ဒီနေ့မှာတော့ ပိုးထည်တွေ ရအောင် ကြိုးစားကြည့်မှာဖြစ်ပါတယ် လိုအပ်တာတွေကတော့ များပါတယ် တစ်ခုနည်းနည်းချင်းစီ စစုနေပါတယ် နောက်ပိုင်းမှာတော့ ဒီထက်များများရှာနိုင်အောင် လုပ်ရမယ်ထင်တယ် အခုအခြေအနေကတော့ ဂိမ်းရဲ့ သဘောတရားကို နားလည်ဖို့ အရင်လုပ်ကြည့်နေတဲ့သဘောပါဘဲ နေရာတစ်ခုကနေ တစ်ခုကို ရွှေ့ပြောင်းပြီး သွားလာ ကစားရတာကလည်း တစ်မျိုးတော့ စိတ်ဝင်စားစရာကောင်းပါတယ် ကုန်သွယ်ရေး စစ်ကတော့ အခုမဖြစ်သေးပါဘူး ကုန်သည်တွေကလည်း သိပ်မချမ်းသာကြသေးဘူးလေ ကုန်သည်တွေ ချမ်းသာသူများလာရင်တော့ ရှာယူတာထက် တိုက်ယူတာ လုယူတာတွေ ပိုပြီး လုပ်ဆောင်လာရဖွယ်ရှိပါတယ်
လက်ရှိအခြေအနေ အရတော့ သင်ယူခြင်းနဲ့ လေ့လာခြင်း ကုန်သွယ်မှုပညာ မစုံသေးတော့ နယ်မြေစုံအောင် လျှောက်သွားကြည့်နေရပါတယ် တဖြည်းဖြည်းနဲ့ ကိုယ်လည်း ကုန်သည် အကြိးစားကြီး ဖြစ်လာနိုင်တယ်လို့ ထင်မြင်မိပါတယ် ကုန်သွယ်ရေးစစ်ဖြစ်တဲ့အခါမှာတော့ ငွေကြေးဓနအင်အားနဲ့ စစ်သား အင်အားက အရေးကြီးလာဖွယ်ရှိပါတယ် ကြေးစားစစ်သားတွေ ဘာတွေတော့ လေ့လာကြည့်ရပါဦးမယ် ကိုယ်မတိုက်ချင်လည်း စစ်သားတွေ ဌားလို့ရတယ် ဒါမှမဟုတ် ဌားသုံးလို့ရတယ် ဆိုတဲ့သဘောဖြစ်မှာပါ
ကိုးရီးယား နန်းတွင်းဇာတ်ကားတွေလို ပိုချည်ကုန်သည်တွေ လမ်းခရီးမှာ တိုက်ခိုက်တာတွေ လုယူခံရတာတွေ အဲ့သလို ဇာတ်လမ်းဖြစ်မယ်ထင်တာပါဘဲ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်
စတင်းတွေ သုံးဖို့တော့ လိုပါသေးတယ် ရှေ့ကဂိမ်းတွေမှာလည်း သုံးထားတော့ အားယူရဦးမယ် ဂိမ်းတစ်ခုကစားရင် မင်းဟာ ထိပ်တန်းကစားသမားပါ လို့ တစ်ယောက်ယောက်က ပြောလာရင် အလွန်ကျေနပ်ရပါတယ် အဲ့ဒီလို ကစားလို့လည်း အကျိုးအမြတ်က ထင်သလောက် မရတာဖြစ်နေသလိုဘဲ သေချာလေးတော့ ကစားကြည့်ချင်ပါသေးတယ် အင်အားကောင်းကောင်းနဲ့ ကစားရင်တော့ ဒီဂိမ်းက ရွှေတွင်းဖြစ်လာမလားလို့ပါ