ကလန် ဂိမ်း

bobokyaw(72)
Published in
#busy
Words
131
Reading
1 min
Listen
Play
8y

@bobokyaw.jpg

ကလန် ဂိမ်း

ကလန်ဂိမ်းကတော့ စီအိုစီရဲ့ ခုနောက်ပိုင်းမှာ ထည့်သွင်းလာတဲ့ Events ဖြစ်ပါတယ် ကစားသူတွေ စိတ်ဝင်စားတဲ့ ချန်နယ်ပါ
ဘာလို့စိတ်ဝင်စားလဲဆိုတော့ အဲ့ဒီကလန်ဂိမ်းကို ကစားတဲ့အခါ အမှတ်ပြည့်ရခဲ့မယ်ဆိုရင်တော့ အလီဇာတွေ ဂိုးတွေနဲ့ ဘေ့စ်ကိုအမြန်အပ်နိုင်အောင်
အခွင့်အလမ်းများစွာကို ထည့်သွင်းပေးထားလို့ပါဘဲ ဒါပေမယ့် ဒီကစားနည်းမှာလည်း သတ်မှတ်ချက်တွေရှိနေပါသေးတယ်
သူသတ်မှတ်တဲ့ အရေအတွက်ကို ရောက်အောင် ပြည့်အောင် ကစားနိုင်မှ Rewards တွေကို ဖွင့်ပေးပါတယ်
လူညီတဲ့ ကလန်တွေအတွက်ကတော့ ပူပင်စရာမရှိဘဲ သူပေးတဲ့ Rewards တွေကို အပြည့်ရရှိနိုင်ပါတယ်
လူမညီရင်တော့ ရတာနည်းမှာပါဘဲ ပြီးတော့သူက တစ်ပါတ်မှာ တစ်ခါသာလျှင် ထိုအခွင့်အရေးကရပါတယ်
ကလန်ဂိမ်း ရှိတဲ့နေ့တွေဆိုရင်တော့ ကစားသူတွေ စုံစုံညီညီတွေ့ရပါတော့တယ် အားလုံးက ကလန်ဂိမ်းမှ ရမည့် အခွင့်အရေးတွေကို လိုချင်ကြတယ်လေ

ဒီတစ်ပါတ်တော့ အခြေအနေက သိပ်မကောင်းပါဘူး ကစားသူတွေလည်း မရှိသလောက်ဖြစ်နေတယ် သတ်မှတ်ထားတဲ့ အမှတ်မပြည့်မှာထက်ကို
ဆိုးဝါးစွာနဲ့ တိုက်မည့်သူ မရှိတဲ့အခြေအနေပါ။ ဘယ်လိုဖြစ်ကြတယ်မသိပါဘူး သူတို့လည်း အလုပ်မအားကြလေသည်လားမသိ
တစ်ယောက်ကို အမှတ်လေးထောင်ပြည့်အောင် ကစားသူ ဆယ့်သုံးယောက်အနည်းဆုံးတိုက်ပါမှ အခွင့်အရေးက အပြည့်ရမှာပါ
ကလန်ဂိမ်းကလည်း ပြီးဖို့ နှစ်ရက်သာလိုပါတော့တယ် လွန်ခဲ့တဲ့ ငါးရက်လုံးတိုက်ထားတာတောင် အမှတ်က တစ်သောင်းနှစ်ထောင်တည်းရှိပါသေးတယ်
အားလုံး စုစုပေါင်းလိုအပ်တဲ့အမှတ်က ငါးသောင်းပါ။ ကျန်တဲ့နှစ်ရက်တည်းနဲ့တော့ အမှတ်ငါးသောင်းမပြည့်နိုင်တော့ပါဘူး။
အခါတိုင်းဆိုလျှင် ခုလိုငါးရက်လောက်ကြာရင်ကိုဘဲ အမှတ်က ပြည့်နေပြီ။ သူ့တာဝန်သူ ပြီးအောင် လုပ်နိုင်ကြပါသည်။

ကစားသူ လူဟောင်းတွေကလည်း အနားယူကုန်ကြပြီဆိုတော့ ခုနောက်ပိုင်း ၀င်လာသူ လူသစ်တွေကလည်း သိပ်မရင်းနှီးသေးတော့
ပြောရဆိုရတာကလည်း တော်တော်နှင့်လိုရင်းမရောက်နိုင်။ ခုနောက်ပိုင်း ကစားသူတွေကလည်း အရင်ကလို တက်ကြွစွာနဲ့ စိတ်ပါဝင်စားမှုက
အလွန်နည်းပါးလှသည်။ အမှန်တကယ် ကစားသူက သုံးလေးယောက်သာ ရှိသည်။ ဒီတစ်ပါတ်တော့ ဒီအတိုင်းဘဲ လက်လွှတ်လိုက်ရတော့မည်ထင်ပါသည်။
ကိုယ်တစ်ယောက်တည်းနဲ့လည်း အမှတ် ငါးသောင်း ဘယ်လို့မှပြည့်အောင် မဖြည့်တင်းနိုင်ပါ။ စုပေါင်းကစားရသည် ဖြစ်သည့်အတွက်
သူတို့မှမပါလျှင် မကစားလျှင်တော့ သေချာပါပြီ ဒိလောက်နဲ့ဘဲ ကျေနပ်ရတော့မည်။ နောက်တစ်ပါတ်မှ အမှတ်ပြည့်ရအောင် လုပ်ရပေတော့မည်။

Author : bobokyaw@bobokyaw

ကလန် ဂိမ်း | Ecency