ROR Game မှာတော့ တဖြည်းဖြည်းနဲ့ နယ်မြေလှည့်လည်ပြီး ရတာတွေယူနေပါတယ် အခုတော့ မိုင်းတွင်းနားမှာဘဲ အချိန်ကုန်လို့နေပါတယ် ဒီထက် ကောင်းမွန်အောင် ကစားချင်ပေမယ့် ဂိမ်းက လေးနေတုန်းပါဘဲ ဒီထက်ပိုပြီးသွက်လက်လာရင်တော့ ကစားလို့ ပိုကောင်းပါလိမ့်မယ့် နောက်တစ်ခုက အချိန်တွေ ပေးရတာ နည်းနည်းများနေပါသေးတယ် အချိန်လေး လျှော့ပေးရင်လည်း ပိုကောင်းပါတယ် မိုင်းတွင်းမှာကလည်း တစ်ကြိမ်းကို လေးနာရီလောက် ကြာအောင် တူးမှ ရတာပါ ဒါဆို တစ်ရက် သုံးကြိမ်လောက်ဘဲ အဆင်ပြေပါတယ် အချိန်တွေေ ကျာ်သွားတာ မေ့သွားတာဖြစ်ပြန်ရင် လည်း တစ်ရက်ကို တစ်ကြိမ်လောက်ဘဲ တူးနိုင်ပါတယ် ဒီထက် ခပ်စိပ်စိပ်လေး တူနိုင်လေ ကောင်းလေပါဘဲ အခြား အရာတွေလည်း ဒီလိုပါဘဲ အချိန်တွေ ပေးရတော့ ကစားရတာ နှေးပါတယ်
စစ်သားအင်အားကလည်း နည်းတော့ အလုပ်က သိပ်မတွင်ပါဘူး စစ်သားများများနဲ့ မြန်မြန်လေး တူးနိုင်ရင်တော့ ဒီထက် ပိုပြီးေ၇ှ့ရောက်မှာပါ နောက်တစ်ခုကတော့ အရင်းအနှီးပေါ့ ဖရီးကစားနေတာထက် လိုအပ်တာတွေကို စတင်းသုံးပြီး ရိုက်တင်နိုင်ရင်တော့ အကောင်းဆုံးပါဘဲ ကစားရတာပိုပြီး အားရှိလာမှာ အသေအချာပါဘဲ အခုလေ့လာကြည့်သောလက်က စတင်းတော့ သုံးလို့ရပြီး ဂိမ်းထဲကနေ စတင်းပြန်ထုတ်ယူဖို့ မမြင်သေးပါဘူး ဒါကတော့ အားနည်းချက်ပေါ့ နောက်ပိုင်းတော့ ထုတ်လို့ရမယ်ပြောတယ် ဟုတ်မဟုတ်က စောင့်ကြည့်ရဦးမယ်လေ
သူတို့ကလည်း ငွေရင်းကစားဖို့ တိုက်တွန်းကြပါတယ် ကိုယ်ကလည်း အဲ့သလို ကစားချင်ပါတယ် ကြိုတင်ရင်းထား နောက်ကျတော့ ပေးမယ်ဆိုတာမျိုးကို သဘောမကျပါဘူး အခုရင်း အခုကုန် အခုရ အခုထုတ် ယူ အဆင်ပြေတယ် မကြန့်ကြာဘူး အထစ်အငေါ့မရှိဘူး အမှားအယွင်းမရှီဘူး အဲ့သလိုမျိုး လိုချင်တာပါ စတင်းက အခုရင်းအခုရတယ် ကိုယ်ပြန်ထုတ်ယူဖို့ကျတော့ ဟိုဟာစောင့်ရ ဒီဟာစောင့်ရ ဘယ်အချိန်မှ ဘယ်အခါမှ ဘာပြီးမှ ညာပြီးမှတွေ ခေါင်းစဉ် တပ်နေရင်တော့ အဆင်မပြေဘူးလေ အာကာသဂိမ်းတစ်ခုတည်းနဲ့တင် လက်လန်သွားပြီ လက်တွန့်သွားပြီး ထပ်မမှားချင်တော့ဘူး
မကြာခင်မှာတော့ စတင်းဖြုန်းသူတွေ ၀င်ေ၇ာက်လာဖွယ်ရှိနေပါတယ် ဂိမ်းက ပေါက်မှာ သေချာသလောက်ပါဘဲ ကစားထားတာတော့ မမှားဘူးပေါ့