နေမြေသစ်သို့

bobokyaw(72)
Published in
#life
Words
110
Reading
1 min
Listen
Play
8y

@bobokyaw.jpg

ယခုနောက်ပိုင်း စတီးမစ်ကို သိပ်မလုပ်နိုင်တော့ဘူးဖြစ်နေတယ်
ဘာမှမရလို့တော့မဟုတ်ပါဘူး ရတာတော့ ရပါတယ်
ရတယ် မရဘူးဆိုတာထက် စိတ်ကျေနပ်နှစ်သိမ့်မှုလေး မရှိတော့
သိပ်မပျော်မရွှင် ဖြစ်လာရတယ်လေ။ ဒီတော့ လုပ်ရတာ လေးတိလေးကန်ဖြစ်လာတယ်
ပြီးတော့ လုပ်နေကျ လုပ်ရိုးလုပ်စဉ်ဆိုတော့ ငြီးငွေ့လာသလိုဖြစ်နေတယ်လေ
ဒါကြောင့် ဒီဘက်နယ်မြေထဲမှာ သိပ်မနေဖြစ်တော့ဘူး အမှန်တော့ အသစ်လေးတွေ လိုက်ရှာနေမိတာ
ဒီလိုနဲ့ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကျူးကျော်ဆိုလား ဘာဆိုလားဘဲ နယ်မြေတစ်ခုတွေ့တယ်ပေါ့
တစ်ချို့ကတော့ ပြောတယ် ဒီနယ်မြေက စိတ်မချရဘူး မြေထိုးစက်နဲ့ ထိုးသွားလိမ့်မယ်
ဆောက်လက်စလေးတွေ ဖျက်ခံထိလိမ့်မယ်တဲ့
ကိုယ်လည်း တွေးပါတယ် ဖျက်ကာမှဖျက်ရော ဒီနယ်မြေသစ်လေးမှာတော့ အကွင်းအကွက်ကောင်း တစ်ကွက်လောက်
ပိုင်ဆိုင်ခွင့်ရချင်မိတယ်လေ။
ကိုယ်နေထိုင်ရာ နယ်မြေက အခုထိ စည်ပင်ဝပြောမှုမရှိလေတော့ အားငယ်မိတာပေါ့
အခုနယ်မြေအသစ်လေးက အခုမှ အစဆိုတော့ သူ့ထက်ငါ နေရာယူနေကြတော့ ကိုယ်လည်း နေရာလေးတစ်ခုတော့
ယူထားသင့်တယ်လို့ထင်တယ်လေ
နယ်မြေသစ်လေးကတော့ မဆိုးဘူးပြောရမယ်။ တဲထိုးတဲ့သူ ခြံခက်တဲ့သူ ပြောင်းရွေ့လာသူ အကွက်တွေများများ ၀ယ်ထားသူ
ဦးထားသူနဲ့ တစ်စ တစ်စ စည်ကားလို့လာနေပြီ။
ဒီဘက်နယ်မြေက ဂုရုကြီးတွေလည်း အဲ့ဘက်မှာ တွေ့နေရတော့ အခြေအနေကတော့ အကောင်းဆုံးမဟုတ် တောင်
အလားအလာရှိတဲ့ သဘောသုံးသပ်မိတယ်
အခုတော့ သူဦးသူယူ ကိုယ်ဦးကိုယ်ယူဘဲ လွတ်လွတ်လပ်လပ် ဘယ်သူမှ လာမတား မနှောက်ယှက်သေး
နောက်အခြေကျကာ မြေထိုးစက်နဲ့ အထိုးခံထိလဲ အရင်းပေါ့ဗျာ။
အကောင်းဆုံး အခြေအနေနဲ့ အဆင်ပြေသွားတော့လည်း။ နေထိုင်စရာ စားကျက်တစ်ခု တိုးတာပေါ့ ဟုတ်တယ်နော်

အခုတော့ ညနေစောင်းပြီ ဟိုဘက်နယ်မြေလေးပြေးပြီး မြေညှိတာလေး ချုံရှင်းတာလေး သွားလိုက်ပါဦးမယ်
ညမှ အဲ့ဘက်နယ်မြေ အခြေအနေလေး ရေးပါဦးမယ်
Author : bobokyaw@bobokyaw

နေမြေသစ်သို့ | Ecency