holybread ဂိမ်းအလှည့်

Words
99
Reading
1 min
Listen
Play
7y



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/holybread-%e1%80%82%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%bd%e1%80%8a%e1%80%b9%e1%82%94

https://holybread.io/

ဒီနေ့အတွက်ကတော့ holybread ဂိမ်းလေးကို အလှည့်ပေးဖြစ်ပါတယ် ဒီဂိမ်းကတော့ အနည်းငယ် ထူးဆန်းတယ်ဆိုနိုင်ပါတယ် ဟီးရိုးတွေရဲ့ ရုပ်ထွက်က စတွေ့တွေ့ချင်းတော့ မျက်စေ့ သိပ်မယဉ်ပါဘူး ကြည့်ရတာ တစ်မျိုးကြီးပေါ့ ကိုယ်တွေက အာရှမျက်လုံးနဲ့ ကြည့်ခဲ့မိလို့ဖြစ်တယ်ဆိုတာ နောက်မှ သဘောပေါက်တယ် ဒီဂိမ်းကတော့ စပိန်အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ဂိမ်းကောင်းတစ်ခုပါဘဲ အားနည်းချက်ကတော့ လူစိတ်ဝင်စားမှုများသလောက် ဈေးကွက်နေရာမယူနိုင်ခဲ့တာပါဘဲ အဲဒါကြောင့်အခုဆိုရင် ကစားသူ စိတ်ဝင်စားသူ အင်မတန်နည်းသွားတာတွေ့ရပါမယ်


https://holybread.io/

ဒီဂိမ်းက စတင်းမွန်းစတားကို အတုယူထားတယ်ဆိုနိုင်တယ် ကဒ်ဂိမ်းဖြစ်ပေမယ့် သူ့ရဲ့စနစ်က ဘုံစနစ်ဖြစ်တာရယ် ထိန်းချုပ်မှုပါနေတာရယ်ကြောင့် လူတွေအကျိုးအမြတ်ထုတ်ယူဖို့ ခက်ခဲစေပါတယ် နောက်ပြီးတော့ ကဒ်တွေကို ဈေးကွက်မှာ တန်ဖိုးတက်ပြီး လူစိတ်ဝင်စားမှုများအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး နောက်လည်း လုပ်ဆောင်လာနိုင်ဖွယ်မမြင်ရပါဘူး သို့အတွက် ဒီဂိမ်းမှာတော့ ရင်းနှီးမြှုပ်နှံမှု တစ်စုံတစ်ရာ မထည့်ဝင်တော့ဘူး ဆုံးဖြတ်ပါတယ် အချိန်အားရင်တော့ ၀င်ကစားပြီး ရသလောက် ထုပ်ယူဖြစ်တယ်ပေါ့


https://holybread.io/

ဒီဂိမ်းရဲ့ အားသာချက်တွေကိုတော့ ပြောရရင် သူက အချိန်သိပ်မပေးရဘူး မကစားလို့လည်း ဘာမှမဖြစ်ဘူး ရပ်ထားလို့လည်း ရတယ် ကိုယ်ကြိုးစားရင်တော့ အခွင့်အရေးအနည်းငယ် ပိုရနိင်တယ် ကစားအားကောင်းရင် ကောင်းသလောက် ရမယ့်သဘောပေါ့ အပေးတော့ နည်းပါတယ် လက်ထဲမှာ အိုင်တန်တွေ ဟီးရိုးတွေ ပိုက်ဘောမိစေနိုင်ပါတယ် ရင်းနှီးကစားချင်သူအတွက်တော့ အခွင့်အရေးနည်းမှာဖြစ်ပါတယ် အမြတ်ရဖို့ သိပ်မလွယ်ပါဘူး ဖရီးကစားရင်တော့ ကစားသင့်ပါတယ်

bobokyaw@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/holybread-%e1%80%82%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%bd%e1%80%8a%e1%80%b9%e1%82%94
holybread ဂိမ်းအလှည့် | Ecency