ဈေးမကောင်းလဲလုပ်ရမယ်

Words
150
Reading
1 min
Listen
Play
7y


https://nextcolony.io

စတင်းဈေးကတော့ အားရစရာ မကောင်းပါဘူး တဖြည်းဖြည်း နည်းလာလိုက်တာများ အနည်းဆုံး အခြေအနေနဲ့တောင်ကြုံလာရပါပြီ ဘာလိုလိုနဲ့ စတီးမစ်ပေါ် ရောက်နေတာ နှစ်ပါတ်လည် နှစ်ခါပြည့်တော့မယ်ဆိုတော့ အရည်လည်း ထူနေပါပြီ ဈေးအတက်မှာ ရောက်လာခဲ့မိတော့ ဈေးကျတာကြီးက တကယ့်ကို အိပ်မက်ဆိုးပါဘဲ ဒီအိပ်မက်ဆိုးက လွတ်မြောက်ဖို့ကို မျှော်ရတာက စိတ်ပင်ပန်းလွန်းလှပါတယ် တကယ်ဆို ဟိုတုန်းက အခြေအနေနဲ့ အခုအခြေအနေက အများကြီးကွာခဲ့ပြီဘဲ ဟိုတုန်းက အချိန်ကို ပြန်လိုချင်တယ်ဆိုတာက စတင်းဈေးလေးကိုဘဲ ကွက်ပြီး မြင်နေမိတာပါ ကိုယ်တွေရဲ့ ဟိုတုန်းက အခြေအနေက နောက်တစ်ခါပြန်မသွားချင်ငစရာ အခြေအနေပါဘဲ ဘာလို့များ လွမ်းနေရဦးမည်လဲ

ဟုတ်ပါတယ် ဟိုတုန်းက အခြေအနေကို ပြန်မသွားချင်တော့ဘူး အဲ့ဒီတုန်းက အခြေအနေအတိုင်း အခုမှ စလို့ စတီးမစ်အလုပ်တွေ လုပ်ပါဆိုရင် အတင်းငြင်းရတော့မယ် မလုပ်နိုင်တော့ဘူး မလုပ်ချင်တော့ဘူး အဲ့သလောက် အပင်ပန်းမခံနိုင်တော့ဘူး အခုအေခြအနေကမှ တကယ့်ကို မဟာ အခွင့်အရေးတွေ ပွင့်လန်းလာတဲ့ အခြေအနေပါ ဒီအခြေအနေကို ကောင်းကောင်း အသုံးချရမှာဖြစ်ပါတယ် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိပေမယ့် လုပ်ရင်တော့ ထူးထူးခြားခြားတွေ ဖြစ်လာစရာအခြေအနေပါဘဲ အခြေအနေကတော့ တော်တော်လေးကိုေ ကာင်းနေပြီလို့ပြောရတော့မယ် ဘယ်လိုလုပ်မှာလဲ ဘာလုပ်မှာလဲ ဆိုတာကိုဘဲ စဥ်းစားနေရတယ် လုပ်စရာတွေကတော့ အများသားလား

စတင်းဈေးများတက်ခဲ့၇င်တော့ အခုခြေအနေနဲ့ သိပ်တော့ ထူးမယ်မထင်ပါဘူး လက်ထဲရှိတာလေး ဈေးရမယ် ဒီလောက်ပါဘဲ နောက်ထပ် အသစ်အသစ် ရစရာကတော့ ဖရီးဆိုရင် သိပ်တော့ မလွယ်တော့ဘူး ဈေးတက်လာတဲ့အခါ ဘယ်သူမှ လွယ်လွယ်ပေးမယ်မထင်တော့ဘူး အခုဈေးလေး ကျနေတော့ တော်တန်ရုံဆိုလည်း ပေးသူကပေးနေတာပါဘဲ စိတ်ထဲကတော့ ဈေးတက်စေချင်တယ် တကယ်တမ်းဈေးမတက်တာက သာလို့တောင် ကောင်းနေသေးတယ်ထင်တာဘဲ ဈေးမတက်တော့ စတင်းရတာတွေ များမှများ အခုလောက် စတင်းလွယ်လွယ်ရတာ မကြုံခဲ့ဖူးပါဘူး အခုဆို ဟိုတုန်းကလောက်တောင် အားမစိုက်ဖြစ်တော့ဘူး ဒါပေမယ့် စတင်းတွေ ဟိုတုန်းကထက် ပိုရတယ် လွယ်လွယ်ရနေတယ် ဒီအချိန်လေးဘဲ ကောင်းပါတယ်

ဂိမ်းတွေကတော့ စတင်းအထွက် ကောင်းလွန်းလှပါတယ် စာရေးတာကေတော့ ပုံမှန်လေး ရတာပေါ့လေ တခြားလုပ်နိုင်တာလေးတွေ လုပ်ပြန်ရင်လည်း ရနေကြတာပါဘဲ ဘာမှမလုပ်ရင်တော့ ဘာမှမရပါဘူး စိတ်ညစ်စရာလည်း မလိုတော့ဘူးပေါ့ အခုတော့ နည်းနည်းရချင်သေးလို့ နည်းနည်းလောက် စိတ်ညစ်ခံလိုက်ဦးမယ် ဂိမ်းကစားရတာ လွယ်တယ်ထင်တာ တကယ်က တယ်မလွယ်တဲ့အလုပ်ပါဘဲ စိတ်ညစ်စရာအလွန်ကောင်းပါတယ်

bobokyaw@bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=87
ဈေးမကောင်းလဲလုပ်ရမယ် | Ecency