲ့ ဂိမ်းပေါက်စလေးတွေဘက် လှည့်သွားတာတွေ့ရတယ် လူအများစိတ်ဝင်စားစေနိုင်တာကလည်း ဂိမ်းသေေးသေးလေးတွေပါဘဲ ကစားသူလည်း များပါတယ် စာရင်းသွင်းသူပေါင်း player 5000 ကျော်ရှိတယ်လို့ဆိုပါတယ် နည်းတဲ့ အင်အားတော့မဟုတ်ပါဘူး ထူးခြားတာက ဒီဂိမ်းတွေကို Gmail နဲ့ ချိတ်ဆက်ကစားစေခြင်းပါဘဲ ဒါကြောင့် အလွယ်တကူကစားလို့ရသလို စတီးမစ်ပြင်ပကလူတွေလည်း ကစားလို့ ရစေနိုင်ပါတယ် ဒါကြောင့် လူစိတ်ဝင်စားမှု များပြားလာနိုင်တဲ့ အခြေအနေမှာရှိလို့နေပါတယ် အဓိကကျတဲ့ အကျိုးအမြတ် ခွဲဝေပေးခြင်းအပိုင်း မစတင်သေးခြင်းကတော့ အတားအဆီးတစ်ခုဖြစ်နေတုန်းပါ